Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်းအဆိုတော်ထုံချိုင်းရဲ့ မြန်မာပြည်ခရီး

$
0
0


ဓာတ်ပုံများ - ဂျေပိုင်/ The Irrawaddy

မြန်မာပရိသတ်တွေ အသည်းစွဲ ဖြစ်ခဲ့ဖူးတဲ့ နာမည်ကြီးထိုင်းအဆိုတော် ထုံချိုင်းဟာ မြန်မာနိုင်ငံကို မတ်လ၂၉ရက်နေ့က ရောက်ရှိလာခဲ့ပြီး မြန်မာပရိသတ်တွေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ တေးသံရှင်ထုံချိုင်းဟာ ထိုင်းနိုင်ငံထုတ် ဖက်ရှင်မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Prew မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးရန် ရောက်ရှိလာခဲ့ခြင်းပါ။ ဒါ့အပြင် တော်ဝင်စင်တာနဲ့ ထိုင်းနိုင်ငံမှ Grammy Public Company တို့ပူးပေါင်းပြီးရိုက်ကူးမယ့် Fun & Friendship Experience Exchange Program အတွက် ရိုက်ကူးရေး ကိုပါ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ရိုက်ကူးရေးတွေကို တော်ဝင်ဂါးဒင်းဟိုတယ်မှာပဲ  ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာဝတ်စုံအတွက် ဒီဇိုင်နာမင်းသက်စံရဲ့ ၀တ်စုံကို ၀တ်ဆင်ခဲ့တာပါ။


 တေးသံရှင် ထုံချိုင်းရဲ့ တေးသီချင်းတွေနဲ့ သူ့ရဲ့ မြူးမြူးကြွကြွအကတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်ကာလမှာ မြန်မာပရိသတ်တွေကြား နာမည်ကြီးအောင်မြင်ခဲ့ပြီး မြန်မာအဆိုတော်တွေကလည်း ကော်ပီသီချင်းတွေ အများအပြား သီဆိုခဲ့ကြပါတယ်။ SabaiSabai လိုတေးသီချင်းမျိုးအပြင် တခြားအောင်မြင်ခဲ့တဲ့ တေးသီချင်းများစွာကို မြန်မာတေးသံရှင်များ ပြန်လည်သီဆိုခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ထိုင်းတေးသံရှင် ထုံချိုင်းနဲ့ မြန်မာမီဒီယာများတွေ့ဆုံတဲ့ အခမ်းအနားကိုတော့ မတ်လ၂၉ရက်က ထုံချိုင်းတည်းခိုတဲ့ တော်ဝင်ဂါးဒင်းဟိုတယ်မှာပဲ ပြုလုပ်ခဲ့ပါတယ်။
တေးသံရှင်ထုံချိုင်းက မြန်မာမီဒီယာများနဲ့ တွေ့ဆုံပွဲမှာ မြန်မာ လူမျိုးများအခုလို ကြိုဆိုပေးတဲ့အတွက် အရမ်းပဲဝမ်းသာမိကြောင်း  နောက်တခါရောက်လာခဲ့ရင် မြန်မာလို သင်ကြားပြီးမှလာခဲ့မယ်ဖြစ်ကြောင်း၊ ယခုရောက်ရှိလာတာ မြန်မာနိုင်ငံမှာဘာတွေရှိမလဲ၊ မြန်မာနိုင်ငံ ဘယ်လောက်တိုးတက်နေပြီလဲ၊ မြန်မာလူမျိုးတွေ ကိုယ်စားထိုင်းနိုင်ငံမှာ ပြန်လည်ဖလှယ်ပြောကြားပေးဖို့ ဖြစ်ကြောင်းနဲ့ ဒီတခေါက်လာတာ မြန်မာလုံချည်ဝတ်ဖို့ လာတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ တေးသံရှင်ထုံချိုင်းက အခွင့်အရေးရမယ်ရင် မြန်မာနိုင်ငံမှာဖျော်ဖြေပွဲလာရောက်ပြုလုပ်ချင်ကြောင်းလည်းပြောပါတယ်။



သူရဲ့ရိုက်ကူးရေးများအပြီးမှာတော့ရန်ကုန်မြို့ရှိရွှေတိဂုံဘုရားကိုသွားရောက်ဖူးမျှော်ပြီးထိုင်းနိုင်ငံကို ဧပြီ ၁ ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။




ယုမွန်ကျော်





Viewing all articles
Browse latest Browse all 5236

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရွှေအမြုတေစာပေဆု ဘယ်သူတွေရမလဲခန်မှန်းပြီး စာအုပ်လက်ဆောင်တွေ ယူလိုရတဲ့ အစီအစဉ်


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


၁၉၈၈ ခုနှစ်အရေးအခင်း (အပိုင်း - ၂)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)