Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဗဟိုဘဏ်၊ စင်္ကာပူဘဏ် နဲ့ လှတပတ ဒေါ်လှ

$
0
0

မြန်မာပြည်မှာ မြန်မာပိုက်ဆံ ဟောင်းနွမ်း စုတ်ပြဲတာကို တိပ်အထပ်ထပ်နဲ့ကပ်၊ အိတ်အကြည်ထဲ ထည့်ပိတ်ပြီး သုံးခဲ့ကြပါတယ်။

တိပ်နဲ့ အခိုင်အမာ ကပ်ထားလို့  ငွေကြေးခိုင်မာတာ မြန်မာကျပ်ငွေပါပဲ လို့တောင် နောက်ပြောင်ခဲ့ကြမယ် ထင်ပါရဲ့။

ပလပ်စတစ်လောင်းထားသလိုမျိုး ထုပ်ပိုးခဲ့ကြတာဟာ မြန်မာငွေကို တန်ဘိုးထားလို့ ဖြစ်ပါလိမ့်မယ်။

အမေရိကန်ငွေကြေးဆိုရင်တော့ သိပ်ပြီး တန်ဘိုးထားချင်ဟန် မတူပါ။

ဒေါ်လာ ရှိတယ် ဆိုရင် ငွေလဲဌာနမှာ သွားလဲကြည့်ပါလား။
နည်းနည်းပါးပါး စုတ်ပြဲမယ်၊ ခေါက်ရာ ပါမယ်၊ မဆိုစလောက် အစွန်းအထင်း ရှိမယ် ဆိုရင် လဲပေးမယ် မဟုတ်ပါ။

ဒါကြောင့် ဒေါ်လှ ဆိုရင် ရွှေတွေက စာအုပ်ကြားထဲ၊ ကတ်ထူပြားထဲ ညှပ်ထည့်ထားတတ်ကြပါတယ်၊ ပြန့်နေအောင်ပေါ့၊ သုံးတဲ့အခါ မျက်နှာပန်းလှအောင်ပေါ့။

ခရီးသည် နဲ့ ဒေါ်လှ

နိုင်ငံတကာ တိုးရစ်တွေ မြန်မာပြည်လာရင် ဒုက္ခလှလှ တွေ့ကြပါတယ်။ သူတို့ရဲ့ ဘဏ်ကတ်၊ အကြွေးကတ်များက မြန်မာပြည်မှာ သုံးလို့မရ၊ ဒေါ်လာ ဆောင်ခဲ့ပြန်တော့လည်း အရာမယွင်းတဲ့ဒေါ်လာ၊ မကြာသေးခင်နှစ်များအတွင်း ထုတ်ထားတဲ့ဒေါ်လာမှ အလုပ်ဖြစ်ကြတာမို့
ဒုက္ခလှလှ တွေ့ကြပါတယ်။

သူတို့ကိုင်လာတဲ့ ကမ္ဘာသုံးပိုက်ဆံက မြန်မာပြည်မှာ ပိတ်ဆို့ဒဏ်ခတ်ခံရတော့ What the hell is going on? ဆိုပြီး ၊ မယ်မင်းကြီးမ၊
မောင်မင်းကြီးသားတို့ တအံ့တသြ ဖြစ်ကြပါတယ်။ ဘယ်လို နိုင်ငံပါလိမ့် ပေါ့လေ။ 

အမေရိကန်မှာတော့ ပိုက်ဆံစုတ်လည်း ယူကြပါတယ်။ နှစ်ပိုင်းပြတ်လည်း တိပ်နဲ့သာ ကပ်လိုက် ... အဆင်ပြေပါတယ်။

အမေရိကန်တယောက် ပြောပြီ

မြန်မာတွေက စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့ စိတ်လိုလက်ရရှိပေမယ့် ဒေါ်လာကို အရိုးများသော ချီးခါးသော၊ ချေးခါးသော လုပ်နေကြတယ် လို့ အမေရိကန် အထင်ကရ မီဒီယာကြီး NPR ရဲ့ ငွေကြေးဆိုင်ရာဘလော့စာမျက်နှာမှာ သောကြာနေ့က ညည်းတွားထားပါတယ်။

ငါပေးတဲ့ပိုက်ဆံကို မြန်မာပြည်မှာ လူတိုင်းနီးပါး မကြိုက်ကြတာ ဘာကြောင့်ပါလိမ့်
- Why (Almost) No One In Myanmar Wanted My Moneyဆိုပြီး သတင်းသမား Robert Smith  က ဆောင်းပါးတစောင်ကို အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာပါ။

http://www.npr.org/blogs/money/2013/05/10/182309623/why-almost-no-one-in-myanmar-wanted-my-moneyမှာ ဖတ်ပါ။

မစုတ်မပဲ့ပေမယ့် ထုတ်ဝေတဲ့နှစ် ကြာပြီ ဆိုရင်လည်း အဲဒီ ဒေါ်လာကို မြန်မာဘဏ်တွေကတောင် မယူကြဘူး လို့ အဲဒီမှာ ညည်းညူထားပါတယ်။
အမေရိကန်ဒဏ်ခတ်မှုကြောင့်  မြန်မာဘဏ်တွေက အမေရိကန်ဘဏ်တွေနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပါပြီ တဲ့။

