Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်းနိုင်ငံရဲ့ ယာယီနေထိုင်ခွင့် နဲ့ အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကတ် ၁၀ နှစ် သက်တမ်းတိုးမြှင့်

$
0
0

ဓာတ်ပုံများ - ငြိမ်းဇော်/ The Irrawaddy

 ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် ယာယီနေထိုင်ခွင့် နဲ့ အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကတ်ကို သက်တမ်း တစ်နှစ်ကနေ ၁၀ နှစ်အထိ တိုးမြှင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီပန်းရောင်ကတ်ကို ထုတ်ပေးခဲ့တဲ့ အရင် စစ်အာဏာသိမ်း ထိုင်းအစိုးရက ၂၀၁၄ ခုနှစ် ဇွန်လကုန်ပိုင်းကနေ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ်သက်တမ်း သတ်မှတ်ပေးခဲ့တာပါ။

ယခုနှစ် ၂၀၁၅ ဧပြီလ ၁ ရက်နေ့ကစလို့ ပန်းရောင်ကတ်ကို ပြန်လည်သက်တမ်းတိုးရာမှာ ၂၀၁၅ ဧပြီမှ ၂၀၂၅ ဧပြီအထိ ၁၀ နှစ်သက်တမ်း တိုးမြှင့်ပေးလိုက်ပါတယ်။ ယခုကဲ့သို့ တစ်နှစ်ကနေ ၁၀ နှစ်အထိ တိုးမြှင့်ပေးလိုက်ခြင်းဟာ ထိုင်း- မြန်မာ နှစ်နိုင်ငံ သဘောတူညီထားချက်အရ မြန်မာအစိုးရမှ အချိန်မီ ယာယီနိုင်ငံကူး လက်မှတ် မထုတ်ပေးနိုင်တာကြောင့် ထိုင်းဘက်မှ ကြိုတင် ၁၀ နှစ်တိုးမြှင့်လိုက်ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် ပန်းရောင်ကတ်ကိုသာ သက်တမ်းမြှင့်ပေးလိုက်တာဖြစ်ပြီး ကတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ကိုတော့ နှစ်စဉ် ပုံမှန် တစ်နှစ်တကြိမ် သက်တမ်တိုးရမှာပါ။ အခုနှစ်အတွက် သက်တမ်းတိုးပြီးသူတွေအနေနဲ့ နောက် ၃ လအတွင်းမှာ ကျန်းမာရေး ဆေးစစ်ခယူရမှာဖြစ်ပြီး အလုပ်သမား လက်မှတ် အပြာရောင်စာအုပ်ကို ရရှိပါမယ်။ ၎င်း ဆေးစစ်ခအတွက် ဘတ် ၅၀၀ ထပ်မံပေးသွင်းရပါမယ်။


ပန်းရောင်ကတ် သက်တမ်းတိုးမြှင့်ပေးနေတဲ့ လုပ်ငန်းစဉ်ကို ချင်းမိုင်ခရိုင်အတွက် ဧပြီလ မှ ဇွန်လကုန် အထိ ၃ လ အချိန်ရရှိပါတယ်။



ငြိမ်းဇော်

Viewing all articles
Browse latest Browse all 5236

Trending Articles