Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မနီလာသိန်းတို့ ထောင်ထဲမှာရေးတဲ့စာ

$
0
0

နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်းဖြစ်၊ အထင်ကရ ၈၈ မျိုးဆက်တွေ ဖြစ်တဲ့ ကိုဂျင်မီ၊ မနီလာသိန်းတို့ ရဲ့ ကဗျာ စာအုပ် ထွက်လာပါပြီ။ 

မနီလာသိန်း
စာအုပ်ကို နှလုံးသွေးဂီတချစ်သူနဲ့ကျွန်မကဗျာစုများ လို့ အမည်ပေးထားပါတယ်။

၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း သရက်ထောင်မှာ အကျဉ်းကျနေစဉ် အပြန်အလှန်ပေးပို့တဲ့စာတွေထဲက ကဗျာတွေကို စုစည်းပြီးထုတ်ဝေတဲ့စာအုပ်ပါ။

“အစ်မက ကိုဂျင်မီကိုပေးတဲ့စာတွေထဲမှာပါတဲ့ ကဗျာတွေနဲ့ ကိုဂျင်မီကနေ အစ်မဆီကိုရေးတဲ့စာတွေထဲက ကဗျာတွေကိုစုပေါင်းပြီး ဒီကဗျာစာအုပ်ကို ထုတ်တာပါ။
ခံစားမှု အစုံ ပါ ပါတယ်…” လို့ မနီလာသိန်းက ပြောပါတယ်။

“အစ်မ ထောင်အတွင်းမှာ အစာငတ်ခံဆန္ဒပြတဲ့အချိန်မှာ ဖြစ်ပေါ်တဲ့ခံစားမှုတွေကိုရေးတဲ့ ကဗျာတွေလည်း ပါတယ်၊
ထောင်ထဲမှာဖတ်ရတဲ့ စာအုပ်တွေအပေါ်မှာရတဲ့ sense ကိုလည်း ရေးဖြစ်တဲ့ကဗျာတွေလည်း ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

စာအုပ်ကို ကျပ် ၃,၀၀၀ နဲ့ ရောင်းချသွားမယ်၊ မနက်ဖြန်  ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့မှာရှိတဲ့ ရန်ကင်းစင်တာမှာ စာအုပ်မိတ်ဆက်ပွဲလုပ်မယ်၊ အချိန်က ညနေ ၄း၃၀ ကနေ ၆း၀၀ အထိ ဖြစ်တယ်လို့ သိရပါတယ်။




.


Viewing all articles
Browse latest Browse all 5236

Trending Articles