Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာအစိုးရ မိုး/ ဇလရဲ့ မဟာစင် မုန်တိုင်း သတိပေးချက်

$
0
0
  အခု ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်နေတဲ့ မုန်တိုင်းနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနကနောက်ဆုံး သတင်းထုတ်ပြချက် တခု ထုတ်ပြန်ထားပါတယ်။ 


ဘင်္ဂလားပင်လယ်အော်ခြေအနေ 
၂၀၁၃ ခုနှစ်၊ မေလ (၁၁) ရက်နေ့ မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက် 

ယနေ့ မြန်မာ စံတော်ချိန်(၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင် ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာဆိုင်ကာ လုန်းမုန်တိုင်းမဟာစင် (MAHASEN) အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ (ကော့သောင်းမြို့)၏ အနောက်တောင်ဘက်မိုင် (၅၁၀) ခန့် အကွာ ပင်လယ်ပြင်ကှို ဗဟိုပြု နေပါသည်။ 

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ မုန်တိုင်းဗဟိုချက် အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင် (၅၀) မှ မိုင် (၆၀) အထိရှိနိုင်ပါသည်။

မဟာစင်(MAHASEN)ဆိုင်ကလုန်မုန်တိုင်း သည်နောက် (၂၄) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိ နိုင်ပါသည်။ 

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်
နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးမည်။ 

မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၄၀) မှ (၄၅) မိုင် အထိ တိုက်ခတ် နိုင်ပါသည်။ 

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာ ရှိသော်လည်းမေလ (၁၃) ရက်နေ့ မွန်လွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်ဘက်သို့ ကွေ့လျက် မေလ (၁၆) ရက်နေ့ နံနက်ပိုင်းခန့် တွင် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။ 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။

Viewing all articles
Browse latest Browse all 5236

Trending Articles