Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရန်ကုန်ဒလ ကူးတို့ခ နှစ်ဆတက်

$
0
0

ဒလ-ရန်ကုန် ကူးနေတဲ့ သင်္ဘောစီးခရီးသည်တွေ စိတ်ညစ်ရမယ့် သတင်းတခု ရှိနေပါတယ်။ အဲဒါကတော့  လာမယ့် တနင်္ဂနွေနေ့ကစပြီး သင်္ဘောစီးခ နှစ်ဆ တက်တော့မယ် ဆိုတာပါပဲ။

ဈေးနှုန်းအပြောင်းအလဲ ကြေညာချက်ကို  သင်္ဘောဆိပ်မှာကပ်ထားတာ တွေ့ရပါတယ်။

ဝန်ဆောင်မှုညံ့ဖျင်းတယ်လို့ ခရီးသွားပြည်သူတွေကြားမှာ ကျော်ကြားတဲ့ ဒလ-ရန်ကုန် ကူးတို့ သင်္ဘောကို တခါတရံမှ စီးသူတွေအတွက်တော့ အခုလို ဈေးနှုန်းအပြောင်းအလဲက ဂရုစိုက်စရာ မဟုတ်ပါဘူး။

သို့သော်လည်း နေ့တိုင်း စီးနေ ကူးနေသူများအတွက်တော့ ခရီးသွား ကုန်ကျစရိတ် နှစ်ဆ တက်သွားတာကို ဂရုစိုက်စရာပါ။
 
“အရင် ၁ဝ ကနေ ၅ဝ ကို ပြောင်းတုန်းကတော့ နိုင်ငံတော်က လောင်စာဆီဈေးနူန်း တွေမြှင့်တက်လာ ပေမယ့် လူစီးခနူန်းတွေကို မတိုးဘဲ
အရှုံးခံပြေး ဆွဲခဲ့ တယ်လို့ပြောတာ မှတ်မိတယ်။
နောက်မှ ၅၀ တိုးပြီး သတ် မှတ်လိုက်တာဖြစ်တယ် ဆိုတဲ့အကြောင်းကို လူကြားကောင်းအောင်ကြေညာပြီး ဈေးနူန်းပြောင်းလိုက်တာကို မှတ်မိတယ်ဗျ” လို့  ရန်ကုန်-ဒလ ကူးတို့ သင်္ဘောစီးသူ ကိုနိုင်ထူးကဆိုပါတယ်။ 

သူက “အခုလည်း ဘယ်လို အရှုံးခံထားရတာကြောင့်ဆိုတာမျိုး ပြောဦးမယ် မသိဘူး၊ မြန်မာပြည်မှာ လူတွေဆီကငွေကိုပဲ တိုးတောင်းနေပြီး ၀န်ဆောင်မှုကတော့ တော်တော်ညံ့တဲ့ နေရာတွေချည်းပဲ။ ဒီသင်္ဘောတွေက အတော်လေးစုတ်နေပြီ၊ ဆေးတောင် မတတ်သာလို့သုတ်နေကြတဲ့ပုံပဲ၊
သင်္ဘောပေါ်မှာလည်း အမြဲတမ်း အမှိုက်တွေနဲ့ပြည့်နေတယ်” လို့ သူက ဆက်ပြောပါတယ်။

သူက သင်္ဘောဝန်ထမ်းများနဲ့ ပတ်သက်ပြီး ပြောစရာတွေ ရှိနေပါသေးတယ်။

“သင်္ဘောပေါ်မှာ ဈေးမရောင်းရဆိုတဲ့စာတန်းတွေကို တွေ့ရပေမယ့် ၀န်ထမ်းတွေက ပိုက်ဆံကောက်ပြီး အောက်ဆိုဒ်ရှာတဲ့သဘောနဲ့ ဈေးသည်တွေကိုခွင့်ပြုထားတာကိုလည်း အမြဲတွေ့နေရာတယ်။
အောက် ခြေ၀န်ထမ်းတွေကဒီလိုနည်းနဲ့ ပိုက်ဆံရှာနေကြတယ်။ နောက်ပြီး လက်မှတ်ကိုမပေးဘဲ လူတွေဆီက ပိုက်ဆံတွေယူခဲ့ကြတဲ့နှစ်တွေကလည်း မနည်းဘူးဗျ၊
လူတွေကလည်း ၅၀ ဆိုတဲ့ငွေနဲ့ စကား မများချင်တာနဲ့ လတ်မှတ်တောင်းတာမျိုးကို မလုပ်ကြဘူး။
ကျွန်တော်ဆို အရင်က သင်္ဘောစီးတိုင်း လက်မှတ်မရဘူး၊  အခုနောက်ပိုင်းသူတို့ လတ်မှတ် မပေးရင်တောင်းတယ်” လို့ သူက ဆိုပါတယ်။  
ဈေးအပြောင်းအလဲကြောင့် လူငယ်အလုပ်သမားတစ်ဦးက စိတ်မသက်မသာ ဖြစ်နေပါတယ် - 

“ကျွန်တော်တို့က ရန်ကုန်မှာ နေ့စားအလုပ်သမားတွေအနေနဲ့ အလုပ်သွားလုပ်ကြတာနေတိုင်း ဒလ နဲ့ ရန်ကုန်ကို အသွား အပြန် လုပ်နေရတာ။
 အခု  ဈေးနူန်းတွေတက်တော့မယ်ဆိုတော့ စိတ်ညစ်သွားတယ် ဗျ၊
ရတဲ့ပိုက်ဆံနဲ့က တစ်နေ့တစ်နေ့ မလောက်တဲ့ကြားထဲမှာဗျာ…တစ်လ ကို ငါးထောင်ကျော်၊ ခြောက်ထောင်လောက်ကုန်မှာ ဗျ”
လို့ လူငယ်အလုပ်သမားတစ်ဦးက ဈေးနူန်းတက်တဲ့အပေါ်မှာ သူ့ရဲ့ အဆင်မပြေမှုကိုပြောပါတယ်။

ဈေးနူန်းတက်ရတဲ့အတွက် သက်ဆိုင်ရာတို့ဆီမှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေတော့ ရှိမှာ အသေအချာပါပဲ။

ရွက်စိမ်း
~

ဆက်စပ်ဖတ်စရာ - ဒလ၊ ရန်ကုန်ကို ဘုရင်တွေနဲ့သွားမယ် 



  ဧရာဝတီ Facebook/ဧရာဝတီ Twitter
 



Viewing all articles
Browse latest Browse all 5236

Trending Articles