Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီး ကွယ်လွန်

$
0
0

ကမ္ဘာ့အသက်အကြီးဆုံး ဂျပန် အမျိုးသမီးကြီး မိစအို အိုခါဝ(photo - EPA)

 ကမ္ဘာ့အသက်အကြီးဆုံး ဂျပန် အမျိုးသမီးကြီး မိစအို အိုခါဝ ဟာ သူနေထိုင်ရာ ဂျပန်နိုင်ငံမှာပဲ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။ သူ့ရဲ့ အသက် ၁၁၇ နှစ် မွေးနေ့ပွဲကို ကျင်းပပြီး တလအကြာမှာ ကွယ်လွန်ခဲ့တာပါ။

သူနေထိုင်ရာ အိုဆာကာမြို့က နေအိမ်မှာ မနက် ၇ နာရီဝန်းကျင်လောက်က သေဆုံးခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ သူနာပြုဆရာမက ပြောကြားခဲ့ပါတယ်။

၁၉ ရာစုနှစ်မှာ မွေးဖွားခဲ့တဲ့ သားသမီး သုံးယောက်မိခင်၊ မြေးလေးယောက်ရဲ့ အဖွား၊ မြစ် ခြောက်ယောက်ရဲ့ အဖွားဖြစ်သူ အိုခါဝ ဟာ သူမကွယ်လွန်ခင် တလ အလိုက ကျင်းပခဲ့တဲ့ သူ့မွေးနေ့အထိ အနည်းငယ်သော ပတ်ဝန်းကျင်က လူများနဲ့သာ သူ့ရဲ့နောက်ဆုံးအချိန်ကို ကုန်လွန်စေခဲ့တာပါ။

၁၈၉၈ ခုနှစ် မတ်လ ၅ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူမဟာ  ရိုက်ညီနောင်တီထွင်ခဲ့တဲ့ လူလိုက်ပါစီးနင်းနိုင်သော လေယာဉ်မပေါ်မီ ၅ နှစ်မှာ မွေးဖွားခဲ့ခြင်းဖြစ်ကာ လကမ္ဘာပေါ်ကို လူတွေ ခြေချလာနိုင်ခဲ့တဲ့ ၁၉၇၀ နောက်ပိုင်းနဲ့ ပထမကမ္ဘာစစ်ဖြစ်ပွားနေချိန်တွေမှ  သူမဟာ ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနေပါပြီ။

သူမ အသက် ၁၁၄ နှစ်မှာပဲ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးတဦးအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားတဦးဖြစ်တဲ့ ဂျပန်လူမျိုး ဆခါရီ မိုမိုအိ ရဲ့ ၁၁၂ နှစ်ပြည့် မွေးနေ့ပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျင်းပခဲ့ပါသေးတယ်။


ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/asia/514943/world-oldest-person-dies-at-117



Viewing all articles
Browse latest Browse all 5236

Trending Articles