Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အပေါ်ပိုင်းအ၀တ်ဗလာနဲ့ ခရီးသွားတဦး

$
0
0


photo - bangkokpost facebook

ထိုင်းနိုင်ငံ ဒွန်မောင်း လေဆိပ်ရဲ့ အမျိုးသမီးသန့်စင်ခန်းတခုထဲမှာ တရုတ်နိုင်ငံသား ခရီးသည်တဦးလို့ ယူဆရတဲ့ အမျိုးသမီးရဲ့ အပေါ်ပိုင်းအ၀တ်ဗလာနဲ့ ရှိနေခဲ့တဲ့ ဓါတ်ပုံတွေ ပျံ့နှံ့လာခဲ့တာကြောင့် တရုတ်နိုင်ငံက အခြားသောခရီးသွားများရဲ့ ဝေဖန်မှုတွေ ပြင်းထန်လာခဲ့ပါတယ်။

အဲ့ဒီအပေါ်ပိုင်း အ၀တ်ဗလာနဲ့ အမျိုးသမီးရဲ့ ဓါတ်ပုံတွေကို  CSI LA ဆိုတဲ့ ဖေ့ဘုတ် လူမှုစာမျက်နှာတခုမှာ ဖေဖော်ဝါရီလ (၂၇)ရက်နေ့က ဖော်ပြခဲ့တာပါ။

နောက်ပိုင်းမှာတော့ ဘန်ကောက်လေဆိပ်က တာဝန်ရှိသူတွေက အဲ့ဒီအဖြစ်အပျက်ဟာ သူတို့လေဆိပ်ရဲ့ သန့်စင်ခန်းရှေ့က လက်ဆေးတဲ့နေရာမှာဖြစ်ပျက်ခဲ့တယ်လို့ ၀န်ခံခဲ့ပြီး လေဆိပ်ဝန်ထမ်းတွေ အနေနဲ့ ခရီးသွားအားလုံးကို အချိန်ပြည့်ကြည့်ရှုစောင့်ရှောက်နေဖို့ ခက်ခဲပါတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

“ယေဘုယျအားဖြင့်တော့ ထိုင်းနိုင်ငံကိုလာတဲ့ တရုတ်ခရီးသွားတွေဟာ အကျင့်ကောင်းမွန်ကြပြီး သူတို့ဆီက နိုင်ငံအတွက် ၀င်ငွေအများအပြားရရှိခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မသင့်လျော်တာတွေ တွေ့ခဲ့ရင်၊ သတိပေးမှုတွေ၊ အမှုအလိုက် ပြစ်ဒဏ်တွေ စည်းကြပ်ပါ့မယ်” လို့ လေဆိပ်မှ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ခရီးသွားနဲ့အားကစားဝန်ကြီးဌာနကနေပြီး ခရီးသွားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ဘယ်လို ပြုမူနေထိုင်ရမလဲ ရှင်းပြထားတဲ့ (၂)မိနစ်စာ ဗီဒီယိုဖိုင်လေးကို ထုတ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီ ဗီဒီယိုကို ခရီးသွားလုပ်ငန်းတွေရဲ့ ဘလော့ဂ်တွေနဲ့ ၀က်ဆိုက်တွေမှာ တင်ပြပေးဖို့ရှိပြီး ဒီလို တင်ပြခြင်းအားဖြင့် တရုတ်နိုင်ငံကလာတဲ့ ခရီးသွားတွေ အပေါ်မှာ အမြင်စောင်းနေတဲ့ ထိုင်းနိုင်ငံသူ ထိုင်းနိုင်ငံသားတချို့ရဲ့ အငြိုးတွေကို ရပ်တန့်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ ၀န်ကြီးဌာနက ပြောကြားထားပါသေးတယ်။

အဲဒီ ဗီဒီယိုဟာ နောက်ထပ် ရက်သတ္တပတ်နှစ်ပတ်အတွင်း ထွက်ရှိလာမှာပါ။ ထိုင်းနိုင်ငံ ခရီးသွားအေးဂျင့် အသင်းအဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ အေနက် စရီချီဝက်ချက်ကလည်း အဲဒီ အမျိုးသမီးရဲ့ ဓါတ်ပုံတွေကို နောက်ထပ် လက်ဆင့်ကမ်း မဖော်ပြဖို့ ထိုင်းနိုင်ငံရှိ အင်တာနက် အသုံးပြုသူတွေကို မေတ္တာရပ်ခံထားပါတယ်။

တရုတ်အစိုးရကလည်း ၄င်းတို့ရဲ့ ပြည်သူတွေ နိုင်ငံရပ်ခြားဒေသတွေကို သွားရောက်တဲ့အခါ လိုက်နာရမယ့် အပြုအမှုတွေကို သိရှိဖို့ လှုံ့ဆော်ပွဲတွေ ပြုလုပ်ခဲ့ပေမယ့်လည်း  အဲ့ဒီလှုံ့ဆော်မှုတွေဟာ မြို့ကြီးတွေမှာသာ လုပ်ဆောင်လျက်ရှိနေပါသေးတယ်။

“ကျွန်တော်တို့ဟာ အိမ်ရှင်ဖြစ်တဲ့အတွက် ခရီးသွားတွေကို ယဉ်ကျေးစွာနဲ့ပဲ သတိပေးခွင့်ရှိပါတယ်။ အခုလို  လူမှုစာမျက်နှာပေါ်မှာ ဓါတ်ပုံတွေတင်ပြီး ပြင်းထန်စွာ ပြစ်တင်ရှုံ့ချတာမျိုးတော့ မလုပ်သင့်ပါဘူး” လို့ မစ္စတာအေနက်က ဆိုထားပါတယ်။

ကွန်ပျုတာနဲ့ ပတ်သက်လို့ ဥပဒေ ပညာရှင်တစ်ဦးဖြစ်သူ ပိုင်ဘွန်း အမော်ပင်ရိုကပ် ဆိုသူကတော့ ဒီလို ညစ်ညည်း ဓါတ်ပုံတွေကို လှုမှုစာမျက်နှာပေါ်မှာ မျှဝေတဲ့သူတွေအား ကွန်ပျူတာဆိုင်ရာ ပြစ်မှုအက်ဥပဒေအရ ထောင်ဒဏ် (၅)နှစ် သို့မဟုတ် ထိုင်းဘတ်ငွေ (၁)သိန်းထိ ပြစ်ဒဏ်ပေးနိုင်ကြောင်း သတိပေး ဖော်ပြထားပါတယ်။


ခင်အေးမြလွင် 


ကိုးကားသတင်း။ ။ http://www.bangkokpost.com/news/general/486777/half-naked-tourist-caught-on-camera

Viewing all articles
Browse latest Browse all 5236

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ချစ်စရာ့ မြန်မာ့ဓလေ့


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း