Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်နဲ့ လျှို့ဝှက် ရွှေဖြူ

$
0
0
စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က သူ့နယ်မြေအတွင်းမှာ ရေနံရှာဖွေရေး အကြောင်းပြပြီး ရွှေဖြူတူးဖော်ရေး လျှို့ဝှက် စီမံချက် လုပ်ကိုင် ခဲ့တယ်ဆိုတဲ့ လူသူ အသိနည်းပါးတဲ့ သတင်းတခု ထွက်ပေါ်လာပါတယ်။ 


ဒီ လုပ်ငန်းကို နိုင်ငံတော် ခွင့်ပြုချက် မရှိဘဲ သူ့သဘောနဲ့သူ လုပ်တာဆိုတဲ့ အချက်ကြောင့် လာမယ့် လွှတ်တော် အစည်းအဝေး မှာ တင်ပြ ဆွေးနွေးဖို့ ရှိတယ်လို့လည်း လွှတ်တော် အသိုင်းအ၀ိုင်းက ကြားရပါတယ်။ 

စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး တယောက် တရုတ်ကုမ္ပဏီတခုနဲ့ ပေါင်းပြီး ရွှေဖြူတူးဖော်ရေး စီမံချက် အကောင် အထည် ဖော်ခဲ့တယ် ဆိုတာ ဟုတ်၊ မဟုတ် တင်ပြနိုင်ဖို့ စစ်ကိုင်းတိုင်း အမတ် ဒေါက်တာ မြင့်နိုင်ကလည်း အချက်အလက်တွေ စုဆောင်း နေတယ်လို့ သိရပါတယ်။ 

“လွှတ်တော်မှာ မေးခွန်းမေးဖို့ ကိစ္စက အခု ရေဦးမှာ အချက်အလက် စုဆောင်းနေတုန်း ရှိသေးတယ်။ အချက်အလက် ပြည့်စုံ ရင်တော့ လက်မှတ်ထိုးပြီး တင်မှာပါ”လို့ စစ်ကိုင်းတိုင်း အမှတ် ၃ နယ်မြေက အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ မြင့်နိုင် က ဧရာဝတီကို ပြောပြပါတယ်။ 

လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က အဲဒီ တရုတ် ရေနံကုမ္ပဏီက ကားကြီးတွေနဲ့ ရေနံရှာဖွေရေး လုပ်ရင်း ၂၀၁၂ ခုနှစ် နှစ်ဆန်း ပိုင်းလောက်မှာတော့ ရွှေဖြူတွေ တွေ့ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တယ်၊ ကွန်တိန်နာ ကားကြီးတွေ နဲ့ တရုတ် နိုင်ငံ ဘက်ကို သယ်ထုတ်သွားတယ် လို့ ဒေသခံ တဦးက လည်း ပြောပါတယ်။ 

“သစ်ရာအိုင့်ရွာနဲ့ ၂ မိုင်လောက် ဝေးတဲ့နေရာမှာ အစကတော့ သူတို့က ရေနံရှာတယ်ဆိုပြီး ကွန်တိန်နာ ကားတွေနဲ့ တရက် ၁၅ စီး အစီး၂၀ လောက် သွားနေကြတာ။ နောက်မှ ရွှေဖြူထွက်လို့ ဆိုပြီး အသံထွက် လာတယ်”လို့လည်း သူက ဆိုပါတယ်။ 

ရွှေဖြူထွက်တယ်ဆိုတဲ့ နေရာကတော့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ညောင်လယ် ကျေးရွာအုပ်စု သစ်ရာအိုင့် ရွာရဲ့ အနောက် တောင်ဘက် ၂ မိုင်လောက် အကွာမှာဖြစ်ပြီးတော့ အဆောက်အအုံ ကြီးကြီးတွေနဲ့ စီမံကိန်းတခုလို လုပ်ခဲ့တာလို့လည်း သူက ဆက်ပြောပါသေးတယ်။ 

ဒါပေမယ့် ရွှေဖြူတူးတဲ့ လုပ်ငန်းဟာ ၁ လ လောက်အကြာမှာပဲ လက်စ လက်န မကျန်အောင် ရွှေဖြူ လုပ်ကွက်တွင်းတွေကို ပိတ်ပင်ပြီး အဆုံးသတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီဆောင်းပါး အပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ လင်းသန့် 
ရေး သား တင်ပြထားတဲ့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်နဲ့ လှျှို့ဝှက်ရွှေဖြူ ( http://burma.irrawaddy.org/archives/38829) ဆိုတာမှာ ဖတ်ရှု့နိုင်ပါပြီ။ 

 ရွှေဖြူတွေ့တယ်ဆိုပြီး ဒေသခံတွေ သံသယဖြစ်နေတဲ့ နေရာတ၀ိုက်က မြင်ကွင်းများ၊ ဓာတ်ပုံ- ဧရာဝတီ










 

Viewing all articles
Browse latest Browse all 5236

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း