Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပရိတ်သတ်အားပေးနေဆဲမို့ မွေးနေ့ဖျော်ဖြေပွဲကို ဒီနှစ်လည်း လုပ်မယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

$
0
0


မြန်မာနိုင်ငံရဲ့ အဆိုတော်တွေထဲမှာ နှစ်စဉ် သင်္ကြန်နားနီပြီဆိုရင် သူ့ရဲ့ မွေးနေ့ ဖျော်ဖြေပွဲကို ပြုလုပ်လေ့ရှိတဲ့ အဆိုတော် သရုပ်ဆောင်တဦးရှိပါတယ်။ သူကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ပါ။

ပရိတ်သတ်အားပေးမယ် မအားပေးဘူးဆိုတာ မသေချာနိုင်လို့ ၂၀၁၃ မွေးနေ့ဖျော်ဖြေပွဲကို သူရဲ့ မွေးနေ့ နောက်ဆုံးဖျော်ဖြေပွဲပါလို့ ပြောခဲ့ပေမယ့် ဒီနှစ်မှာ ထပ်လုပ်သွားပါဦးမယ်တဲ့။

ဒါဆိုရင် သူ့ရဲ့ Birthday Show ပွဲကို ဒီနှစ်မှာလည်း ထပ်ပြီးပြုလုပ်သွားဦးမယ်လို့ဆိုတော့ ဟစ်ဟော့ပ်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တယောက် ပရိတ်သတ်အားပေးမှုကို ဒီကနေ့အထိ ရရှိနေတုန်းပဲလို့ ဆိုရလေမလား။

“ကျနော်အနေနဲ့ သီချင်းတွေကို သီဆိုခွင့်ရတဲ့ အချိန်အထိ ဆယ်ကြိမ်မကဘူး၊ နောင်အကြိမ်နှစ်ဆယ်၊ ဒီအသက်အရွယ်မကဘူး။ နောင် အသက်တွေကြီးလာရင်လည်း အသက် ၈၀ အထိ အားပေးတဲ့သူတွေရှိရင် ဆိုချင်ပါတယ်။ မနှစ်က ဆယ်ကြိမ်ဖြစ်သွားတဲ့အတွက် နောင်နှစ်ကျရင်ရော ပရိသတ်တွေ အားပေးပါ့ဦးမလားဆိုတာ မသေချာတော့ဘူးလို့ ကျနော်ပြောပါတယ်။ ဒီနှစ်မှာတော့ ကျနော်မှာ အားပေးမယ့် ပရိသတ်တွေလည်းရှိတယ်။ အားပေးကူညီပေးမယ့် သူတွေလည်း ရရှိတယ်။ သူငယ်ချင်းတွေကလည်း ဥမကွဲသိုက်မပျက် ကူညီကြမယ်လို့ ဆိုတဲ့အတွက် ပွဲလုပ်တဲ့အတွက်လည်း အားလုံး အားပေးပျော်ရွင်ကြတယ်ဆိုတဲ့အတွက် ကျနော် ဘာလို့ မလုပ်ရမှာလဲဗျာ” လို့ သူရဲ့ မွေးနေ့ရှိုးပွဲ ထပ်လုပ်ဖြစ်တဲ့အကြောင်းကို စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

ဒီလို သူ့ရဲ့ Birthday show ပွဲတွေ လုပ်လာတာ အခုနှစ်နဲ့ပါဆိုရင် ၁၁ ကြိမ်မြောက်ရှိလာပါပြီ။

ဒီနှစ် show ကိုတော့ birthday Show လို့ နာမည်မပေးတော့ဘဲ မွေးရက်ဖြစ်တဲ့ Apirl 10 show လို့သာ နာမည်ပေးထားပါတယ်။ ဒါ့အပြင် ခေါင်းစဉ်အသစ်နဲ့ ပြန်ပြုလုပ်တဲ့ Show ဖြစ်တဲ့အတွက် ရင်ခုန်မှုအသစ်နဲ့ပိုပြီးလည်း တက်ကြွနေတယ်လို့လည်း စိုင်းစိုင်းခမ်းလှိုင်က ဆက်ပြောပါတယ်။

ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်းမှာပဲ ညနေ ငါးနာရီမှ စတင်ကာ ကျင်းပမှာဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်နဲ့အတူတူ နန္ဒစိုင်း၊ ကောင်းမြတ်၊ ဘန်နီဖြိုး၊ ကီကီ၊ စိုးကြီး၊ Snare ၊ မိစန္ဒီ တို့က ပါဝင် သီဆိုဖျော်ဖြေပေးကြမှာဖြစ်ပါတယ်။ ပြုလုပ်ပြီးခဲ့တဲ့ Birthday Show တိုင်းကို မတူညီတဲ့ Concert နဲ့ မတူညီတဲ့ ပုံစံများ၊ စတိတ်စင် အပြင်အဆင်များနဲ့ ပြုလုပ်ခဲ့ပြီး ဒီနှစ်မှာလည်း ပြီးခဲ့တဲ့ ဆယ်ကြိမ်က ပြုလုပ်ခဲ့တဲ့ စတိတ်ဒီဇိုင်းတွေ နဲ့မတူအောင် ဆွဲထားပြီး ဖျော်ဖြေတင်ဆင်မှုတွေ ပြုလုပ်ဦးမှာပါတဲ့။ ယာယီအနေနဲ့ စိုင်းစိုင်းခမ်းလှိုင်က သီချင်း ၂၅ ပုဒ်ကို ရွေးချယ်ထားကာ ဖျော်ဖြေချိန် ငါးနာရီအတွင်း ကိုယ်တိုင်ဖျော်ဖြေချိန်ကို ၂နာရီခွဲ ဖျော်ဖြေပေးမှာဖြစ်ပြီး ကျန်အချိန် တွေကို သူငယ်ချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သီချင်းများကို Band နဲ့ သီဆိုမှုတွေ ပြုလုပ်မှာဖြစ်ပြီး ခါတိုင်းနှစ်တွေနဲ့ မတူညီတဲ့ အရသာကို ခံစားရမှာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကို ဒီနှစ်မှာ ဘယ်လို မွေးနေ့လက်ဆောင်လိုချင်လည်းဆိုတော့ “မွေးနေ့လက်ဆောင်ကို ဘယ်လိုလက်ဆောင်ရယ်၊  ငယ်ငယ်တုန်းကလို ဘာပစ္စည်းရယ်လို့တော့ မလိုချင်ပါဘူး မွေးနေ့ကို စည်စည်ကားကား ပရိသတ်နဲ့အတူတူ ကျင်းပခွင့်ရတာကိုက ကျနော့အတွက် မွေးနေ့လက်ဆောင်ပါပဲ၊ ဒါကိုပဲ ကျနော်လိုချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ Apirl 10 show ကို TV Channel လိုင်းတွေမှာ Live တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာ မဟုတ်ဘဲ လက်မှတ်ဈေးနှုန်းတွေကိုတော့ ကျပ် ၉၀၀၀ သတ်မှတ်ထားပါတယ်။


ယုမွန်ကျော်


Viewing all articles
Browse latest Browse all 5236

Trending Articles