Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရွှေည၀ါ ဆရာတော် မှော်ဘီကို ပြောင်းခဲ့တာ ၁ နှစ်ပြည့်ပြီ

$
0
0
ရွှေည၀ါ ဆရာတော်ဘုရား၏ မှော်ဘီသို့ ကြွရောက်လာသော ၁ နှစ်ပြည့်အခန်းအနားနှင့် သာသနိက အဆောက်အဦးများ ဆောက်လုပ်ရန် အလှူငွေ ပေးအပ်ပွဲကို ယနေ့နံ နက်တွင် မှောဘီမြို့နယ်၊ ဘန့်ဘွေကုန်း ကျေးရွာအုပ်စုရှိ ဆရာတော်သီတင်းသုံးရာ ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ 

အဆိုပါပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်နှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ မဂ္ဂင်ကျောင်းတိုက်ဆရာတော်၊ မကွေး ပရိယက္တိစာသင်တိုက်မှ ဥူးပါမောက္ခ၊ ရွှေည၀ါ ဆရာတော်၏ တပည့်သံဃာများ၊ တပည့် ဒါယကာများ၊ လူမှုကွန်ယက်မှ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့်တကွ အနုပညာရှင်တချို့လည်း တက်ရောက်ခဲ့သည်။ 

ထိုပွဲတွင် ရွှေည၀ါဆရာတော်၏ ရွှေည၀ါ လောကပါလ ဖောင်ဒေးရှင်းအတွက် အဖွဲ့ဝင် အလှူရှင်အဖြစ် တစ်ဦးလျှင် တစ်ထောင်ကျပ် အနည်းဆုံးကောက်ခံခဲ့ရာ လူပေါင်း ၁၀၀ ကျော်က လှူဒါန်းခဲ့သည်။ 

 ရွှေည၀ါ လောကပါလဖောင်ဒေးရှင်းသည် ၀င်ဝင်ခြင်း တစ်ထောင်ကျပ်ဆိုသော်လည်း နောက်ပိုင်း လများ တွင် မိမိတို့ နှစ်သက်သလို အလှူငွေ ပေးအပ်နိုင်ကြောင်း သိရသည်။ 

ထိုပွဲတွင် ဖောင်ဒေးရှင်းအတွက် လှူဒါန်းသူများကို ရွှေည၀ါ ဆရာတော်ဘုရား ဟောကြားတော်မူခဲ့သော ဒုက္ခသစ္စာတရားတော်အခွေကိုလည်း ပြန်လည် လှူဒါန်းသည်။ 

 ရွှေည၀ါ ဆရာတော် သီတင်းသုံးရာ ကျောင်းတိုက်အတွက် ပင်မအဆောက်အဦးနှင့် တကွ သာသနိက အဆောက်အဦးများ ဆောက်လုပ်ရန်အတွက် တပည့် ဒါယကာများက အလှူငွေ အမေရိကန်ဒေါ်လာ တစ်သောင်းနှင့် ကျပ် သိန်း ၄ ထောင်ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

အဆိုပါပွဲသို့ သံဃာတော်များနှင့် လူ ပရိသတ် ၂ ထောင်နီးပါးမျှ တက်ရောက်ခဲ့ကြသည်။

ရန်လင်းအောင် ~ 






Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