Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကချင်ဒေသ ဒုက္ခသည်စခန်းများနဲ့ လေပြင်းဒဏ်

$
0
0

စနေနေ့ မနက်အစောပိုင်းမှာ မိုးရွာ၊ လေပြင်းတိုက်တာကြောင့် ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ်နေရာ မိုင်ဂျာယန် ပတ်ဝန်းကျင်က
ဒုက္ခသည်စခန်း ၄ ခုမှာ အပျက်အစီးတွေ အတော်များများ ဖြစ်သွားပါတယ်။


၂ဝ၁၁ ဇွန်လက တွေ့ရသည့် လိုင်ဇာဒေသ ဒုက္ခသည်စခန်းတနေရာ (ဓာတ်ပုံ - ဧရာဝတီ)

ဘုရားကျောင်း၊  မူကြို၊  ကျောင်းတွေလည်း ပြိုလဲသွားပါတယ်။

အထူးသဖြင့် အိမ်သာတွေ လေထဲလွင့်ပါသွားလို့ အတော်ပဲ ကသိကအောင့် ဖြစ်နေရပါတယ်။

အိမ်တွေ အလုံးလိုက်ကျွတ်ထွက်သွားပြီး ကျန်တဲ့အိမ်တွေကတော့ အမိုးလန်၊  အကာပြဲ၊  မီးမရတာတွေ ဖြစ်နေပါတယ်လို့
လူမူကူညီရေးအဖွဲ့  Wunpawng Ninghtoi က သတင်းထုတ်ပြန်ပါတယ်။  မိသားစုပေါင်း ၃၂၀ လောက်  ဒီဒဏ် ခံရပါတယ် တဲ့။

မိုင်ဂျာယန်တ၀ိုက်က လေပြင်းဒဏ်ခံရတဲ့ စခန်း ၄ ခု မှာ ဒုက္ခသည်ပေါင်း  ၅,၅၇၉ ဦး ရှိပါတယ်။
ဒီတလော နေ့စဉ် ရက်ဆက် မိုးတွေရွာပြီး လေပြင်းတွေ တိုက်လို့ မိုင်ဂျာယန်သာမက လိုင်ဇာနားတ၀ိုက်က ဒုက္ခသည်စခန်းတွေမှာလည်း အလားတူ ပြဿနာတွေ  တက်နေပါတယ်။

လိုင်ဇာဒေသ

လိုင်ဇာဘက်ကတော့ အပျက်အစီး စာရင်းကို တိတိကျကျ မသိရသေးပေမဲ့ တဲအိမ်အမိုးလန်၊  အိမ်သာတွေ ပျက်တာကတော့ မိုင်ဂျာယန်ဘက်နဲ့ တူတူပဲလို့သိရပါတယ်။

ဒုက္ခသည်စခန်းတွေရဲ့  အရေးပေါ် လိုအပ်တဲ့ အကူအညီစာရင်းကိုတော့ ဒီကနေ့ သို့မဟုတ် မနက်ဖြန်    သိရပါမယ်လို့ Wunpawng Ninghtoi အဖွဲ့က ပြောပါတယ်။

 လဖိုင် ~



.



Viewing all articles
Browse latest Browse all 5236

Trending Articles