Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

CJ ဦးရဲထွဋ်

$
0
0
သမ္မတရဲ့ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်က နေပြည်တော်-ရန်ကုန် အဝေးပြေးလမ်းမ ယာဉ်ရပ်နားစခန်းတခုကို လွန်ခဲ့တဲ့ နာရီဝက်ခန့်က ရောက်သွားပုံကို Facebook မှာ အခုလေးတင် တင်လိုက်ပါတယ်။ တင်ထားတဲ့ပုံက တားမြစ်ဧရိယာအတွင်း မော်တော်ယာဉ်တချို့ ရပ်နားထားပုံပါပဲ။ ကားနံပါတ်တွေကတော့ သိပ်မသဲကွဲပါ။ ဒီလို စည်းကမ်းမဲ့တာတွေဟာ ရှက်စရာပါပဲ တဲ့။

သူ့မှာ ဒီထက်ကောင်းတဲ့ဓာတ်ပုံ ရှိနိုင်ပါတယ်။
ယာဉ်ထိန်းရဲဌာနကို ဒီအချက်အလက်ရောက်ကောင်း ရောက်နေရောပေါ့။

သို့သော်လည်း တခြားတဘက်က ဆင်ခြင်ကြည့်တော့ ယာဉ်မရပ်ရ ဆိုတဲ့နေရာမှာ ရပ်ရဲရပ်ဝံ့သူတွေဟာ
သူတို့မှာလည်း အာဏာပါဝါဘာညာရှိလို့မဖြစ်နိုင်ဘူးလား ပေါ့လေ။

ဒီကားက ဖိုးလပြည့်တို့လို လက်သံပြောင်တဲ့သူငယ်တွေရဲ့ကားလည်း ဖြစ်နိုင်တာပါပဲ။

ဖြစ်နိုင်တာ မဖြစ်နိုင်တာကတော့ အရေးမကြီးပါဘူး။

အခုလို  ဦးရဲထွဋ်ရဲ့ လုပ်ရပ်ကြောင့် စည်းကမ်းလိုက်နာရကောင်းမှန်း ပိုမို သိလာကြဖွယ် ရှိတယ်လို့ ဆိုချင်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles