Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အသက်အငယ်ဆုံး မော်ဒယ် သို့မဟုတ် ပါရမီရှင်လေး အစ္စဘယ်လာ ဘားရက်ထ်

$
0
0

photo - www.rtl.hr

အသက် ၇ နှစ်ပဲ ရှိသေးတဲ့ ကလေးငယ်မလေး တယောက်ဟာ အောင်မြင်မှုတွေ အပြည့်နဲ့ အနုပညာလမ်းကြောင်း ပေါ်မှာ လျှောက်လှမ်းနေပြီလို့ ဆိုရင် အံ့သြမသွားပါနဲ့။ အစ္စဘယ်လာ ဘားရက်ထ် (Isabella Barrett) ဆိုတဲ့ ချစ်စရာ မော်ဒယ်လ်ကောင်မလေးဟာ ဒေါ်လာ သန်းချီပြီးတော့ ၀င်ငွေတွေလည်း ရရှိနေပါတယ်။ သူမရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အချက်တွေရယ်၊ The Mirror မှာ ဖော်ပြခဲ့တဲ့ သတင်းရယ်ကို အခြေခံပြီး သူမရဲ့ အကြောင်း ဧရာဝတီ ဘလော့ဂ်က ပြောပြချင်ပါတယ်။

သူမကို အမေရိကန် ပြည်ထောင်စု ရိုဒိကျွန်းစုမှာ ရှိတဲ့ ခရမ်စတန် မှာ ၂၀၀၆ ခုနှစ် သြဂုတ်က ၂ ရက်မှာ မွေးဖွားခဲ့တာ ကြောင့် အခုဆိုရင် ၇ နှစ်ပဲ ရှိသေးတဲ့ ကလေးငယ်တဦးပါ။ သူမမှာ ဗစ်တိုးရီးယားလို့ခေါ်တဲ့ အစ်မ တဦးရှိပါတယ်။ ပြီးတော့ ဆိုဖီယာလို့ အမည်ပေးထားတဲ့ ချစ်စရာ ခွေးလေးလည်း မွေးထားပါသတဲ့။ သူမဟာ တခြား ကလေးငယ် တွေလိုပဲ တောင်တက်ရတာ၊ သီးချင်းတွေဆို က ခုန်ရတာ၊ ဈေးဝယ်ရတာ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေရတာကို ခုံမင်ပါသတဲ့။

သူမကို လူသိများ ကျော်ကြားလာစေခဲ့တာက “Toddlers and Tiaras” ဆိုတဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းပါ။

“သမီးက စူပါစတားပေါ့နော်။ သမီးကိုယ်ပိုင် ရတနာဆိုင် ရှိပါတယ်။ သမီးက သူဌေးကြီး ဖြစ်ချင်တာပါ။ တခြားအရာတွေထက် သမီးပိုပြီး နှစ်သက်တာက ဖိနပ်တွေပါပဲ။ အခုဆို ဖိနပ် အရံ ၆၀ ကျော် ရှိပါတယ်” လို့ အစ္စဘယ်လာက The Mirror သတင်းစာကို ပြောပြပါတယ်။

သူမဟာ အသက်အငယ်ဆုံး မော်ဒယ်တဦး ဖြစ်ပြီး ငယ်စဉ်ကတည်းက အရုပ်တွေ စုဆောင်းရတာ ၀ါသနာပါသူပါ။ ပြီးတော့ သူနှစ်သက်တဲ့ အဆိုတော် ဂျပ်စတင် ဘီဘာရဲ့ ဓာတ်ပုံတွေကိုလည်း စုဆောင်းထားပါ သေးသတဲ့။

ငယ်ရွယ်တဲ့  သူမအတွက် အသက် ၄ နှစ်အရွယ်ကတည်းက သူမရဲ့ စီးပွားရေး လုပ်ငန်းတွေကို မိခင်ဖြစ်တဲ့ ဆူဆန်နာ ဘားရက်ထ်က စီမံအုပ်ချုပ်ပေးပါသတဲ့။
သူမရဲ့ အမေက အခုလို ပြောပါတယ်။

“အခုဆိုရင် အစ္စဘယ်လာ ဘားရက် အတွက် ငွေကြေး အပြည့်အစုံကို ဘဏ်မှာ ထည့်ပေးထားပါပြီ။ ဒီငွေတွေက သူမရဲ့ အနာဂတ် အတွက်ပါ” လို့ ပြောပါတယ်။




အမေရိကန်ပြည်ထောင်စုမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ မိဘတွေအနေနဲ့ သားသမီးတွေ ရရှိတဲ့ ၀င်ငွေပေါ် မူတည်ပြီး စုဆောင်းပေးထားမှုတွေ လုပ်ပေးရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် အဲဒီငွေကြေးကို အသက် ၁၈ နှစ် မပြည့်မီ ထုတ်သုံးခွင့် မရှိပါဘူး။ ဒါကလည်း မိဘတွေကိုရော သားသမီးတွေအတွက်ပါ နောင်တချိန်မှာ အဆင်ပြေစေဖို့ ရည်ရွယ်တဲ့ ဥပဒေ ပြဌာန်းချက်လို့ ဆိုရမှာပါ။

သူမရဲ့ ကိုယ်ရေးအကျဉ်းကတော့..

အမည်း Isabella Barrett
မွေးသက္ကရာဇ်း သြဂုတ် ၂ ၊ ၂၀၀၆
မွေးဇာတ်း Cranston, Rhode Island
ရရှိခဲ့သည့်ဆုး Miss. Tiny American 2012
ဆက်သွယ်ရန်း parkavepuppys@aol.com တို့ပါ။
သူမရဲ့ ၀က်ဆိုဒ်တွေကတော့..

http://www.isabellabarrett.net
http://www.theglitzygirl.com
http://www.twitter.com/isabellabarrett

Viewing all articles
Browse latest Browse all 5236