Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ နဲ့ လိုင်ဇာနားက မြေမြှုပ်မိုင်း

$
0
0
 
မြို့ပေါင်းများစွာကို ဖြတ်ကျော်ခဲ့သော ငြိမ်းချမ်းရေးလမ်းလျှောက်သူများ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ယနေ့ နေ့ခင်းပိုင်းတွင်  ရောက်မည်ဟု ဆိုသဖြင့် လိုင်ဇာမြို့သူမြို့သားများက လှိုက်လှိုက်လှဲလှဲကြိုဆိုရန် ပြင်ဆင်ထားကြသည်။


  ငြိမ်းချမ်းရေးလမ်းလျှောက်သူများ အတွက်ဧည့်ကတ်ပြား (ဓာတ်ပုံ - လဖိုင်)
၁၁ နာရီမှ ည ၈ နာရီထိ စောင့်သော်လည်း အစိုးရတပ်က ခွင့်မပြုသဖြင့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ လိုင်ဇာသို့ ၀င်ရောက်နိုင်ခြင်းမရှိပါ။

ဗန်းမော် - လိုင်ဇာ လမ်းမတွင် အစိုးရတပ်များက တပ်ခြံကာပြီး မိုင်းထောင်ထားသဖြင့် ဖြတ်သန်းသွားလာပါက မိုင်းထိမည့် အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ 

မကြာသေးခင်က ကိုနေမျိုးဇင်တို့ ထိုနေရာမှ အပြန်တွင် တလမ်းတည်းရှိသော တံတားအောက်မှ လမ်းတွင်လည်း ခြံကာ မိုင်းထောင် ထားသဖြင့် သွားလာရန်မှာ အခက်အခဲရှိနေသည်။


လိုင်ဇာမြို့ ကားဝင်းအတွင်း ကြိုဆိုရန်  ပြင်ဆင်နေစဉ် (ဓာတ်ပုံ - လဖိုင်)
  ကြိုဆိုရေးမဏ္ဍပ် (ဓာတ်ပုံ - လဖိုင်)

  လ၀ါယန် ကျေးရွာသို့ သွားရောက်စောင့်ဆိုင်းနေသည့်
လိုင်ဇာမြို့မှ ပြည်သူများ - လ၀ါယန် ကျေးရွာသည် ကေအိုင်အို ထိန်းချုပ်သည့်
နောက်ဆုံးနေရာဖြစ်သည် - သွားရောက်စောင့်ကြိုသူများ နှင့်
မလှမ်းမကမ်းတောင်တွင် အစိုးရတပ်များ နေရာယူထားသည်။  (ဓာတ်ပုံ - လဖိုင်)

  လ၀ါယန် ကျေးရွာသို့ သွားရောက်စောင့်ဆိုင်းနေသည့် လိုင်ဇာမြို့မှ ပြည်သူများ ( ဓာတ်ပုံ Um Gam )
ငြိမ်းချမ်းရေးလမ်းလျှေက်သူများကို စောင့်ဆိုင်းနေသည့် ABSDF တပ်ဖွဲ့ဝင်များ
 

Viewing all articles
Browse latest Browse all 5236

Trending Articles