Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကန်ချနပူရီ ကျားဘုရားကျောင်းမှ ကျားများပျောက်ဆုံးရခြင်းကို ရှင်းလင်းရန် ငြင်းဆို

$
0
0


photo - bangkok coconuts.co

 တိရစ္ဆာန်ကုန်ကူးမှုနှင့် သံသယဖြစ်ခံနေရသော ထိုင်းနိုင်ငံ ကန်ချနပူရီ ကျား ဘုရားကျောင်းမှ တာဝန်ရှိသူတွေက ကျားတိရစ္ဆာန်များ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တောရိုင်း တိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး တာဝန်ရှိသူများရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ပူးပေါင်းဖို့ရန် ငြင်းဆိုခဲ့ပါတယ်။

ကန်ချနပူရီ ကျား ဘုရားကျောင်းတွင် ကျား အကောင်ရေ ၁၅၀ ခန့် ထိန်းသိမ်းထား ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စစ်မှုထမ်းဟောင်းတစ်ယောက်က ကျားဘုရားကျောင်းမှ အနဲဆုံး ကျားအကောင်ရေ ၃ ကောင် တရားမ၀င် ရောင်းချခဲ့တယ်လို့  သံသယရှိကြောင်း တောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနကို တိုင်ကြားခဲ့တာပါ။

စောင့်ရှောက်ရေးဌာနမှ ဖေဖော်ဝါရီလမှ စတင်ပြီး ကျား ဘုရားကျောင်းကို အကြိမ်ကြိမ် အခါခါ ၀င်ရောက်စစ်ဆေးခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ ကျား ၃ကောင်မှာ ဘင်္ဂါးပြည်နယ်မှ အသက် ၃ နှစ်မှ ၇ နှစ် အရွယ် ကျားများဖြစ်ပါတယ်။

တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ ကန်ချနပူရီ ကျား ဘုရားကျောင်းမှ ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်မှုများ မပေးနိုင်ပါက ကျားများကို  ရပ်ချပူရီ ပြည်နယ်ကို ပြောင်းရွေ့ သွားမယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကလဲ ရှားပါးတဲ့ ငှက်အကောင်ရေ ၁၀၀ ကျော် ပျောက်ဆုံးမှုနဲ့  သံသယ ရှိတဲ့အတွက် ငှက်များကိုပြောင်းရွေ့  ဖယ်ရှားခဲ့ရပါသေးတယ်။


နေနေ


ကိုးကားသတင်း။  ။ http://bangkok.coconuts.co/2015/04/02/tiger-temple-refuses-explain-missing-tigershttp://bangkok.coconuts.co/2015/04/02/tiger-temple-refuses-explain-missing-tigers

Viewing all articles
Browse latest Browse all 5236

Trending Articles