Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာပြည်မှာ ဖို့ဒ် ကားတွေ ရောင်းပေးတော့မယ်

$
0
0
အမေရိကန် ပြည်ထောင်စုက ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး တခုဖြစ်တဲ့ နာမည်ကြီး ဖို့ဒ်(Ford) ကုမ္ပဏီကြီးဟာ မြန်မာနိုင်ငံ ကားဈေးကွက်ကို ၀င်ရောက်ဖို့ ပြင်ဆင်နေပါပြီ။ 

 နောက်ဆုံးပေါ် ဖို့ဒ်ကားတစီး၊ ဓာတ်ပုံ- ford.org.za

ဖို့ဒ် ကုမ္ပဏီက မြန်မာနိုင်ငံ အခြေစိုက် Capital Diamond Star Group ကုမ္ပဏီနဲ့ တွဲပြီး  လူစီး ဇိမ်ခံကားနဲ့ လုပ်ငန်းသုံး ကုန်တင်ကားတွေကို အခု နှစ်ကုန်ပိုင်မှာ တိုက်ရိုက်ရောင်းချပေးမယ်ဆိုတဲ့အကြောင်း USA Today သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်အရေးယူ မှုတွေကို ဖြေလျှော့ပေးပြီးနောက်ပိုင်း အမေရိကန် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Coca-Cola, PepsiCo နှင့် Caterpillar ကုမ္ပဏီတွေလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ လုပ်လာသလို Western Union လို ဘဏ် ငွေလွှဲလုပ်ငန်းတွေလည်း မြန်မာနိုင်ငံက ဘဏ်တချို့နဲ့ပူးပေါင်းပြီး လုပ်ငန်း လုပ်ဆောင်မှုတွေ ရှိလာနေတာလည်းဖြစ်ပါတယ်။ 

ဒါဟာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်ပြီးနောက် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေနဲ့အတူ မြန်မာနိုင်ငံရေး ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်လာပြီးနောက်ပိုင်း အကျိုးဆက်တွေအနေနဲ့ မြင်တွေ့လာရတာဖြစ်ပါတယ်။ 

ဒါပေမယ့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသေးလို့ အမေရိကန် အပါအ၀င် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့အရေးယူ မှုတွေ ဖြေလျှော့ပေးမှုဟာ အလျင်စလိုဖြစ်လွန်းတယ်လို့လည်း ဝေဖန်ထောက်ပြနေမှုတွေ ရှိပါတယ်။ 

ဘာပဲပြောပြော အခုတော့ မြန်မာနိုင်ငံက ငွေကြေးချမ်းသာသူတွေအနေနဲ့ အမေရိကန် နိုင်ငံလုပ် ဖို့ဒ် ကား တွေကို ကုမ္ပဏီက တိုက်ရိုက် ၀ယ်စီးခွင့် ရပါတော့မယ်။ 


အိမ့်သံစဉ် ~



Viewing all articles
Browse latest Browse all 5236

Trending Articles