Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လူ့အသက်ကယ်တဲ့ ကြွက်များ

$
0
0


photo -www. apopo.org

အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာမှာ မြေမြှုပ်မိုင်းတွေကို ကြွက်တွေနဲ့ ရှာဖွေတူးဖော်တာ လူတွေ မိုင်းရှာစက်နဲ့ ရှာတာထက် ပို အလုပ်ဖြစ်နေတယ်လို့ The New York Times သတင်းစာက ရေးလိုက်ပါတယ်။

သတင်းစာရဲ့ နာမည်ကြီး ပင်တိုင်ဆောင်းပါးရှင် Nicholas Kristof က HeroRats လို့ သိကြတဲ့ ၃ ပေလောက် ရှည်တဲ့ ကြွက်ကြီးတွေကို သင်ကြားပေးပြီး မြေမြှုပ်မိုင်းဖော်တာဟာ စက်ကရိယာတွေနဲ့ လူတွေ ရှာဖွေတူးဖော်တာထက် အလုပ်ပိုဖြစ်တယ်လို့ ရေးသားထားပါတယ်။





ပုံစံတကျအတိုင်းဆို ဗုံးကာ ဝတ်စုံပြည့်ဝတ်ထားပြီး မိုင်းရှာကိရိယာနဲ့ ရှာကြသူတွေဟာ သံတိုသံစ တွေ့လို့ စက်က သတိပေးရင်တောင် သတိကြီးကြီးနဲ့ မြေကြီးအောက် ရှိနေတဲ့ အရာကို တူးကြရပါတယ်။ မိုငယ်းလား သေနတ်ကျည်ကပ်လား သံချောင်းလားဆိုတာ တူးပြီးမှ သိကြရတာပါ။

ကြွက်တွေကတော့ ဝတ်စုံဝတ်စရာ မလို၊ ငှက်ပျောသီး မြေပဲ ထောပတ်သီး ပန်းသီးကျွေးဖို့သာ လိုပါတယ်။ အလေးချိန်ကလည်း မစီးတော့ မိုင်းထကွဲစရာလည်း မဖြစ်။ သံတိုသံစကိုလည်း မရွေး၊ မိုင်းကိုပဲ အနံ့ခံ ရွေးပါသတဲ့။ သံတိုသံစတွေ ပြည့်နေတဲ့ စစ်ပွဲလွန် နယ်မြေတွေမှာ လူနဲ့ရှာရင် တနေ့ကို မီတာ ၂၀ ပတ်လည်လောက်ပဲ ရှင်းနိုင်ပါတယ်။ ကြွက်တွေနဲ့ ရှင်းရင် အဆ ၂၀ ပိုကျယ်အောင် ရှင်းနိုင်ပါတယ်။

HeroRat ပရိုဂရမ်ကို ဘယ်လ်ဂျီယမ်နိုင်ငံသား လူငယ် Bart Weetjens က စ ပုံစံထုတ်ပါတယ်။ နောက် တန်ဇန်နီးယားမှာ ကြွက်တွေကို သင်တန်းပေးတဲ့ Apopo အဖွဲ့ကို ထူထောင်ပါတယ်။ အခု ကြွက် ၃၉ ကောင် ရှိပြီး ကြွက်တွေကို ထောက်ပံ့လှူဒါန်းနိုင်တာမို့  Nicholas Kristof တောင် လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက တန်ဇန်နီးယား ဘောလုံးသမား နာမည်မှဲ့ထားတဲ့ Boban လို့ခေါ်တဲ့ ကြွက်ကို မွေးစားထားပါသေးတယ်။


Apopo အဖွဲ့ဟာ ကြွက်တွေကို မိုင်းရှာခိုင်းရုံမက တီဘီရောဂါပိုး ရှာဖွေစမ်းသပ်ရာမှာလည်း ကူညီစေပါတယ်။ တီဘီပိုးပါ မပါ သလိပ်နမူနာတွေကို လူနဲ့ မှန်ဘီလူးအောက်မှာ စစ်ရင် တနေကုန် ၂၅ ခုပဲ စစ်နိုင်ချိန်မှာ ကြွက်က မိနစ် ၂၀ အတွင်း နမူနာ ၂၀၀ ကို စစ်နိုင်ပါတယ်။ ကြွက်တွေက ရွေးထုတ်လိုက်တဲ့ ပိုးပါတယ်ဆိုတဲ့ နမူနာတွေ မှန်ကန်ကြောင်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကလည်း အတည်ပြုကြပါတယ်။

 Apopo အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်လိပ်စာက https://www.apopo.org/enဖြစ်ပါတယ်။



Viewing all articles
Browse latest Browse all 5236

Trending Articles