Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အိုဘားမား၏ အီးမေးလ်တချို့ ရုရှားကွန်ပြူတာဟက်ကာများရဲ့ ဖျက်ဆီးခြင်းခံရ

$
0
0


photo - www.nytimes.com

ယမန်နှစ်က အမေရိကန်သမ္မတ အိုဘားမားရဲ့  အရေးမကြီးတဲ့ အီမေးလ်တချို့ ကို ရုရှားကွန်ပျူတာ ဟက်ကာများရဲ့  ဖျက်ခြင်းခံခဲ့ရပါတယ်လို့  အမေရိကန် အရာရှိများက ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  အရေးမကြီးတဲ့ ကွန်ပျုတာ အစိတ်အပိုင်းတွေကို ၀င်ရောက်ဖို့ ကြိုးစားခဲ တဲ့ ကွန်ပျုတာဟက်ကာများဟာ သမ္မတ အိုဘားမားရဲ့  ဘလက်ဘယ်ရီ(Black Berry)က မက်စ်ဆေ့ခ်ျတွေကို ထိုးဖောက်လို့ မရနိုင်ခဲ့ပုံ ရပါတယ်။ ဒါပေမယ့် အိမ်ဖြူတော်ရှိ တခြားသူတွေရဲ့  သိမ်းဆည်းထားတဲ့  အီးမေးလ်များနဲ့  သမ္မတ အိုဘားမားနဲ့ ဆက်သွယ်ပြောဆိုလေ့ရှိတဲ့  အိမ်ဖြူတော်ပြင်ပမှ တချို့ သူများရဲ့  အီးမေးလ်များကို ရရှိသွားခဲ့တာပါ။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူများရဲ့ အဆိုအရ အရေးကြီး ကွန်ပျူတာကွန်ရက်ကို ထွင်းဖောက်နိုင်ခဲ့ခြင်းမရှိရုံသာမက အရေးကြီးတဲ့  ထိပ်တန်းလှျှို့ ဝှက်ချက် မည်သည့် အကြောင်းအရာမှ ရရှိသွားခြင်းမရှိခဲ့ပါဘူး။ ရာထူးကြီး အရာရှိတွေမှာ ကွန်ပျုတာနှစ်လုံးဆီရှိပြီး တစ်လုံးက ထိပ်တန်းလျို့ဝှက် ကွန်ပျုတာကွန်ရက်စနစ်ကို သုံးထားပါတယ်။ ကျန်တစ်လုံး ကတော့ ပြင်ပကမ္ဘာနဲ့  အရေးမကြီးတဲ့ ကိစ္စများဆက်သွယ်အသုံးပြုရန်ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ရာမှာ အသုံးပြုတဲ့ ကွန်ပျုတာများမှာ တခါတရံ   အလွန်အရေးကြီးတဲ့  အချက်အလက်တွေဖြစ်တဲ့  နေ့စဉ်အချိန်ဇယားတွေ သံတမန်များနဲ့  အပြန်အလှန်ပြောဆို ထားတဲ့ အီးမေးလ်တွေ၊ ကိုယ်ပိုင်လှုပ်ရှားသွားလာမှုနဲ့  ဥပဒေများကို အပြန်အလှန်ဆွေးနွေးမှုတွေ ရှိနေတတ်ပါတယ်။

ပြောရေးဆိုခွင့်ရှိသူများမှ သမ္မတ အိုဘားမားရဲ့ အီးမေးလ် ဘယ်လောက်များများနဲ့ ဘယ်လို အရေးကြီးတဲ့ အချက်အလက်တွေ ခိုးယူခြင်းခံခဲ့ရတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ သမ္မတကိုယ်ပိုင် အီးမေးလ်အကောင့်ကတော့ ခိုးယူခံရခြင်း လုံးဝမရှိခဲ့ပါ။ သမ္မတ အိုဘားမားရဲ့ ထိပ်တန်းလျှို့ ဝှက်အကြောင်းအရာတွေကို ပုံမှန်အနေနဲ့  နှုတ်ဖြင့် သော်လည်းကောင်း စာရွက် ဒါမှမဟုတ် ထိပ်တန်းလျှို့ ဝှက်ကွန်ပျုတာ ကွန်ရက်စနစ်ကို သုံးထားတဲ့ အိုင်ပက်ကနေတဆင့် ပို့ဆောင်လေ့ရှိပါတယ်။

