Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မောင်တော စာသင်ကျောင်းတခု ဖောက်ထွင်းခံရ

$
0
0
 

ရခိုင်ပြည်၊ မောင်တောမြို့၊ တမန်းသားရွာ တွဲဘက် အထကကျောင်း ကျောင်းအုပ်ကြီးရုံးခန်းကို ဖောက်ထွင်းခံလိုက်ရကြောင်း  ထိုကျောင်းမှ   ကျောင်းဆရာတဦးကပြောသည်။


မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ မောင်တော (ဓာတ်ပုံ - ဂူဂဲလ်)


“စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆိုတော့ ဘယ်နေ့မှာ ဖောက်သွားတယ် ဆိုတာတော့ မသိဘူး။ ကျောင်းဖွင့်တဲ့နေ့မှပဲ သိတာ။ ကျောင်းရဲ့ မှတ်တမ်း၊ စာရွက်စာတမ်းတွေ ပါသွားတယ်” ဟု ထိုကျောင်းဆရာက ဆိုသည်။

မောင်တောမြို့ မြောက်ပိုင်း မိုင် ၄၀ ခန့်အကွာရှိ တမန်းသားရွာရှိ တွဲဘက်ကျောင်းတွင် တမန်းသား အပါအ၀င်   မင်္ဂလာညွန့်၊ သက်ကယ်ပြင်၊ အရှေ့ရွာ၊ အနောက်ရွာ၊ ရေနောက်ငါးသား၊ ဒိုင်းနားရွာ၊ သတ်ရွာနှင့် ဘင်္ဂလီကျေးရွာ ၂၀ ကျော်မှ ကျောင်းသူ ကျောင်းသား တသောင်းကျော် တက်ရောက်သင်ကြားနေပြီး ကျောင်း ဆရာ/ ဆရာမ ၂၆ ဦး ရှိသည်။

ကျောင်းအုပ်ကြီး ရုံးခန်း ဖောက်ထွင်းခံရမှုကို နီးစပ် အမှတ်-၂ နစက နယ်မြေ စခန်းနှင့် အုပ်ချုပ်ရေးမှူးတို့ကို တိုင်ကြားထားသည်ဟု  တမန်းသားရွာ ဆယ်အိမ်ခေါင်းတဦးက ပြောသည်။

“ဖောက်ခိုးခံရတယ်လို့ သိသိချင်း နယ်မြေကို တိုင်ပါတယ်။ အုပ်ချုပ်ရေးမှူးကိုလည်း တိုင်းတယ်။ ခုထိတော့ ဘာမှ မထူးသေးဘူး” ဟု ဆယ်အိမ်ခေါင်းကပြောသည်။ာ

ငြိမ်းချမ်း ~


Viewing all articles
Browse latest Browse all 5236

Trending Articles