ဘာကြောင့် ဂျီးများတာလဲ

 ဒေါ်လာ ကော့ပျံမနေရင် မြန်မာတွေ ခေါင်းခါတာဟာ ဘာကြောင့်လဲ ဆိုတဲ့ အဖြေတခုကို ပေါ်ပြူလာသတင်းဂျာနယ်ရဲ့  ပြီးခဲ့တဲ့နှစ် သတင်းတပုဒ်မှာ ဖတ်ကြရမှာပါ။

အဖြေက - စီးပွားရေးပိတ်ဆို့ခံထားရလို့ပါ ဆိုပဲ။

ဗဟိုဘဏ် ဒုဥက္က ဦးမောင်မောင်ဝင်းရဲ့ ပြောဆိုချက်ကို အခုလို ဖော်ပြထားပါတယ် -

“ဒီမှာလုပ်နေတဲ့ ဘဏ်တွေက သူတို့ဆီဝင်လာတဲ့ ဒေါ်လာတွေကို နိုင်ငံခြားကိုသွားပြီး ရောင်းလို့မရဘူး။ ရောင်းလို့ မရတာကလည်း ကျွန်တော်တို့ နိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားမှုကြောင့်ပဲ။ ဒါကြောင့် ကျွန်တော်တို့က ဒေါ်လာကို အကူးအပြောင်းလုပ်ဖို့ ခက်ခဲသလို အပြင်ကို ယူဖို့အတွက်လည်း ပိုခက်ခဲတယ်။ ဒီ့အတွက်ကြောင့် ကျွန်တော်တို့ဘဏ်တွေက ဒေါ်လာကို ငွေသားအဖြစ်နဲ့ ဒီက Customer တွေကို ထုတ်ပေးရတယ်။ အဲဒီလို ထုတ်ပေးရာမှာလည်း သူတို့က ဟောင်းတာတို့ နွမ်းတာတို့ဆိုရင် အဆင်မပြေတဲ့အတွက် ကျွန်တော်တို့က အကောင်းတွေပဲ ထုတ်ပေးရတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘဏ်တွေကလည်း ဒေါ်လာအကောင်းတွေကိုပဲ လက်ခံရတာ ဖြစ်ပါတယ်”

နှစ်ကုန်ပိုင်းမှာပဲ ဘဏ်အရာရှိတဦးရဲ့ အပြောကို ပေါ်ပြူလာဂျာနယ်သတင်းတပုဒ်မှာ အခုလို တွေ့ရပါတယ်။

"ဗဟိုဘဏ်က ချိတ်ဆက် ဆောင်ရွက်နေသည့် စင်ကာပူဘဏ်က အမေရိကန် ဒေါ်လာအပေါ် အတွန့် အကျေ၊ အစွန်းအထင်း၊ အပြဲအစုတ်တို့ကို စိစစ်လက်ခံမှု တို့ကြောင့် ပြည်တွင်းတွင် လက်ခံ၍ မရခဲ့ကြောင်း၊
သို့သော် စင်ကာပူ ဘဏ်နှင့် လက်ခံပေးရန် ညှိနှိုင်းနေရာ လက်ခံမည့် အနေအထား ရှိ၍ ကန်ဒေါ်လာ အဟောင်း၊ အနွမ်း၊ အစွန်းအထင်း၊ အပြဲအစုတ်များကို လဲလှယ်ပေး သွားနိုင်မည် ဟု မျှော်လင့်ရသည်"

ဒီအရာရှိပြောတာ မှန်တယ် ဆိုရင် မြန်မာတွေ ဂျီးများတာ မဟုတ်၊ စင်ကာပူတွေ စပြီး ဂျီးများခဲ့တာလို့ ဆိုရပါမယ်။ ညှိနှိုင်းမှု အနေအထား ဘယ်လိုရှိတယ် မသိရပါ။

စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ ... အဲ 
စီးပွားရေးပိတ်ဆို့တာများလည်း ဖြေလျှော့ကုန်ပြီ ဆိုတော့ ဒေါ်လာစက္ကူ ကြည့်ပျော်ရှုပျော် ဟောင်းနွမ်း၊ ခေါက်ရာရှိ၊ အစွန်းအထင်းဖြစ်တာတွေကိုလည်း ယူလို့ရတဲ့အနေအထား ရောက်နိုင်ပြီပေါ့။

မယူဘူးဆိုရင်တော့ မြန်မာတွေဟာ ကမ္ဘာ့အံ့ဖွယ်သုတစာရင်းဝင်လူသားတွေ ဖြစ်နေဦးမှာပါ။

ဒေါ်လာကိုင် တိုးရစ်တွေက မြန်မာတွေကို တအံ့တသြကြည့်ကြတာ မခံရဖို့အတွက် ဗဟိုဘဏ်၊ စင်္ကာပူဘဏ်ကြီးတွေ ဆက်လက် ကြိုးစားနေကြပြီလို့ အကောင်းဘက်က မျှော်လင့်ရပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗိုလ်အောင်ဒင် မူပိုင်ခွင့်ကိစ္စ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်