Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မကွေးတိုင်းတွင်းမှာလည်း သောက်သုံးရေ ပြတ်လတ်နေ

$
0
0
မကွေးတိုင်း ကမ္မမြို့နယ်အတွင်းရှိ ပယ်ကျ၊ ပြောင်ကျ၊ ဒဂုံကွင်း၊ သစ်မယ်ဇီ၊ လိန်ကုန်း၊ ညောင်ကိုင်း၊ သက္ကယ်မြှောင်၊ ပေပင်၊ ထောက်ရှာကွင်း၊ ဒန်းကိုင်းကျေးရွာများတွင်း ဧပြီလဆန်းပိုင်းမှ စတင်ကာ သောက် သုံးရေ ပြတ်လတ်နေပြီး ယခုအချိန်အထိ ရေအလှူရှင်းများနေ့စဉ် သောက်သုံးရေးများကို တပိုင်တနိုင် သွားရောက်ကူညီ ပေးနေသော်လည်း အများစုမှာ လုံလောက်မှုမရှိကြောင်း သိရသည်။ 



“ ရေပြတ်တာတော့ အခါမတိုင်ခင်းကတည်းကပါ၊ ရေလှောင်နေကျကန်တွေက တဖြည်းဖြည်းခန်းလာတာ။ ကျနော်တို့ရွာမှာ နွားသေတာ ၂ ကောင်ရှိပြီ။ နွားမပြောနဲ့ လူတောင်မနည်းရှာကြံသုံးနေရတော့ ဘယ် ဂရု စိုက်နိုင်မလဲ။ ရွာနီးချောက်စပ်ကတော့ လာလှူကြပါတယ်။ ထော်လာဂျီးတွေနဲ့လည်းလှူတယ်။ ကားကြီး ကာငယ်နဲ့လည်းလှူတယ်။ မိုးမကျခင် အချိန်အထိ နေ့စဉ်ရက်စက်အလှူရှင်တွေရှိရင်တော်သေးတာပေါ့။ မရှိခဲ့ရင်တော့ ကိုးမိုင်လောက်ဝေးတဲ့ ကမ္မမြို့ကို သွားခပ်ရမှာ။ ” ဟု ပယ်ကျကျေးရွာ ဥက္ကဋ္ဌ ကိုအောင်လင်း မှ ဧရာဝတီသို့ ရှင်းပြသည်။ 

ပယ်ကျရွာအနေနှင့် အဝိစိတွင်းတူးရန် စီစဉ်ခဲ့ပြီး ပေ ၅၀၀ ကျော်သည်အထိ ရေမထွက်တာကြောင့် လက်လျော့ ခဲ့ရကြောင်းနှင့် ယခုနှစ်မှစဉ်ကာ ပေ ၂၀၀ ပါတ်လည်ရှိသော ရေလှောင်ကန်ကြီးကို တူးဖေါ်နေရာမှာ တဝက်ကျော်ပြီးဆုံး နေပြီဖြစ် ကြောင်းနှင့် ရေလှောင်ကန်တူးဖေါ်သည့်နေရာတွင် စက်ယန္တရားကြီးများ ငှားရမ်းခမှာ တနာရီလျှင့် ကျပ် (၉၀၀၀၀) ရှိတာကြောင့် ငွေရေးကြေးရေး အကူအညီလိုအပ်နေကြောင်း ၎င်းမှဆက်ပြောသည်။ 

တပိုင်တနိုင်လာရောက်လှူဒါန်းသူများမှလည်း ပယ်ကျကျေးရွာရှိ ရေလှောင်ကန်ကြီးတူးဖေါ်ရန် ငွေကြေး တချို့ထည့်ဝင် လှူးဒါန်းခဲ့ပြီး အခုလိုရေပြတ်လပ်မှုနှင့် ပတ်သတ်၍ ရေရှည်တွင်မလွယ်ကူနိုင်ကြောင်းနှင့် တာဝန်ရှိသူများမှ ထိရောက်စွာ ကူညီပေးရန်လိုအပ်ကြောင်း ပြည်မြို့မှ ရေလာရောက်လှူဒါန်းသူ NLD ပါတီဝင် ကိုစိုးနိုင်းမှပြောသည်။ 

“ ကျနော်တို့က သတင်းကြားလို့လာလှူတာ အခြေအနေကတော်တော်ဆိုးတယ်။ မနက် က
တောင် နွားတကောင် လမ်းဘေး မှာသေနေတာ ကျနော်ဓါတ်ပုံရိုက်ယူထားသေးတယ်။ ကျနော်တို့ သတင်းကြားတာနောက်ကျ သွားတယ်။ အခုလှူတဲ့ရေကလည်း ဘယ်နှစ်ရက် ခံမလဲ နေ့တိုင်းလည်း လာမလှူနိုင်တော့ စိတ်ပူမိတယ်။ အခုလိုကိစ္စမျိုးက အစိုးရ တာဝန်ရှိသူတွေက သေချာလေး ကူညီပေးရင်
တော့ တော်တော်လေးအဆင်ပြေနိုင်တာပေါ့ ” ၎င်းမှဆက်ပြောသည်။ 

သောက်သုံးရေပြတ်လပ်သော ကျေးရွာများမှာ ကမ္မမြို့နှင့် ကိုးမိုင်အကွာအဝေးတွင်ရှိသော ကျေးရွာ များဖြစ်ပြီး ပြည်- ကမ္မကားလမ်းမပေါ်ရှိ ကျေးရွာများဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ကမ္မမြို့ပေါ်မှ လည်း မီသတ်ကားများ၊ ကားကြီး၊ ကားငယ်များဖြင့် လာရောက်လှူဒါန်းနေ သလို ကျေးရွာများ တွင် လည်း ရေအလှူခံ မဏ္ဍပ်များဖြင့် ရေအလှူခံနေရကြောင်း သိရသည်။ 











 ကောင်းမြတ်မင်း ~

Viewing all articles
Browse latest Browse all 5236

Trending Articles