Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လက်ပံတောင်းမှာ လယ်သမားတွေကို အကြမ်းဖက်ဖြိုခွင်းနေပြီဟုဆို

$
0
0
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသက လယ်သမားတွေဟာ သူတို့ လယ်တွေကို ထွန်ယက်နေစဉ် ယနေ့ နံနက် ၉ နာရီလောက်က ရာနဲ့ချီတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ၀င်ရောက်ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ သတင်းရပါတယ်။ 



"ဦးပိုင်ကုမ္ပဏီ လယ်သမားတွေကို အကြမ်းဖက်ပြီ" လို့   လက်ပံတောင်းအရေး တက်ကြွကူညီသူ ကိုဟန်ဝင်းအောင် က သူ့ဖေ့စ်ဘုတ်မှာ အသိပေးထားပါတယ်။ 

ဖြစ်စဉ်ကတော့ ဆားလင်းကြီးမြို့နယ် ဆည်တည်းကျေးရွာနေ မရီရီဝင်း ပိုင် မြေကွက်၌ လယ်သမားများ ထွန်ယက်နေစဉ် လုံထိန်းအင်အား(၅၀၀) ဖြင့် လယ်သမားများကို ဝင်ရောက်ရိုက်နှက်ဖမ်းဆီးကြောင်း၊  ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုး အပါအဝင်(၆) ဦးခန့်ကို ဖမ်းဆီးသွားပြီး ကျန်နေ သူများကို ထပ်မံရိုက်နှက်နေကြောင်းလည်း သူက ဆိုထားပါတယ်။ 

ဒီအပြင်  မိုးကြိုးပြင် ရွာနေ ကိုဝင်ကျော် ပိုင် မြေကွက်ရှိလယ်သမားများ အားလည်း ဝင်ရောက် ရိုက်နှက် ခဲ့ပြီး  မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကျောင်းသားများ ကွန်ရက်တာဝန်ခံ ကိုသောင်းထိုက် အား အကြမ်းဖက်ဖမ်းဆီးသော်လည်း လယ်သမားများပြန်လည်လုယူနိုင်၍ လွတ်မြောက်ခဲ့ကြောင်း ယခုအချိန် အထိ တင်းမာမှုများ ဖြစ်နေသေးသည်ဟုလည်း သိရသည်။ 

အတည်ပြုလို့ မရသေးတဲ့ သတင်းတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ပစ်ခတ်မှုပါ ရှိပြီး သေနတ် ဒဏ်ရာ ရသူများလည်း ရှိတယ်လို့ ဆိုပါတယ်။ 

မကြာသေးမီရက်ပိုင်းကတည်းက ဒေသခံရွားသူ ရွာသားတွေဟာ သူတို့ လယ်ယာမြေတွေကို ရောင်းချမှု မပြုပဲ လျော်ကြေးငွေလည်း မလိုအပ်ကြောင်း၊ ဒါကြောင့် သူတို့ လယ်တွေကို သူတို့ထွန်ယက်ခြင်းဖြစ်တယ် လို့ ဒေသခံ ရွာသူ၊ ရွာသားတွေကလည်း ပြောဆိုကြပါတယ်။ 

အခုလို လယ်ယာမြေ ထွန်ယက်မှုကို အနီးအနားက ရွာတွေကပါ လယ်ထွန်နွား အစုံရေ ၅၀ လောက်နဲ့ လယ်ထွန်တာတွေ လုပ်ခဲ့လို့ လုံထိန်းရဲတွေနဲ့ တင်းမာမှု ဖြစ်နေတာကတော့  လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းက ဖြစ်ပါတယ်။

ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီကလည်း လုံခြုံရေးတပ်ဖွဲ့တွေက သပိတ်မှောက် ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွဲမှုကြောင့် ရဟန်းသံဃာများပါ မီးလောင်ဒဏ်ရာတွေ ရခဲ့ကြပါသေးတယ်။ 





အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles