Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သူငယ်ချင်းတို့ မင်္ဂလာဆောင်ကြဦးမလား

$
0
0


photo- thecoconutexpress.net

အခုချိန်မှာ နှစ်သစ်ကူးအခါသမယလည်းကျော်လွန်လာခဲ့ပါပြီ။ မကြာခင်ဆိုရင်တော့ ၀ါဝင်တော့မှာပါ။ ပွင့်လင်းရာသီ ကုန်ဆုံးခါနီးလို့ ၀ါမ၀င်ခင် ကာလ အတောအတွင်းလေးမှာ အသည်းအသန် အမီ မင်္ဂလာဆောင်ကြမယ့် စုံတွဲတွေအတွက် ရယ်စရာဟာသလေး တပုဒ်ကို ဧရာဝတီဘလော့ဂ်က ဖော်ပြပေးချင်တာပါ။

တခါက အလွန်ကြီးမားတဲ့တောအုပ်ကြီးထဲမှာ ကျားပေါက်တစ်ကောင်ရဲ့ မင်္ဂလာဆောင် ကျင်းပသတဲ့ ။

ကျားဆိုတာ တောဘုရင် (တောမျက်နှာဖုံး) ဆိုတော့ တောနေ လှေအောင်း မြင်းဇောင်းမကျန်ဆိုသလို တောသတ္တ၀ါတွေ မင်္ဂလာ ဆောင်ကို လာကြရ၊ မရှိ/ရှိတာလေး လက်ဖွဲ့ကြရတာပေါ့။ အဲ ... မင်္ဂလာဆောင်ရဲ့ Tempo အမြင့်ဆုံး အချိန်ရောက်တော့ ပရိသတ်တွေ လည်း စုံစုံလင်လင် ရောက်နေတာပေါ့။
အဲသလောက် ပရိသတ်များများ မမြင်ဖူးတဲ့ ပရိသတ်ထဲက မျောက်တစ်ကောင်က သူ့ဘေးမှာထိုင်နေတဲ့ နွားထီးတစ်ကောင်ကို မေးသတဲ့ ..

"ကိုနွား"

"ဘာလဲကွ"

"ဒီလောက်စည်ကားတဲ့ မင်္ဂလာဆောင်မျိုး မမြင်ဖူးဘူးဗျာ"လို့ပြောတော့ ကိုနွားက "ပျော်စရာကြီးကွနော့"လို့ပြုံးပြုံးကြီးပြောသတဲ့။
ခဏနေတော့ မင်္ဂလာသတို့သား ကိုရွှေကျားနဲ့ သတို့သမီး မရွှေကျားတို့ထွက်လာတော့ ဆိုင်းဝိုင်းကြီးက ဘိတ်သိတ်သီချင်း တီးပါလေရော။ ဒီမှာတင် ခုနကနွားထီးကြီးက ထ ကတော့တာကိုး။ ဒါကို မျောက်က တအံ့တသြကြည့်ရင်းနဲ့ မေးသတဲ့။

"ကိုနွား ကိုနွား ဘယ်လိုဖြစ်တာလဲဗျ"ဆိုတော့၊  ကိုနွားက "ငါ့ညီအငယ်ဆုံးလေး မင်္ဂလာဆောင်တာဆိုတော့ ပျော်လွန်းလို့ပါကွာ"လို့ သူကပြောသတဲ့။
ဒီတော့ မျောက်ကမေးတာပေါ့ .. .."ကိုနွားကလဲ ကြံကြီးစည်ရာဗျာ၊ ခင်ဗျားကနွား ဟိုကကျား လားလားမှမဆိုင်တာပဲ"လို့ ပြောတော့
ကိုနွားက "ညီလေးမျောက်  လောကမှာ မင်းမသိတာတွေ အများကြီးရှိတယ်ကွ။ တကယ်တော့ ညီလေးရေ ခု မင်္ဂလာဆောင်နေတာ ငါ့ညီအရင်းကွ"လို့ပြောသတဲ့။

ဒီမှာတင် မျောက်က "ဗျာ .. ကိုနွား .. သတို့သားကျားက ကိုနွားရဲ့ ညီအရင်းဟုတ်လား .. ဟား..ဟား..ဟား မဖြစ်နိုင်တာဗျာ လာနောက်မနေပါနဲ့"လို့ ရယ်သွမ်းသွေးရင်းပြောသတဲ့။

ဒီတော့မှ နွားထီးကြီးက နောင်တရတဲ့လေသံနဲ့ ဆွေးဆွေးမြေ့မြေ့ ပြောရှာသတဲ့။

"ညီလေးရေ တကယ်တော့ မင်္ဂလာမဆောင်ခင်တုံးကတော့ ငါလည်းပဲ အလွန်ဆိုး အလွန်အနိုင်ကျင့်တတ်တဲ့ ကျားတစ်ကောင်ပဲကွ"

*(မင်္ဂလာဆောင်ပြီမှ နွားဖြစ်သွားရှာတာ)

မိတ်ဆွေတို့ မင်္ဂလာဆောင်ကြဦးမလား မင်္ဂလာ



 

ပျော်ရွှင်ကြပါစေ။
နိုင်စွမ်း

Viewing all articles
Browse latest Browse all 5236

Trending Articles