Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရင်သားကင်ဆာ နဲ့ အင်ဂျလီနာဂျိုလီ

$
0
0


အသက် ၃၇ အရွယ် နာမည်ကျော် ဟောလိဝုဒ်မင်းသမီး၊ လူမှုရေးစံပြစေတနာရှင် အင်ဂျီလီနာဂျိုလီက သူ့အရွယ် သူ့လက်ရှိအခြေအနေနဲ့ ယှဉ်လိုက်ရင် အလွန်ကြီးမားတဲ့ စွန့်လွှတ်စွန့်စားမှုတခု (၂ ခု) ပြုလုပ်ခဲ့ပါတယ်။

ရင်သားကင်ဆာ ဖြစ်ဖို့ ၈၇ ရာခိုင်နှုန်း အလားအလာရှိနေတဲ့အတွက် သူမရဲ့ ရင်သား ၁စုံ (၂ ခုစလုံး) ကို ခွဲစိတ်ပြီး ဖယ်ရှားလိုက်ခြင်း ဖြစ်ပါတယ်။

 BRCA1 လို့ခေါ်တဲ့ Gene ဗီဇမျိုးတခုဟာ မျိုးရိုးလိုက်ပြီးတော့ ရင်သားနဲ့ သားအိမ်ကင်ဆာဖြစ်ပွားစေပါတယ်။

သူ့မိခင်ကိုယ်တိုင်က သားအိမ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့တာမို့ ဂျိုလီကိုယ်တိုင်က အဲသည်ကင်ဆာဖြစ်နိုင်တဲ့ ဗီဇမျိုးရဲ့ ကင်ဆာဖြစ်ပွားစေမှုကို ကာကွယ်နိုင်ဖို့ အဲသည်လို ဆုံးဖြတ်လိုက်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

၂၀၁၃ ဖေဖော်ဝါရီက စတင်ပြီး ဆေးကုသမှု၊ ခွဲစိတ်မှုအတွက် အဆင့်ဆင့် လုပ်ဆောင်ခဲ့ရာမှာ ဧပြီ ၂၇ မှာ အပြီးသတ်ခဲ့တယ် ဆိုပါတယ်။

ယခုကျန်းမာရေးကောင်းမွန်လာပြီမို့ အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှု ပညာပေးရန်နှင့် အသိပညာဖြန့်ချိနိုင်ဖို့ သူမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို အများပြည်သူ သိရှိဖို့ ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်တယ်လို့ မင်းသမီးကိုယ်တိုင်က ထုတ်ပြောပါတယ်။

အဲသည်ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ချက်တိုင်းမှာ ယောကျာ်းဖြစ်သူ ဟောလီးဝုဒ်မင်းသား ဘရက်ပစ်က အတူတကွ ရပ်တည်တယ်၊ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

ထင်ရှားသူ မင်းသမီးချော အိန်ဂျီလီနာဂျိုလီဟာ ၂၁ ရာစုနောက်ပိုင်းမှာ နိုင်ငံတကာကို လှည့်လည်ပြီး ဒုက္ခသည်များ၊ ကလေးသူငယ်များ ကယ်တင်စောင့်ရှောက်သူအဖြစ် ထင်ရှားတဲ့ လူမှုရေးစံပြတဦး ဖြစ်လာပါတယ်။ 
သူတို့ လင်မယားမှာ ကလေး ၆ ဦး ရှိပါတယ်။
၎ ဦးကို မွေးစားတာဖြစ်ပြီး၊ ၂ ဦးကတော့ အမွှာသွေးရင်း ဖြစ်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား