Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရုပ်ရှင်အစည်းအရုံးကို မေးခွန်းထုတ်လိုက်တဲ့ ဒါရိုက်တာမိုက်တီး

$
0
0


ဓာတ်ပုံ - စိုင်းဇော်/ The Irrawaddy

 လောက်ကိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေတုန်းက ဒဏ်ရာရ စစ်သည်တွေဆီအရောက် ရုပ်ရှင်အစည်းအရုံးက အနုပညာရှင်တွေ သွားရောက် အားပေး အလှူငွေတွေ ပေးအပ်ခဲ့သလို ဒဏ်ရာရ ဆန္ဒပြ ကျောင်းသားလူငယ်တွေဆီကိုရော သွားဖို့ ရှိဦးမလားဆိုတာကို ဒါရိုက်တာ မိုက်တီးက သူ့ ဖေ့ဘုတ် စာမျက်နှာထက်မှာ ဒီလို ရေးသားပြီး မေးခွန်း ထုတ်လိုက်ပါတယ်။

မောင်လူမင်းရေ

"မောင်ရင်တို့ ရုပ်ရှင်အစည်းအရုံးက စစ်သားတွေပဲ သနားတတ်ပြီး ကျောင်းသားလေးတွေကျ မသနားတတ်ကြဘူးလား..။"လို့ဆိုလိုက်တာပါ။


ဒါနဲ့ ပတ်သက်လို့ ဒါရိုက်တာ မိုက်တီးထံ ဧရာဝတီက ဆက်သွယ်မေးမြန်းကြည့်တော့

“အခုလိုရေးတာက လူမင်းနဲ့ ကျနော်နဲ့လည်း ဘာရန်ငြိုးရန်စမှလည်းမရှိပါဘူး။ သူ့ကိုတွေ့ရင်လည်း ပြောပြဦးမှာပါ။ ဟိုဟာလည်း လုပ်သင့်တယ်လို့ ယူဆရင် ဒါဟာလည်း လုပ်သင့်တဲ့ ကိစ္စပါ။ လူသားချင်း စာနာတဲ့ စိတ်ရှိတယ်ဆိုရင် အကုန်လုံးကို စာနာစိတ်ရှိရင် ဒါလည်း လုပ်သင့်တဲ့ကိစ္စပါ။” လို့ သူ့အမြင်ကို ပြောပြပါတယ်။

ဆန္ဒပြ ကျောင်းသားတွေကိုလည်း သူ့အနေနဲ့ တတ်နိုင်သလောက် အားပေးသွားမယ်လို့လည်း ဆက်ပြောပါတယ်။

ဒါကို ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းက လက်ပံတန်းမြို့မှာရှိတဲ့ သပိတ် စစ်ကြောင်း မှ ကျောင်းသားတွေကို ရိုက်နှက်အကြမ်းဖက် ဖြိုခွဲခြင်းကို ရုပ်ရှင်အစည်းအရုံးအနေနဲ့ မဟုတ်ဘဲ အနုပညာရှင်တစ်ယောက် အနေနဲ့ ဆန့်ကျင်ရှုတ်ချတယ်လို့ အလဲဗင်း မီဒီယာ (Eleven Media) ကို ပြန်လည်ဖြေကြားခဲ့ပေမယ့် ဧရာဝတီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့တာကို တော့  ပြန်လည်ဖြေကြားမပေးခဲ့ပါဘူး။

ဒ့ါထက် ပိုစိတ်ဝင်စားစရာကောင်းတာက လောက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့စဉ်တုန်းကလည်း  ရုပ်ရှင်အစည်းအရုံးနဲ့ ဂီတအစည်းအရုံး ကနေ နိုင်ငံပိုင်သတင်းစာတွေထဲမှာ အသီးသီး ကန့်ကွက်ကြောင်းကြေငြာချက်တွေ ထုတ်ပြန်ထည့်သွင်းထားခဲ့ဖူးတော့ မတ်လ ၁၀ ရက်နေ့က အာဏာပိုင်အစိုးရအနေနဲ့ လက်ပံတန်းမှာ ကျောင်းသားသပိတ်ကို အင်အားသုံးဖြိုခွဲခဲ့တာနဲ့ ပတ်သက်လို့ ကန့်ကွက်စာတွေဘာတွေများ ထွက်လာလေဦးမလားဆိုတာကတော့ ... ။

Viewing all articles
Browse latest Browse all 5236

Trending Articles