Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အမျိုးသားဝတ် နွေဖက်ရှင်

$
0
0


ဓာတ်ပုံများ - တင်ထက်ပိုင် / The Irrawaddy

 အခုချိန်ကပူပြင်းခြောက်သွေ့တဲ့ နွေရာသီပီပြင်လှတဲ့ မတ်လကိုကုန်လွန်လာပါပြီ။

ဒီအချိန်ကတက္ကသိုလ်ဝင်တန်းကျောင်းသားတွေအတွက်ဆယ်တန်းစာမေးပွဲကြီးကိုပူပူနွေးနွေး ဖြေဆိုပြီးစအချိန် ဖြစ်သလိုစာမေးပွဲဖြေနေတဲ့ တက္ကသိုလ် အသီးသီးကကျောင်းသားတွေ အတွက်လည်း နွေကျောင်းပိတ်ရက်ရှည်ကာလကစောင့်ကြိုလို့နေပါတယ်။

ထို့အတူပဲ မြို့ပြရဲ့ လုပ်ငန်းခွင်တွေထဲမှာကျင်လည်မွန်းကျပ်နေသူတွေအတွက် သင်္ကြန်အားလပ်ရက်ရှည်ကာလကတဖြည်းဖြည်းနီးကပ်လာပါပြီ။ ဒီအချိန်ဟာခေတ်ရေစီးထဲကလူငယ်တွေအတွက် အပြင်ထွက်တဲ့အခါ၊ ဒါမှမဟုတ် အားလပ်ရက်မှာအပန်းဖြေခရီးတွေ သွားတဲ့အခါ ပူပြင်းတဲ့နွေကိုကာကွယ်အန်တုလို့ ဝတ်စားဆင်ယင်ဖို့ လိုအပ်ပါတယ်။

ဖက်ရှင်ရေစီးကြောင်းထဲအလိုက်သင့်မျောနေတဲ့ လူငယ်၊ လူရွယ်တွေအတွက် ဖက်ရှင်ဆိုတာရာသီဥတုအချိန်အခါနဲ့ ကာလံဒေသံကိုလိုက်ပြီးလည်းဝတ်လေ့ရှိကြပါတယ်။ အခုလို နွေကာလကပူပြင်းတယ်ဆိုတော့ ဒီလို နွေနေပူမှာယောကျာ်း၊ မိန်းမမရွေးလူငယ်လူရွယ်တွေ အနေနဲ့ နွေနဲ့လိုက်ဖက်မယ့် အရောင်လွင်လွင် ချည်သား Shirt အင်္ကျီ၊ Short Pants ဘောင်းဘီအတိုတွေ ၀တ်ဆင်မယ်ဆို အထာလည်းကျ၊ ဝတ်ရတာသက်သောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးလည်း ဖြစ်စေပါတယ်။

လူငယ်တွေကြားမှာ နွေဖက်ရှင်လို့ ဆိုလိုက်ရင် အဖြူ၊ အနီ၊ အပြာ၊ အဝါ အစရှိတဲ့ အရောင်အလွင်လေးကိုပြေးမြင်ကြမှာပါ။ နွေရာသီဆိုလူငယ်အများစုကဆံပင်ကာလာကိုလည်းအနီ၊ အဝါ၊ ပန်းရောင် စတဲ့ အရောင် တောက်လေးတွေ ဆိုးလေ့ရှိကြတော့ အဝတ်အစားအရောင်ကိုလည်းအရောင်စုံရွေးချယ်ဝတ်ဆင် လာကြပါတယ်။

ဒီရာသီကကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် စတာတွေနဲ့ တိုက်နေတော့ လူငယ်တွေအတွက် ရှိုးပွဲရာသီလို့လည်းဆိုနိုင်ပါတယ်။ ရန်ကုန် ကန်တော်ကြီးမျှော်စင်ကျွန်း၊ Myanmar Event Park စတဲ့ နေရာတွေမှာရှိုးပွဲတွေ ခပ်စိပ်စိပ်ကျင်းပနေတဲ့အချိန်ဆိုတော့ ရှိုးပွဲမှာအပီအပြင်ကဲမယ့် လူငယ်တွေအတွက် ရှိုးပွဲအထာကျမယ့် ဖက်ရှင်လေးတွေလည်းရွေးချယ်ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။

ခေတ်လူငယ် ယောကျာ်းလေးတွေအတွက် နွေဖက်ရှင်ဆိုရင် Short Pants ဘောင်းဘီတိုကိုအနီ၊ အဝါ၊ အစိမ်း၊ အပြာကာလာစုံအမျိုးမျိုးနဲ့ တွဲဖက်ပြီးတီရှပ်၊ ဒါမှမဟုတ်ရှပ်အင်္ကျီ အဖြူ၊ အဝါ၊ အပြာ၊ စတဲ့ အရောင်တွေနဲ့ လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ရာသီပြင်းပြင်းရဲ့နေရှိန်ကအရမ်းပူပြင်းတာကြောင့် လူငယ်တွေအနေနဲ့ ဖက်ရှင်ကိုလေးလေးပင်ပင် Heavy ဖြစ်မယ့် ပုံစံမျိုးထက် ပေါ့ပေါ့ပါးပါးနဲ့ အထာကျမယ့် Free Style ပုံစံမျိုးကိုရွေးချယ်ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

အပူဒဏ်ကြောင့် အေးအေးလူလူရှိမယ့် အကျီ င်္လက်တို၊ ဘောင်းဘီအတိုတွေ ဝတ်မယ်ဆိုရင်လည်းနေရောင်ခြည်ထဲမှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ဖို့ အသားအရည် မပျက်စီးရအောင် ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာမျိုးတွေကိုတော့  ပြုလုပ်ပေးသင့်ပါတယ်။ နေ့လယ်ခင်းနေရှိန်ပြင်းတဲ့အချိန် နေပူထဲအကြာကြီးထွက်တာမျိုးကိုအတတ်နိုင်ဆုံးရှောင်ရှားသင့်ပြီးအပြင်ထွက်တဲ့အခါမှာလည်းအသားအရည်ကိုနေလောင်ဒဏ် ကာအကွယ်ပေးမယ့် Sun Block, Sun Cream တို့လို SPF ပါဝင်တဲ့ Lotion တမျိုးမျိုး၊ Cream တမျိုးမျိုးကိုလိမ်းပေးဖို့လည်းလိုအပ်ပါတယ်။

နွေဖက်ရှင်အတွက်ဆိုဦးထုပ်အဝိုင်းလေးတွေကလည်းအထာကျသလိုဆံပင်နဲ့ မျက်နှာအသားအရည်ကိုခရမ်းလွန်ရောင်ခြည် တိုက်ရိုက် မထိတွေ့နိုင်အောင် ကာကွယ်ပေးတဲ့အတွက် အဝတ်အစားအရောင်နဲ့လိုက်ဖက်မယ့် ဦးထုပ်ဝိုင်းလေးတွေ ဆောင်ထားသင့်ပါတယ်။ ဦးထုတ်အဝိုင်းလေးတွေက Beach ကမ်းခြေတွေကိုပဲခရီးထွက်ထွက်၊ ထသွားထလာ Free Style ဖက်ရှင်အနေနဲ့ပဲဝတ်ဝတ် အသုံးဝင်မှာမလွဲပါပဲ။

နွေရာသီနေအပူရှိန်ကတော့ မနက် ၁၀ နာရီကနေညနေ ၄ နာရီအတွင်းမှာခရမ်းလွန်ရောင်ခြည် ကျရောက်မှု အပြင်းထန်ဆုံး ဖြစ်ြပီးဒီနှစ်နွေရာသီဟာလည်းအပူရှိန် ပြင်းတာကြောင့် အပြင်ထွက်တိုင်းခရမ်းလွန်ရောင်ခြည်ကာကွယ်ပေးမယ့်နေကာမျက်မှန်ကောင်းတလက်ကိုဝတ်ဆင်သွားဖို့ကိုလည်းမမေ့သင့်ပါဘူး။
“ရေဘူးနဲ့ ဖိနပ်မပါ နွေအခါမှသိ” ဆိုသလို နွေမှာစီးမယ့် ဖိနပ်တွေကလည်းအရေးကြီးတာပါပဲ။အခုလိုပူပြင်းလှတဲ့ နွေရာသီအတွက် ခါတိုင်းစီးနေကျ ခပ်ထူထူဖြစ်မယ့် Boots ဖိနပ်တွေ၊ Shoes တွေ၊ ခြေအိတ် စတာတွေကိုတနေရာမှာချောင်ထိုးထားလိုက်ပါ။ ဒီရာသီမှာဝတ်မယ်ဆိုရင် Boots, Shoes တို့ထက်စာရင် ဖိနပ် အပါးလေးတွေကိုဘဲရွေးချယ် ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

ဒါမှမဟုတ်လို့ကိုယ်က Shoe ဖိနပ် Crazy တယောက်ဆိုရင်တော့ဒီလိုနွေရာသီနဲ့ ကိုက်ညီမယ့် Shoe အပါး၊ Half Shoes လေးတွေကိုရွေးချယ် ဝတ်ဆင်လို့ရပါတယ်။ ရောင်စုံခြေညှပ်ဖိနပ် အပါးလေးတွေကတော့ နွေရာသီမှာအသင့်တော်ဆုံးပါ။ ရှုးဖိနပ်တွေလိုခြေအိတ်လည်းဝတ်စရာမလိုတော့ အပူအောင်း၊ အပူငုပ်မှာ၊ ခြေထောက်ချွေးစော်နံမှာတွေကိုပူစရာမလိုတော့ဘူးပေါ့။



ဒီတပတ်မှာတော့ The Irrawaddy ခေတ်ရေစီးကဏ္ဍကနေဒီနေ့ခေတ် လူငယ်တွေအတွက် နွေရာသီမှာပေါ့ပေါ့ပါးပါးနဲ့ အထာကျကျ ဝတ်ဆင်နိုင်ဖို့ လတ်တလောရှော့ပင်းစင်တာတွေမှာရောင်းချနေတဲ့ ခေတ်ရေစီးကြောင်းပေါ်ကလူငယ်ယောကျာ်းလေးဝတ် တီရှပ်၊ ရှပ်အင်္ကျီ၊ ဘောင်းဘီတို၊ ဦးထုပ်၊ ဖိနပ်စတဲ့ နွေဖက်ရှင် အသုံးအဆောင်၊ အဝတ်အစားတချို့ကိုရိုက်ကူးရေးသားဖော်ပြပေးလိုက်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့တော့ ယောကျာ်းလေးဝတ် တီရှပ်တွေက ၆ထောင်ကျပ် ဝန်းကျင်၊ ရှပ်အင်္ကျီတွေကတသောင်းခွဲကျပ် ဝန်းကျင်၊ ဘောင်းဘီတို Short Pants အရောင်စုံတွေကကျပ်တသောင်းကျော်၊ ဦးထုတ်ကကျပ်ငါးထောင် ဝန်းကျင်နဲ့ ရောင်စုံဖိနပ်အပါး Slipper လေးတွေဆိုရင် တရံကို ၆ထောင်ကျော် အစားစားရှိတယ်လို့ သိရပါတယ်။

ပုံမှာ ပြထားတဲ့ နွေရာသီဖက်ရှင် ယောကျာ်းလေးအင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်၊ ဦးထုပ်စတာတွေကိုရန်ကုန်မြို့၊လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်းမပေါ်က Junction Centre Mawtin, Level 2 မှာရှိတဲ့ “U.B.O” အမျိုးသားဝတ်ဖက်ရှင်ဆိုင်မှာသွားရောက်ရိုက်ယူထားတာ ဖြစ်ပါတယ်။


သီဟတိုး

Viewing all articles
Browse latest Browse all 5236

Trending Articles