Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရန်ကုန်မြို့ထဲက အမှိုက်၊ အမှိုက်ထဲက ရန်ကုန်မြို့

$
0
0


ရန်ကုန်မြို့ရဲ့ အမှိုက်သိမ်းစနစ်က မြို့လယ်တ၀ိုက်မှာ အရင်တုန်းကထက် ပိုကောင်းလာတယ်လို့တော့ ပြောနိုင်ပါတယ်။

သန့်ရှင်းရေးဝန်ထမ်းတွေ တိုးပြီးချထားပေးတာကိုလည်း တွေ့ကြမှာပါ။
အမှိုက်စွန့်ပစ်ဖို့အတွက် အမှိုက်ပုံးတွေကို နေရာအတော်များများမှာ ထားပေးလာတာကို တွေ့နေရပါပြီ။

လူဦးရေ ပေါက်ကွဲနေတဲ့ ရန်ကုန်မှာ အမှိုက်ပုံး ဆိုတာမျိုးက မရှိမကောင်း၊ ရှိမကောင်း ဖြစ်လာနေပါတယ်။

ကမာရွက်မြို့နယ်မှာနေထိုင်သူတဦး ပြောပြတာ နားထောင်ကြည့်ပါဦး။

 “ကျွန်တော်တို့မြို့နယ်အတွင်းမှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်တွေနားမှာ အမှိုက်ပစ်ဖို့ ပုံးတွေကို ချပေးထားတာရှိတယ်။
အမှန်တကယ်က လမ်းသွားလမ်းလာတွေ ပစ်ဖို့ အဓိကထားပြီး လုပ်ထားတာ၊  တိုက်ခန်းတွေမှာ နေထိုင်သူတွေ အတော်များများက
ရပ်ကွက်အလိုက် သတ်မှတ်ထားတဲ့အမှိုက်ကန်တွေမှာ သွားပြီးမပစ်တော့ဘဲ လမ်းဘေးအမှိုက်ပုံးတွေမှာပဲ လာပြီး စွန့်ပစ်နေကြတယ်” လို့ သူကပြောပါတယ်။

“အဲဒီအမှိုက်ပုံးတွေက ပြည့်ပြီး လမ်းပေါ်မှာ ပုံတဲ့အထိကို ပစ်ကြတယ်၊  ဒါကိုလည်း အမှိုက်သိမ်းတာကို ပုံမှန် လုပ်တာမျိုး မရှိတော့ အနံ့ဆိုးတွေလည်းလမ်း ပေါ်မှာရတာပေါ့” လို့ သူက ဆက်ပြောပါတယ်။

ဒီလိုအမှိုက်ကိစ္စမှာ  စည်ပင်သာယာ တခုတည်းမှာတင် တာဝန်ရှိတာမဟုတ်ဘဲ လူတွေ ကိုယ်တိုင်ကလည်း စည်းကမ်းရှိဖို့လိုတယ်လို့ ပြောတဲ့သူကတော့ မရမ်းကုန်းမြို့နယ်၊ တော်ဝင်မုဒိတာ အိမ်ယာမှာ နေထိုင်သူ အမျိုးသမီးတဦးပါ။

“တချို့တိုက်ခန်းကလူတွေက လူသွားလမ်းပေါ်မှာတင် အမှိုက်တွေကို ပစ်ကြတယ်၊ တိုက်ခန်းဆိုတော့ လေ၀င်လေထွက် မကောင်းတော့ အနံ့တွေကလည်း တော်တော်ဆိုးတယ်။ 
လူတွေက စည်းကမ်းမရှိကြဘူး၊ အမှိုက်ကန်ကလည်း အဝေးကြီး မဟုတ်ပါဘူး၊ ဒါကိုပဲ အလွယ် လုပ်သွားကြတာ၊ တော်တော်ဆိုးတယ်” လို့ သူကပြောပါတယ်။

ရန်ကုန်မှာနေရင် အမှိုက်သိမ်းယာဉ်တွေနဲ့ တခါတရံ ကြုံဆုံမိမှာပါ။ လေအေးစက်ဖွင့်ကားထဲ ထိုင်နေတာ မဟုတ်ရင်တော့ ဒီကားတွေလာပြီဆိုရင် နှာခေါင်း၊ မျက်စိအကုန်ပိတ်ထားရဖို့ သေချာပါတယ်။

အမှိုက်ကန်တွေမှာ ပြည့်နေသမျှ သိမ်းလာတဲ့ ဒီကားတွေထဲက တချို့ မောင်းရာ လမ်းတလျှောက်မှာ  အမှိုက်တွေ ပြန်ကျတာမျိုးလည်း တခါတရံ တွေ့ရမှာပါ။ 
ရန်ကုန်မြို့ရဲ့ အမှိုက်ထွက်တဲ့နှုန်းနဲ့ ရှိတဲ့ အမှိုက်ကား အရေအတွက် မမျှတာကြောင့် အခုလိုဖြစ်နေရာတာလို့လည်း တချို့က ဆိုပါတယ်။

ရန်ကုန်သူ ရန်ကုန်သားတွေလည်း အမှိုက်နဲ့ ပတ်သက်ပြီး စည်းကမ်းပိုရှိဖို့ လိုပါပြီ။ စည်ပင်သာယာက ပညာပေးတာတွေ၊ စည်းကမ်းတွေကိုလည်း အရင်ထက်ပိုပြီး လိုက်နာသင့်ပါတယ်။

စည်ပင်သာယာလူကြီးမင်းများလည်း စည်ပင်သာယာရေး မည်သို့မည်ပုံ ဆောင်ရွက်ရမယ် ဆိုတာကို သိပြီးသား ဖြစ်မှာပါပဲ။


စိတ်ကူးကောင်းတွေကို အကောင်အထည်မြန်မြန် ဖော်နိုင်ရင် မြို့က တကယ် စည်ပင်လာမှာပါ။ ဘတ်ဂျက်လည်း လုံလုံလောက်လောက် ရှိပါစေလို့ ဆန္ဒပြုပါတယ်။

အမှိုက်အကြောင်း ဒီတခေါက် ဒီလောက်ပဲ ရေးပါရစေ။
ဒီထက် ပိုရေးရင် ဒီစာက အယ်ဒီတာစားပွဲဘေးက အမှိုက်ခြင်းထဲ ရောက်သွားနိုင်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles