Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပုံနှိပ်ထုတ်ဝေဥပဒေကြမ်းကို မီဒီယာသမားတွေ လက်မခံ

$
0
0
မတ်လ ၇ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး မှာ ပြန်ကြားရေး ဝန်ကြီးဌာန 
ပြည်ထောင်စု ဝန်ကြီးဦးအောင်ကြည်က ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို မထိခိုက်ဘူးလို့  ကာကွယ်ပြောဆိုခဲ့ပေမယ့်  သတင်းစာနယ်ဇင်းသမားတွေက မီဒီယာ လုပ်ငန်းအတွင်း အစိုးရက ဝင်ရောက် ခွဲခြားခြယ်လှယ်တာကို လက်မခံနိုင်ကြောင်း ပြောနေကြပါပြီ။ 

 ပုံနှိပ်ထုတ်ဝေခြင်း လိုင်စင်ကို ထိန်းချုပ်ထားခြင်းဖြင့် သတင်းစာ၏ ပေါ်လစီကို ဩဇာလွှမ်းနိုင်မည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ပြန်ကြားရေးဝန်ကြီးဋ္ဌာန ၀န်ကြီးဦးအောင်ကြည်က ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းဟာ နိုင်ငံတကာ စံနှုန်းနဲ့ညီပြီး သတင်းစာ လွတ်လပ်ခွင့်ကို လုံးဝ အဟန့်အတား မဖြစ်စေဘဲ “စာပေ အဆိပ်အတောက်” ပတ်ဝန်းကျင်ကို ဖယ်ရှားသန့်ရှင်းရန်သာ လွှတ်တော်သို့ တင်သွင်းရတာ ဖြစ်တယ်လို့ သတင်းနဲ့ စာနယ်ဇင်းသမားတွေရဲ့ ဆန့်ကျင်ဝေဖန် ကန့်ကွက်မှုတွေ အပေါ် ခုခံ ပြောဆိုနေကြပါတယ်။ 

”ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်ပြထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းဟာ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသား ထုတ်ဝေခွင့်တို့ကို ဟန့်တား နှောင့်ယှက်ခြင်း လုံးဝမရှိစေဘဲ ပုံနှိပ်သူ၊ ထုတ်ဝေသူများ၊ စာနယ်ဇင်း သမားများ အားလုံးအတွက် လုံခြုံစိတ်ချရမှုနဲ့ လုပ်ငန်းလွယ်ကူ အဆင်ပြေစေမှုတို့ကို အဓိကထားပြီး အနာဂတ်ကာလ စာပေအဆိပ် အတောက် ကင်းစင်စွာ ရှင်သန် ဖွံ့ဖြိုးရေး မျှော်မှန်း ချက်ဖြင့် ရေးသားထားသော ဥပဒေကြမ်းဖြစ်ပါတယ်”လို့ ၀န်ကြီး ဦးအောင်ကြည်က လွှတ်တော်သို့ အခိုင်အမာ ပြောဆိုခဲ့တာပါ။ 

ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း ပင်မ စာမျက်နှာမှာ  ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော် ရေးသားတင်ပြထားတဲ့ ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်းအပေါ် ဝန်ကြီး ကာကွယ် ပြောဆိုချက် မီဒီယာသမားများ လက်မခံ ဆိုတဲ့ သတင်းမှာ အပြည့်အစုံဖတ်နိုင်ပါပြီ

Viewing all articles
Browse latest Browse all 5236

Trending Articles