Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးသိန်းစိန် အမေရိကန် ခရီးစဉ် အကြို နိုင်/ကျဉ်း တချို့ လွတ်မြောက်မယ်

$
0
0
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်အကြိုမှာ မြန်မာနိုင်ငံ အနှံ အကျဉ်းထောင်တွေက နိုင်ငံရေး အကျဉ်းသား ၂၃ ဦးကို ယနေ့ နံနက်ပိုင်း က စတင်ပြီး လွှတ်ပေးနေပါတယ်။ 



ဒါဟာ အမေရိကန် သမ္မတနဲ့ တွေ့ဆုံဖို့ ရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသား တချို့ကို လွှတ်ငြိမ်းချမ်းသာ 
ပေးတာ ဖြစ်မယ်လို့ သုံးသပ်လို့ ရပါတယ်။ 

 နိုင်ငံအ၀ှမ်း အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသား ၂၃ ဦးလွတ်မြောက်မယ်လို့လည်း ၈၈ မျိုး ဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်က ဆိုပါတယ်။ 

"
ယနေ့ (မေလ၊ ၁၇ ရက်)တွင် လွတ်မြောက်မည့်သူ အရေအတွက်မှာပုသိမ် မှ ၁ ဦးမအူပင် မှ ၁ ဦးတောင်ကြီး မှ ၁ ဦးသာယာဝတီ မှ ၅ ဦးလားရှိုး မှ ၁ ဦးအင်းစိန် မှ ၇ ဦးတောင်ငူ မှ ၂ ဦးမန္တလေးမှ ၁ ဦးဖြစ်သည်ဟု သိရပြီး ယခုချိန်အထိ မည်သည့်နိုင်ငံရေးအကျဉ်းသားမျှ 
ထောင် မှ ထွက်လာခြင်း မရှိသေးပါ။(နံနက် ၁၁း၄၄ နာရီ)" လို့ ကိုအံ့ဘွယ်ကျော်က သူ့ရဲ့ ဖ့စ်ဘုတ် မှာ ရေးထားပါတယ်။

တောင်ငူ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား စောဂျက်တက်နှင့် ဆန့်ညွှန့်တို့ ဒီမနက်က လွတ်
မြောက် လာပြီး အင်းစိန်အကျဉ်းထောင်၊ မန္တလေး အိုးဖိုထောင်၊ သာယာဝတီ အကျဉ်းထောင် စတဲ့ အကျဉ်းထောင်တွေ ရှေ့မှာလည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက လွတ်မြောက်လာ မယ့် နိုင်ငံရေးအကျဉ်းသားတွေကို သွားရောက် ကြိုဆိုနေကြတယ်လို့လည်း သိရပါတယ်။ 

အခုထိ လွတ်မြောက်လာသူတွေထဲမှာ နောက်ဆုံး ဖမ်းဆီးထောင်ချခံထားရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင် ကတော့ အခု လွတ်မြောက်မှုမှာ ပါဝင်လာဖို့ မရှိနိုင်ဘူးလို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေက ဆိုနေကြ ပါတယ်။

ဦးနေမျိုးဇင်ဟာ   ထောင်ဒဏ် ၃ လ ချမှတ်ခံရပြီး
ပြည်ထဲရေး ၀န်ကြီး ဌာန အမိန့်နဲ့ ထောင်ကြွေးကျန် နောက်ထပ် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရပြီး ယခုအခါ မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများနဲ့ AAPP တို့အဆိုအရ အကျဉ်းထောင်တွေထဲမှာ လက်ကျန်  နိုင်ငံရေး အကျဉ်းသား ခန့်မှန်းခြေ ၂၀၀ နီးပါး ရှိနိုင်တယ်လို့ သိရပါတယ်။


အိမ့်သံစဉ် ~


Viewing all articles
Browse latest Browse all 5236

Trending Articles