Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သီချင်းသံကျယ်ကျယ် ရန်ပွဲငယ်ငယ်

$
0
0

ထိုင်းနိုင်ငံ နခွန်ရချစီမာခရိုင် ပါချောင်မြို့တွင် မြန်မာနှင့် ဒေသခံအလုပ်သမားများ တနင်္ဂနွေနေ့က ခိုက်ရန်ဖြစ်ပွားသဖြင့် မြန်မာတဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

(ဓာတ်ပုံများ - http://www.khaosod.co.th )

စီနိုးထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ မြန်မာအလုပ်သမားများ အရက် သောက်စား၊ သီချင်းဖွင့် ပျော်ပါးနေစဉ် စကားပြန် ရှမ်းတိုင်းရင်းသားတဦးနှင့် အချင်းများရာမှ ရန်ပွဲ အစပြုခဲ့သည်ဟု သိရကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးမှ အလုပ်သမားအရေး ဆောင်ရွက်နေသည့် ဦးကျော်ကျော်လွင်က ဧရာဝတီသို့ ပြောသည်။

"ရှမ်းတိုင်းရင်းသားက နည်းနည်း အာဏာရှိတာကိုး၊ သူက စကားပြန်ဆိုတော့။ သူက လျှပ်စစ်မီးလိုင်းကို ဖျက်လိုက်မယ် ဆိုပြီးတော့ ပြောတာ။
 အဲဒီကနေ စကားများကြတာ။
စကားလည်းများရော အဲဒီ ရှမ်းတိုင်းရင်းသားက တယောက်တည်းဖြစ်နေတော့ ထိုင်းအလုပ်သမားတွေကို သွားခေါ်လာပြီးတော့ ရိုက်ကြတာ”
ဟု ဦးကျော်ကျော်လွင်က ဧရာဝတီသို့ ပြောသည်။

ရိုက်ပွဲအပြီး ကိုသိန်းထိုက်အောင် ဆိုသူ၏ ဦးခေါင်းနှင့် နောက်ကျောတို့တွင် ဒဏ်ရာ အနည်းငယ် ရရှိသွားသဖြင့် ဆေးကုသမှုခံယူရန် တပတ်ကြာ အနားယူခိုင်းထားကြောင်း၊ ရိုက်နှက်မှု  ကျူးလွန်ထားသူတို့ကို  ထိုင်း ဥပဒေအတိုင်း ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဦးကျော်ကျော်လွင်က ဆက်ပြောသည်။


လုပ်ငန်းခွင် အခြေအနေ နှင့် အလုပ်သမားတို့အကြောင်းကိုလည်း သူက ရှင်းပြသည်။

"ကိုယ်လူတွေကလည်း ဆိုးတယ်၊ သီချင်း အကျယ်ကြီး ဖွင့်တာတို့၊ ဖုန်း အကျယ်ကြီးပြောတာတို့ လုပ်တယ်၊
ဟိုဘက်ကလည်း သိတဲ့အတိုင်းပဲ ကျနော်တို့ မြန်မာဆိုရင် အမြင်က သိပ်ကြည်တာမှ မဟုတ်တာ။
အဲဒီလို လုပ်ငန်းတွေမှာ အများစု မြန်မာတွေက လခ ပိုရတယ်၊ ကြိုးစားတာကိုး။ ကြိုးစားတော့ ပိုက်ဆံ ပိုရတယ်၊ အဲဒါကို သူတို့ မကျေနပ်ဘူး၊ အဓိက အဲဒါလို့ ထင်တယ်” ဟု ၎င်းက ရှင်း ပြသည်။

ထိုကုမ္ပဏီတွင်  တရားဝင် လုပ်ကိုင်နေသူ မြန်မာပြည်သား အရေအတွက် ၃ဝဝ နီးပါးခန့်  ရှိကြောင်း သိရသည်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles