Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဂျကာတာ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်မည်ဟု ယူဆရသူ ၂ ဦး အဖမ်းခံရ

$
0
0
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်တယ်လို့ ဆိုတဲ့ အကြမ်းဖက် သမား ၂ ဦးကို အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။


 အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့မြင်ကွင်တခု ၊ ဓာတ်ပုံ- demotix.com


သူတို့ဟာ မြန်မာနိုင်ငံက ဘင်္ဂလီမွတ်ဆလင်တွေအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်ခွဲခြားမှု၊ လုပ်ကိုင်ဆောင်ရွက်မှုတွေကို မကြေနပ်လို့ လက်စားချေဖို့ အခုလို လုပ်ဖို့ဖြစ်တယ်လို့ ပြောဆိုတာကို ဂျာကာတာပို့စ် သတင်း တပုဒ်မှာ  ဖော်ပြထားပါတယ်။  

ဒီကနေ့ သောကြာနေ့ နံနက်စောစောပိုင်းက အင်ဒို အထူးလုံခြုံရေးတပ်ဖွဲတခုက အိမ်လုပ် ဗုံးရဲ့ စနက်တံ ဖြုတ်နိုင်ခဲ့တာဖြစ်တယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။ 

ဒီလို ဗုံးခွဲဖို့ ကြံတယ်လို့ သံသယဖြစ်သူ ၂ ဦးလုံးကို သူတို့ရဲ့ ကျောပိုးအိတ်ထဲမှာ ရေပိုက်ဗုံးအဖြစ် အသုံးပြုမယ့် ဗုံး ၅ ခုနဲ့အတူ အ၀တ်အစားတွေ၊ ၀ါယာကြိုးနဲ့ပါ ဆိုင်ကယ်တစီးပေါ်မှာ  ဖမ်းဆီးရမိလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ 

အခုတော့ အင်ဒိုနီးရှားက မြန်မာသံရုံးကို အင်ဒို လုံခြုံရေး တပ်ဖွဲ့တွေ ဒါဇင်နဲ့ချီပြီး လုံခြုံရေး ယူထားပေးတယ်လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~




Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗိုလ်အောင်ဒင် မူပိုင်ခွင့်ကိစ္စ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်