Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မစုစုနွေး မြန်မာပြည် ပြန်ရောက်၊ ကြိုဆိုသူများပြား

$
0
0
လူ့အခွင့်အရေး တက်ကြွလှုပ်ရှား ဆောင်ရွက်သူ၊ တောင်သူလယ်သမား သမဂ္ဂဖွဲ့စည်းရေးတာဝန်ခံ မစုစုနွေး ဟာ မေလ ၃၁ ရက်နေ့ ညနေ ၆ နာရီက ရန်ကုန်ကို ချောမောစွာ ပြန်လည်ရောက်လာချိန်မှာတော့ ကြိုဆိုသူတွေများစွာ ရှိခဲ့ပါတယ်။ 


မစုစုနွေးဟာ ပြင်သစ်နိုင်ငံ၊ နမ့်စ်မြို့တွင်ကျင်းပခဲ့တဲ့ ၅ ကြိမ်မြောက် ကမ္ဘာ့ လူ့အခွင့်အရေးဖိုရမ်သို့ တက်ရောက်ခဲ့ရာကနေ ဒီကနေ့ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာတာဖြစ်ပါတယ်။ 

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်း လေဆိပ်က တဆင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာချိန်မှာ အင်အား ၃၀၀ လောက် ရှိတဲ့ တောင်သူလယ်သမား သမဂ္ဂ၀င်တွေ၊ နိုင်ငံရေး အင်အားစုတွေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ 

 မစုစုနွေးကို လာရောက်ကြိုဆိုကြသူ လယ်သမား သမဂ္ဂအဖွဲ့ဝင်များနဲ့ နိုင်ငံရေး အင်အားစုများ 





အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236