FEC တွေကို လက်ဝယ်ရှိနေသူတွေ အနေနဲ့ သတ်မှတ်ကာလအတွင်း လာရောက်လဲလှယ်ကြဖို့
မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ အသိပေး ကြေညာတာကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေနဲ့ ဗဟိုဘဏ် ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေက ဖော်ပြထားပါတယ်။
မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ အသိပေး ကြေညာတာကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေနဲ့ ဗဟိုဘဏ် ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေက ဖော်ပြထားပါတယ်။
နိုင်ငံခြားငွေလက်မှတ် (Foreign Exchange Certificate-FEC) လက်ဝယ်ရှိသူများနှင့် ပိုင်ဆိုင်သူများ သတ်မှတ်ကာလအတွင်း အပ်နှံ/လဲလှယ်ကြရန် ထပ်မံအသိပေးကြေညာခြင်း
၁။ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ တိုးတက်ပြောင်းလဲဖြစ်ပေါ်လျက် ရှိပြီး၊ နိုင်ငံခြားငွေဈေးကွက် စနစ်တကျတိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်လျက်ရှိသည့် အစီအမံ များ အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၃ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့မှစတင် ကာ နိုင်ငံခြားငွေ လက်မှတ်များ (Foreign Exchange Certificate-FEC) များကို စနစ်တကျ ပြန်လည်ရွေးနုတ်လျက် ရှိပါသည်။
၂။ နိုင်ငံခြားငွေလက်မှတ်များ ပြန်လည်ရွေးနုတ်ယူသည့် အစီအစဉ်ကို ၂၁-၃-၂၀၁၃ရက်နေ့ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြေငြာချက်အမှတ် (၁/၂၀၁၃)ထုတ်ပြန်ပြီး အများပြည်သူသို့ ရုပ်/သံနှင့် ပုံနှိပ်မီဒီယာများ မှတဆင့် အသိပေးကြေငြာခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website တွင် ဖော်ပြကြေငြာခြင်း၊ ၃၁-၃-၂၀၁၃ ရက်နေ့တွင်နိုင်ငံခြားငွေလက်မှတ် ပြန်လည်ရွေးနုတ်ယူခြင်း ဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်သည့် ဘဏ်၊ ဘဏ်ခွဲများ ငွေလဲကောင်တာများ စုစုပေါင်း(၃၈၅)နေရာ၏ စာရင်းနှင့် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို ဖော်ပြပါမီဒီယာများနှင့်Website တွင် ဖော်ပြ
ကြေငြာခြင်း စသည့်လုပ်ငန်းစဉ်များဖြင့် နိုင်ငံခြားငွေလက်မှတ် လက်ဝယ်ထားရှိသူနှင့် ပိုင်ဆိုင်သူများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် အသေးစိတ်စီစဉ် အကောင်အထည်ဖော်ခဲ့ပါသည်။
၃။ နိုင်ငံခြားငွေလက်မှတ် ပြန်လည်ရွေးနုတ်ယူခြင်းကို ကနဦးသတ်မှတ် ကာလဖြစ်သည့် ၁-၄-၂၀၁၃ ရက်နေ့မှ ၃၀-၆-၂၀၁၃ ရက်နေ့အထိ ကာလအတွင်း သက်ဆိုင်ရာ ဘဏ်၊ ဘဏ်ခွဲ၊ ငွေလဲကောင်တာများ တွင်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကနဦးသတ်မှတ်ကာလ မကုန်ဆုံးမှီ လာရောက်ဆောင်ရွက်ပါရန်နှင့် ကနဦးသတ်မှတ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အပ်နှံ/ လဲလှယ်ခြင်း မဆောင်ရွက်နိုင်သူများ သည် ကနဦး သတ်မှတ်ကာလအတွင်း မဆောင်ရွက်နိုင်ခြင်းအတွက် ခိုင်လုံသောအကြောင်းပြ ချက်
ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသည့် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များတွင် (၁-၇-၂၀၁၃) ရက်နေ့မှ (၃၁-၃-၂၀၁၄) ရက်နေ့ အထိ နိုင်ငံခြားငွေလက်မှတ်များ အပ်နှံ/လဲလှယ်ရန်ဖြစ်ကြောင်း ထပ်မံအသိပေး ကြေညာအပ်ပါသည်။