Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရန်ကုန်မြို့လယ်မှာ အထုခံနေရတဲ့ကား

$
0
0





ရန်ကုန်မြို့လယ် လူသွားလမ်းပေါ် ပိတ်ဆို့ရပ်ထားတဲ့ မော်တော်ယာဉ်တစီးကို လမ်းသွားလမ်းလာတွေက ရှောင်ကွင်းသွားနေကြတာ ၄ ရက် ရှိပါပြီ။
တချို့ကတော့ ကားကို ဘုန်းခနဲ အသံမည်အောင် ထုနှက် အားပေးကြပါတယ်။

ယာဉ်မောင်းလာသူ/ယာဉ်ပိုင်ရှင် ဘယ်သူလဲ၊ ဘာကြောင့် အချိန်ဒီလောက်ကြာကြာ ပိတ်ဆို့ ရပ်ထားရတာလဲ ဆိုတာတော့ မသိကြပါဘူး။

ဒီနေ့ ကြာသပတေး မနက်ပိုင်းအထိ ဒီကား ရှိနေဆဲပါ။
နေရာက ဆိပ်ကမ်းသာလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်။

ရန်ကုန်မြို့လယ်ရဲ့ ထုံးစံအတိုင်း  အဲဒီနေရာ လူသွားလမ်းပေါ်မှာ/ဘေးမှာ  လမ်းဘေးဈေးသည်တွေ မိုးလင်း-မိုးချုပ် ရှိနေပါတယ်။
နဂိုကတည်းက   လမ်းလျှောက်ရ ခက်ပြီးသားပါ။
 လမ်းဘေးဆင်းလျှောက်ဖို့ဆိုရင်လည်း ရပ်ထားတဲ့ကား၊ မောင်းလာတဲ့ကားတွေ ရှိပါလိမ့်မယ်။

ရုံးချိန်၊ အလုပ်သွားအလုပ်ပြန်ချိန်တွေဆို လူတွေက သွားသွားလာလာ ရှုပ်ရှုပ်ထွေးထွေး။ နေက ပူပူ။
မြို့တော်စည်ပင်ရွေးကောက်ပွဲအပြီး လူကြီးတွေ အသစ်ပြောင်းတာလည်း ကြာလှပြီ၊ ရန်ကုန်မြို့လယ် လမ်းလျှောက်ရတဲ့ အခြေအနေက အရင်အတိုင်း။
လူကြီးတွေက ရုံးခန်းထဲ အလုပ်သိပ်များနေလို့ ပြင်ပအခြေအနေတွေ လက်လှမ်းမမီတာလည်း ဖြစ်နိုင်ပါတယ်။

လမ်းလျှောက်ရခက်ခဲတဲ့အခြေအနေမှာ အပေါ်ကဓာတ်ပုံထဲကလို လမ်း ပိတ်ရပ်ထားတဲ့ကားမျိုးကို ရန်ကုန်မြို့လယ်မှာ မကြာခဏ တွေ့ရမှာပါ။ ဒီလို ရက်ကြာကြာ ရပ်ထားတာမျိုးမဟုတ်ပေမယ့် နာရီပေါင်းများစွာ ရပ်ထားတတ်ကြပါတယ်။
ကရိန်းကားနဲ့ဆွဲသွားဖို့ကလည်း အာဏာပိုင်တို့ဆီမှာ ၀န်ထမ်းအင်အား လုံလောက်ပုံမရပါဘူး။
လုံလောက်တယ်ဆိုရင် နယ်မြေခံ စည်ပင်ရဲရဲ့ အစီအစဉ်နဲ့ အဲဒီကား တနေရာရာ ရောက်သွားတာ ကြာလှပေါ့။

ယာဉ်မောင်းသူတွေ ကားရပ်နားတဲ့အခါ ကိုယ်ချင်းစာစိတ်လေးနဲ့ ရပ်ကြမယ် ဆိုရင် လမ်းလျှောက်သူများ ပိုအဆင်ပြေမှာဖြစ်ပါတယ်။

ကားနံပတ်ကိုတော့ YGN 1H - 7628 ဆိုပြီး  တွေ့ရမှာပါ။

ကားနံပတ် ဖော်ပြရခြင်း အကြောင်းရင်းက ...  ဒီကားက အခိုးခံသွားရတဲ့ကား ဆိုရင် လိုက်ရှာနေတဲ့ ပိုင်ရှင်တို့ အာဏာပိုင်တို့ အဆင်ပြေစေဖို့ ဖြစ်ပါတယ်။


စည်သူလင်း

Viewing all articles
Browse latest Browse all 5236

Trending Articles