Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

AEC အတွက် အရှိန်ယူနေတဲ့ မွန်ဒေသကုန်သည်ကြီးများ

$
0
0




ဒေသတွင်း မကြာမီစတင်တော့မည့် အာစီယံစီးပွားရေးအသိုက်အ၀န်း (AEC) မတိုင်မီ ထိုင်းနိုင်ငံနှင့်ကုန်သွယ်ရာတွင်
မြန်မာဘက်မှ ဆုံးရှုံးမှု မရှိစေရန် လုပ်ငန်းစဉ်များ စတင်အကောင်အထည်ဖော်လျက်ရှိသည်ဟု
မွန်ပြည်နယ်စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းက မကြာသေးခင် ရက်ပိုင်းအတွင်းက ပြောလိုက်သည်။ 

အသင်း၏အထွေထွေအတွင်းရေးမှူးဦးထင်အောင်ကျော်က "အဲဒီအချိန်ကျရင် ကျွန်တော်တို့ဘက်က နစ်နာမှုမရှိရအောင် စီးပွားရေးပညာရှင်တွေကို ဖိတ်ကြားပြီး အလုပ်ရုံဆွေးနွေးပွဲတွေနဲ့အခြား ဆက်စပ်လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပါတယ်။
ဒါကထိုင်းနဲ့ကုန်သွယ်ရမှာနစ်နာမှုမရှိရ အောင်ပညာရှင်တွေဆီက အကြံဥာဏ်တွေရယူတာဖြစ်တယ်" ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။ 

ပြည်နယ်ကုန်သည်ကြီးများအသင်းသည် မြ၀တီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောမှတဆင့် ထိုင်းဘက်သို့ သစ်တောထွက်ကုန်၊
လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့်စက်မှုချည်ထည်များကို အဓိက တင်ပို့လျက်ရှိသည်။ 

အသင်း၏ ဒုဥက္ကဌကဦးတင်အေးက "လာမယ့်နှစ်ဧပြီလကုန်မှာ မြ၀တီ-ကော့ကရိတ်တောင်ပတ်ကားလမ်းကို အပြီး ဆောက်လုပ်မှာဖြစ်တဲ့အတွက် အဲဒီအချိန်ကျရင် လမ်းခရီးကကောင်းလာပြီး ကုန်သွယ်မှုက အပြန်အလှန် မြှင့်တက်လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က ပြင်ဆင်မှုတွေလုပ်ရတာဖြစ်တယ်" ဟု ဖြည့်စွက်ပြောကြားသည်။ 

ထိုင်းနိုင်ငံသည် မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောမှတဆင့် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းများနှင့်ဆောက်လုပ်ရေးပစ္စည်းများ လယ်ယာသုံးစက်ပစ္စည်းများ လစဉ် ဘတ်ငွေ သန်း ၄,ဝဝဝ ဖိုးခန့် တင်ပို့လျက်ရှိသည်။ 

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်က ကုန်သွယ်မှု အနည်းငယ် အသာရရှိနေခြင်းမှာ ထိုင်းဘက်သို့ တင်ပို့နေသည့် သဘာဝဓာတ်ငွေ့များကြောင့်ဖြစ်သည်ဟု မြန်မာကုန်သည်များက ပြောသည်။ 

AEC အတွက် မြန်မာဘက်ခြမ်းမှ ပြင်ဆင်မှု နှေးကွေးလွန်သည်ဟု ယူဆသူလည်း ရှိနေသည်။

ပြည်နယ်ကုန်သည်ကြီးများအသင်း အသင်းဝင်တဦးက "AEC က လာတော့မယ်။ မြန်မာဘက်လုပ်နေတဲ့ ပြင်ဆင်မှုတွေက လုံးဝ အားရစရာ မရှိသေးဘူး။
 ထိုင်းဘက်ကတော့ ကြိုတင်ပြင်ဆင်ထားတာ အကြီးအကျယ်ပဲ။ သူတို့ကို အမီ မလိုက်နိုင်ရင် မြန်မာကုန်သည်တွေ နောက်ကောက်ကျန်ခဲ့ဖို့ရှိတယ်။ 
၂၀၁၅ မှာက ကုန်သွယ်မှု အခွန်ကင်းလွတ်ပေးကြရတော့မှာ" ဟု ဆိုသည်။ 

 လာမည့် AEC ကာလ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာကုန်သည်များ နောက်ကောက်မကျစေရန်  ပညာရှင်များနှင့်ညှိနှိုင်း လုပ်ကိုင်သွားမည်ဟု ပြည်နယ်ကုန်သည်ကြီးများအသင်းက ပြောသည်။ 
 

 
 ဧရာဝတီ Facebook/ဧရာဝတီ Twitter
 




Viewing all articles
Browse latest Browse all 5236

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရွှေအမြုတေစာပေဆု ဘယ်သူတွေရမလဲခန်မှန်းပြီး စာအုပ်လက်ဆောင်တွေ ယူလိုရတဲ့ အစီအစဉ်


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


၁၉၈၈ ခုနှစ်အရေးအခင်း (အပိုင်း - ၂)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)