Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မုန်တိုင်းရှောင် ဒုက္ခသည်တို့ စခန်းအသီးသီးသို့ ပြန်ကြပြီ

$
0
0

မဟာစင်မုန်တိုင်းအန္တရာယ်မှကင်းလွတ်ရန် ရှောင်တိမ်းခဲ့သော ဘင်္ဂါလီဒုက္ခသည်များ စစ်တွေမြို့အနီးရှိ စခန်းအသီးသီးသို့ ပြန်လည်ဝင်ရောက်နေသည်ကို ယနေ့တွေ့မြင်ရကြောင်း ဧရာဝတီသတင်းထောက်
ထက်နိုင်ဇော်က အောက်ပါအတိုင်း သတင်းပေးပို့လာသည်။

(ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)

ဒုက္ခသည်စခန်းများဆီသို့ ပြောင်းရွှေ့ခြင်းကို စစ်တပ်နှင့် ကုလသမဂ္ဂက စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ပြောင်းရွှေ့နေကြခြင်း ဖြစ်ပြီး မုန်တိုင်းဘေးလွတ်သွားသဖြင့် အချင်းချင်းအော်ဟစ်နှုတ်ဆက်နေကြသည်။

ဒါးပင်စခန်း

ဒါးပင်ဒုက္ခသည်စခန်းသို့ ပြန်လည်ရောက်ရှိလာသူများထဲတွင် ကိုကျော်ကျော်တို့ မိသားစုလည်း ပါဝင်သည်။

မိသားစု ၆ ယောက်သည် ၆ ပေပတ်လည်ခန့် ရှိသော မြေစိုက်တဲလေးထဲတွင်  ငရုတ်သီးထောင်းကို အားပြု၍ ထမင်းစားရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။

''အခုတော့ စားဖို့ ထမင်းပဲ ရှိတယ်'' ဟု ကိုကျော်ကျော်က ဆိုသည်။

သက္ကယ်ပြင်စခန်း


သက္ကယ်ပြင်ဒုက္ခသည်စခန်း တာဝန်ခံက ဒုက္ခသည်တစ်ဦးလျှင် ဆန်နို့ဆီဗူး ၂ ဗူး နေ့စဉ် ခွဲတမ်းရကြောင်း ရှင်းပြသည်။
သက္ကယ်ပြင် တွဲဖက်အလယ်တန်းကျောင်းတွင် ဒုက္ခသည်  ၄,၅၀၀ ခန့် ခိုလှုံနေသည်။

''အစိုးရက မဖယ်ခိုင်းရင် ဒီကျောင်းမှာပဲ နေကြရလိမ့်မယ်။ ကျနော်တို့မှာ ဘာအစီအစဉ်မှ မရှိဘူး။ အစိုးရခိုင်းတာ လုပ်ရမှာ'' ဟု စခန်းတာဝန်ခံကဆိုသည်။


 ရေသန့် ရရှိရေး၊  အိမ်သာဆောက်လုပ်ရေးတို့အတွက် Save the Children အဖွဲ့က ကွင်းဆင်းကြည့်ရှုနေသည်ကို သက္ကယ်ပြင် ဒုက္ခသည်စခန်း၌ တွေ့ရသည်။

ဘုန်းကြီးကျောင်းများ

ရခိုင်ဒုက္ခသည်တို့မှာလည်း ဘင်္ဂလားဒေ့ရှ်သို့ မုန်တိုင်းဝင်ရောက်သွားသည်ကို ကြားသိသည်နှင့် တပြိုင်နက် စစ်တွေမြို့ ဘုန်းကြီးကျောင်းများဆီသို့ ပြန်လည်ပြောင်းရွှေ့သွားကြသည်။

ကုလသမဂ္ဂပေါင်းစပ်ညှိနှိုင်းမှု ကွပ်ကဲရေးရုံးမှ ပြန်ကြားရေးအရာရှိဂျိန်းစ်မန်က   စစ်တွေမြို့ ရခိုင်ပြည်မြောက်ပိုင်းရှိ ဒုက္ခသည်များအားလုံး မူလ ခိုလှုံရာ စခန်းများဆီသို့ အသီးသီးထွက်ခွာလျက်ရှိကြောင်း ဧရာဝတီသို့ ယနေ့ ပြောပြသည်။

''မောင်တောမှာလည်း ပြန်ရွှေ့ကုန်ကြပြီ။ အဲနေရာလည်း မုန်တိုင်းဒဏ် မဆိုသလောက်လေးပဲ ထိတာ'' ဟု သူက ဆိုသည်။ 










 









 

 
 ဧရာဝတီ Facebook/ဧရာဝတီ Twitter
 




Viewing all articles
Browse latest Browse all 5236

Trending Articles