တရုတ်နိုင်ငံမှ ကွန်ပျုတာဟက်ကာများဟာ စီးပွားရေးနဲ့ ဒီဇိုင်းအချက်အလက်တွေ ခိုးယူရာမှာ လူသိများပြီး ရုရှားကွန်ပျုတာဟက်ကာများကတော့ သူတို့ရဲ့ တိုက်ခိုက်တဲ့ လမ်းကြောင်းကို ဖျောက်တဲ့နေရာမှာ ပိုမိုကောင်းမွန်ပြီး အကြောင်းအရာတခု နေရာတခုကိုသာ အဓိကထား တိုက်ခိုက်တာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ နိုင်ငံရေးနဲ့ ပတ်သက်မှုတွေမှာ တိုက်ခိုက်မှုတွေ ပိုများပါတယ်။ ယမန်နှစ် အီးမေးလ်ခိုးယူမှုဖြစ်ပွားချိန်ဟာ ရုရှားနိုင်ငံနဲ့  ဆက်ဆံရေးတင်းမာမှုတွေဖြစ်ပွားနေချိန်မှာလဲ ဖြစ်ပါတယ်။

အိမ်ဖြူတော်အတွင်းမှာလဲ သမ္မတရဲ့  အီလက်ထရောနစ်ပစ္စည်းများကို ဘယ်လို ထိန်းချုပ် ကာကွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သမ္မတ အိုဘားမားအနေနဲ့ အခုလို ကွန်ပျုတာအင်တာနက်တိုက်ခိုက်မှုဟာ ပထမအကြိမ် မဟုတ်ခဲ့ပါဘူး။ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲကာလမှာလဲ တရုတ်ကွန်ပျုတာဟက်ကာများရဲ့  တိုက်ခိုက်ခြင်းခံခဲ့ရဖူးပါတယ်။

အစပိုင်းမှာ အင်တာနက်ကွန်ပျုတာ တိုက်ခိုက်မှုတွေ စုံစမ်းစစ်ဆေးရာမှာ အရာရှိများဟာ မည်သူက တိုက်ခိုက်တယ်ဆိုတာကို ဖော်ပြဖို့ ငြင်းဆန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ပြီးခဲ့တဲ့ အပတ်ကမှ ပြည်ထဲရေးဝန်ကြီးဌာနက  အက်ရှ်တန်ကာတာမှ ပန်တဂွန် စစ်ဌာနချုပ်ရဲ့ အရေးမကြီးတဲ့ ကွန်ပျုတာနည်းစနစ်များကို ရုရှားဟက်ကာများမှ တိုက်ခိုက်ဖို့  ကြိုးစား ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဟက်ကာများ ၀င်ရောက်လာခြင်းကို ချက်ချင်း သိရှိပြီး ဖယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပန်တဂွန်စစ်ဌာနချုပ် တိုက်ခိုက်မှုနဲ့  အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီး တိုက်ခိုက်သူ တူမတူကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဖြေဆိုဖို့  ငြင်းဆန်ခဲ့ပါတယ်။

အိမ်ဖြူတော်အနေနဲ့  ရုရှား၊ တရုတ်ကသာမက နေရာတိုင်းမှ နေ့တိုင်းဆိုသလို အင်တာနက် တိုက်ခိုက်မှုကို အဆက်မပြတ်ခုခံနေရတာပါ။

အိမ်ဖြူတော် ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပန်တဂွန် စစ်ဌာနချုပ်တို့ဟာ သူတို့ရဲ့  အရေးကြီး ထိပ်တန်းလျှို့ ဝှက်ချက်တွေကို JWICS ( Joint Worldwide Intelligence Communication System) လို့ခေါ်တဲ့  နည်းပညာကို အသုံးပြုသိမ်းဆည်းထားပါတယ်။ အဲဒီ နည်းပညာ အသုံးပြုထားတဲ့ အချက်အလက်တွေကို ထိပ်တန်းလျှို့ ဝှက်ချက်တွေကိုင်ဆောင်ထားတဲ့ ၀န်ထမ်းအရာရှိများသာ အသုံးပြုနိုင်ပါတယ်။


နေနေ


ကိုးကားသတင်း။  ။ http://www.nytimes.com/2015/04/26/us/russian-hackers-read-obamas-unclassified-emails-officials-say.html?hp&action=click&pgtype=Homepage&module=first-column-region&region=top-news&WT.nav=top-news






Viewing all articles
Browse latest Browse all 5236

Trending Articles