Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရွှေမြန်မာတွေအတွက်လို့ကြေညာထားတဲ့ JAS

$
0
0
 
    ဖုန်းဟမ်းဆက်အမျိုးအစားသစ်တခု ပေါ်လာပါပြီ။  မြန်မာလို အစ အဆုံး သုံးနိုင်တယ်လို့ ကြော်ငြာထားတဲ့ JAS ဖုန်းပါပဲ။

ရွှေမြန်မာတို့အတွက် JAS မြန်မာဖုန်း လို့ ဆိုထားတဲ့ ဒီဖုန်းရဲ့ တခြားအားသာချက်များကတော့ -
“အရေး ပေါ်ခေါ်ဆိုမှုအတွက်လည်း အသုံးပြုနိုင်တယ်။ ကိုယ်ယုံကြည်ရတဲ့ လူသုံးယောက်ရဲ့နာမည်ကို ဖုန်းထဲမှာ  မှတ်ထားလိုက်ရင် အရေးပေါ်အခြေ အနေနဲ့ကြုံတဲ့အခါ မှတ်ထားတဲ့လူတွေနဲ့ ၁၁၉ကို စာပို့ပေးပါတယ်။
အင်တာနက်၊     Facebook ကိုလည်း အသုံးပြုနိုင်တယ်။  အမ်ဒရိုက် ဆော့ဝဲလ် အားလုံးကို ထည့်သွင်း အသုံးပြုနိုင်တယ်” လို့ JAS ဖုန်းဖြန့်ချိရေးမှ တာဝန်ရှိ ၀န်ထမ်းတစ်ဦးကပြောပါတယ်။

    “JAS ဖုန်းမှာ GSMနဲ့CDMA/WCDMA နှစ်မျိုးစလုံး သုံးနိုင်တယ်၊      အင်တာနက်ကလည်း နှစ်မျိုးစလုံးအတွက်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

    ဖုန်းဈေးနုန်းကတော့ ခြောက်သောင်းတန်၊ တသိန်းတန် အစားစား ရှိကြောင်း သူတို့ဝက်ဆိုက်မှာ ရေးထားပါတယ်။ 

JAS ဖုန်းကို  ဘယ်မှာ ဝယ်ယူနိုင်တယ်၊     ဘယ်ဖုန်းနံပါတ်ကို ဆက်သွယ် စုံစမ်းနိုင်တယ် ဆိုတာတွေကိုလည်း ရန်ကုန်မြို့အနှံ့ နဲ့ စာနယ်ဇင်းတွေမှာ ကြော်ငြာထားတာ တွေ့နေရပါတယ်။

နယ်မြို့တချို့မှာ ၀ယ်နိုင်သလို ရန်ကုန်မှာ ဒီဖုန်း တင်ရောင်းတဲ့ ဆိုင် ၂၀ ဝန်းကျင်ရဲ့ စာရင်းကိုလည်း သူတို့ဝက်ဆိုက်မှာ ရေးထားပါတယ်။  
 


ဒီဖုန်းကို ကစ္ဆပနဒီကုမ္ပဏီကနေ ဖြန့်နေတာပါ။

ဒီဖုန်းကို ဘယ်နိုင်ငံမှာ ထုတ်တာလဲ ဆိုတဲ့ မေးခွန်းကို ကစ္ဆပနဒီ ၀န်ထမ်းတဦးက ဒီလို ဖြေပါတယ် -

“JAS ဖုန်းဟာ ထိုင်ဝမ်နိုင်ငံကနေ တင်သွင်းတာဖြစ်ပါတယ်။ဆော့ဖ်ဝဲပိုင်းကို အိန္ဒိယမြန်မာနှစ်ခုပေါင်းပြီးရေးထားတာဖြစ်ပါတယ်” 

မြန်မာလို အစ အဆုံး သုံးနိုင်တယ်လို့ ကြော်ငြာထားတဲ့အတွက် ဒီဖုန်းကို မြန်မာဘာသာတခုပဲအားသာသူတို့ နှစ်သက်ကြမယ်လို့ ယူဆရပါတယ်။

ရွက်စိမ်း  ~



.


Viewing all articles
Browse latest Browse all 5236

Trending Articles