Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရန်ကုန်မြို့ပေါ်က ရှားပါးပစ္စည်း

$
0
0

 အခုတလော ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံထဲမှာ ကြော်ငြာဓာတ်ပုံရိုက်နေတာကို မကြာခဏ ဆိုသလို တွေ့မြင်နေရပါတယ်။

မြို့တော်ခန်းမနောက်ခံ မြင်ကွင်းကို သဘောကျနေကြတာကြောင့် ကြော်ငြာသမားတွေ ဒီနေရာကို ရွေးချယ်ကြတာ ဖြစ်ပါလိမ့်မယ်။

အသစ်ပြန်ပြီး ပြင်ဆင်ထားတဲ့ အတွက် ပြန်ပြီး စိမ်းစိမ်းစိုစိုဖြစ်လာတဲ့ပန်းခြံထဲမှာ လျှောက်လမ်းတွေလည်း တော်တော်လေး ကောင်းမွန်လာပါပြီ။
ဒီနေရာက ပွင့်လင်းမြင်သာတဲ့အတွက် တခြားပန်းခြံတွေလို အတွဲတွေ ခိုအောင်းတာမျိုး သိပ်မရှိပါဘူး။
စုံတွဲတွေထက် မိသားစုတွေ၊ ကျောင်းသူကျောင်းသားတွေ၊ နိုင်ငံခြားသား ဧည်သည်တွေကို ပိုပြီး အတွေ့များမှာပါ။
ညနေပိုင်း ဆိုရင် ရုံးဆင်းသူတွေ ကားစောင့်ရင်း အနားယူကြတဲ့နေရာလည်း ဖြစ်လာပါတယ်။

ပန်းချီဆရာတချို့ ပန်းခြံထဲက မြင်ရတဲ့ အဆောက်အအုံတွေရဲ့ ပုံကို ပန်းချီလာဆွဲတာကိုလည်း တခါတရံ တွေ့ရတက်ပါတယ်။

အနီးဝန်းကျင် လေးငါးမြို့နယ်ပေါင်းလိုက်ရင် ပန်းခြံဆိုလို့ ဒီနေရာ တခုပဲ ရှိပါတယ်။

လွတ်လပ်ရေးကျောက်တိုင်ကြီးလည်းရှိတာကြောင့် ဒီပန်းခြံကြီးရဲ့ အနာဂတ်အတွက် မစိုးရိမ်ရဘူးလို့ ယူဆပါတယ်။
ဒီခေတ်မှာ ပန်းခြံတို့ ကစားကွင်းတို့ ဆိုတာ ဌာနဆိုင်ရာလူကြီးမင်းများနဲ့ မိတ်ဆွေများရဲ့ လက်ချက်ကြောင့် အဆောက်အအုံကြီးတွေ ဖြစ်သွားတတ်လို့ပါ။
လူတွေအတွက် အဆောက်အအုံတွေ လိုအပ်သလို ပန်းခြံတွေလည်း လိုအပ်တယ် ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြဖို့၊ ပန်းခြံတွေ ပျောက်ကွယ်မသွားအောင် ဆောင်ရွက်လိုစိတ် ရှိကြဖို့ အထူး လိုအပ်နေပါတယ်။

ကိုယ့်မြို့၊ ကိုယ့်ပတ်ဝန်းကျင်မှာ ပန်းခြံတွေ၊ ကစားကွင်းတွေ ရှိဖို့၊ ရှိပြီးသား ဆိုရင်လည်း ပျောက်ပျက်မသွားဖို့ လှုံ့ဆော်တာ၊ ဆောင်ရွက်တာ မတွေ့ရသလောက်ပါပဲ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်လိုတယ်ဆိုရင်တော့ ကိုယ့်ဒေသရဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အကူအညီကလည်း အထောက်အကူ ကောင်းကောင်း ဖြစ်မှာပါ။
လွှတ်တော်ကိုယ်စားလှယ် ဆိုတာတွေက ကိုယ့်ဒေသအတွက် ဟိုဟာလုပ်ပေးမယ် ဒီဟာလုပ်ပေးမယ် ဆိုပြီး စကားခံထားသူတွေမဟုတ်လား။ ပြောမထားဘူးဆိုရင်တောင်မှ သူတို့မှာ တာဝန်ရှိနေပြီးသားပါ။

လွှတ်တော်ကိုယ်စားလှယ်တွေက အလိုက်တသိ မကူညီခင် လိုအပ်တာကတော့ ... ကိုယ့်ဒေသ စိမ်းလန်းစိုပြေရေး၊ ကလေး လူကြိးများအတွက် ပန်းခြံတွေ၊ ကစားကွင်းတွေ ဖြစ်ထွန်းရေး အရေးကြီးပုံကို ကာယကံရှင်ဒေသခံတွေက အရင်ဆုံး သဘောပေါက်ဖို့ပဲလို့ ယူဆပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles