Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စာဖတ်သူကြီး ခုတော့ အိုင်ပက်နေပြီ

$
0
0


ဓာတ်ပုံ - Nay Shwe Thway Aung facebook

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင်ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ သူ့ရဲ့ အဖိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတယောက် သူ့မြေးမလေးပြနေတဲ့ အိုင်ပက်ကို စိတ်ဝင်တစားနဲ့ ကြည်ရှုနေတဲ့ ဓာတ်ပုံတပုံကို  “ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ Ipad နည်းပြဆရာမ” ဆိုပြီး တင်ထားတာတွေ့ရတာပါ။

ဒီဓာတ်ပုံအောက်မှာ ရေးထားတဲ့ ကွန်းမန့်တွေကိုသာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတယောက် ဖတ်ကြည့်မယ်ဆိုရင် ပိုပြီး အသက်ရှည် ကျန်းမာလာမယ်ထင်ပါရဲ့။ ဘာကြောင့်လည်းဆိုတော့ သူ့ကို သက်တော်ရာကျော်ရှည်စေဖို့ ဆုတောင်းပေးထားတာတွေ အခုလို ကျန်းကျန်းမာမာ တွေ့ရလို့ ၀မ်းသာတယ်ဆိုတဲ့အကြောင်းတွေ စသဖြင့် ဆုတောင်းမေတ္တာ ပို့သထားတာ မနည်းမနောပါ။

ဒီဓာတ်ပုံထဲမှာ ထူးခြားတာက ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့ နေအိမ် အသုံးအဆောင် ပစ္စည်းတွေဟာ တော်တော်  ခမ်းနားထည်ဝါလွန်းလှတာကိုတွေ့ရတာပါ။ အင်းပေါ့လေ ကမ္ဘာ့အချမ်းသာဆုံးစာရင်းတောင် ၀င်ချင်ဝင်နေမှာဆို တော့လည်း ဒီလောက် ခမ်းခမ်းနားနားနေနိုင်တာ မဆန်းပါဘူးလို့ ဆိုရမှာပေါ့။

ဒီဓာတ်ပုံကို တွေ့ရတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတယောက် ဘာတွေလုပ်နေသလဲ ဘယ်လို နေထိုင်နေသလဲဆိုတာ အရမ်းကို သိချင်နေတဲ့ ပြည်သူ ပြည်သားတွေအတွက် လူလုံးထွက်ပြလိုက်တယ်လို့ ဆိုရမလိုဖြစ်နေပါပြီ။ တလောကပဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ တပ်မတော်ဆေးရုံမှာ ဆေးဝါကုသခံယူနေတယ်တို့ ဘာတို့တွေ လူမှုကွန်ရက်မှာ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ပြောဆိုနေကြပါသေးတယ်။ နောက်ပြီး ဟိုအရင်ကလည်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ သူ့အိမ်မှာ စာဖတ်နေပါတယ်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းရဲ့ ဖြေကြားမှုကလည်း ရှိခဲ့ပါသေးတယ်။

နောက်တခုရှိတာက အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးဖြစ်တဲ့ အေးနေ၀င်းတို့တတွေလည်း ထောင်က ထွက်လာပြီးနောက်ပိုင်းမှာ သာမာန်ပြည်သူအသိုင်းအ၀ိုင်းထဲကို ဖေ့ဘုတ်စာမျက်နှာတွေကတဆင့် တစတစ ဖြည်းဖြည်းချင်း ၀င်ရောက်လာတာဆိုတော့ အနားယူသွားပြီးကတည်းက ပျောက်နေခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေလည်းပဲ ဒီလမ်းကြောင်းကို လိုက်လာလေသလားဆိုတာ တွေးစရာဖြစ်နေပါပြီ။

ကဲ ခုတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဘာလုပ်နေသလဲလို့ မေးရင် အိုင်ပက်ကြည့်နေသည်လို့ ပြန်ဖြေရတော့မပေါ့။

Viewing all articles
Browse latest Browse all 5236

Trending Articles