Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကောလာဟလ တခုကို Facebook မှာ ရှင်းနေတဲ့ သက်မွန်မြင့်

$
0
0
 လုပ်ကြံဇာတ်ခင်းပြီး ရေးသားမှုတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်နေတယ်လို့ 
နာမည်ကျော် သရုပ်ဆောင် သက်မွန်မြင့်က ပြောလိုက်ပါတယ်။

သူ့ရဲ့ Facebook စာမျက်နှာကနေ ပြောလိုက်တာ ဖြစ်ပါတယ်။
အပြည့်အစုံက ဒီလိုပါ -

လူတွေဆိုတာ အံ့သြဖို့ကောင်းလိုက်တာ။
သူတစ်ပါး ဘယ်လိုခံစားရမလဲ၊ဘယ်လို ထိခိုက်နိုင်လဲ ဆိုတာကို မငဲ့ညှာဘူး။ လုပ်ချင်ရာ လုပ်တာပဲ။

အဲဒီ မျိုးအောင်သန်း ဆိုတာ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းထဲမှာ တောင် အဲဒီ နာမည်မရှိဘူး။ အဲလို အဆင့်အတန်းမရှိတဲ့သူတွေ မရှိဘူး။ဘာလို့ ဒီလို လုပ်ကြံဇာတ်တွေ ခင်းပြီးရေးရတာလဲ။

အနုပညာသမားလဲ လူပါပဲ။ လူ လူချင်း ကိုယ်ချင်းစာပေးသင့်ပါတယ်။
"ဝဋ်အမြဲ ငရဲအပ" လို့ပဲပြောလိုက်တော့မယ်။

ဘယ်သူတွေက ဘယ်လို လုပ်ကြံဇာတ်ခင်းပြီး ရေးသားနေသလဲ ဆိုတာတော့ မသိရပါဘူး။
သို့သော်လည်း သူ့ရဲ့ မှတ်ချက်ကို ဖတ်ရင် အနည်းအကျဉ်းတော့ နားလည်ကြမှာပါ။


 
 ဧရာဝတီ Facebook/ဧရာဝတီ Twitter
 

သက်မွန်မြင့်က အဲဒီမှတ်ချက်ကို လွန်ခဲ့တဲ့ နာရီဝက်လောက်က ရေးခဲ့တာပါ။
အဲဒီအချိန်တိုအတွင်းမှာပဲ သူ့ရဲ့ ဖေ့စ်ဘုတ်ပရိသတ်တွေက မှတ်ချက်တွေ ၂ဝဝ ဝန်းကျင် ၀ိုင်းပေးကြ နှစ်သိမ့်ကြပါတော့တယ်။

အပြည့်အစုံကို သူ့ဖေ့စ်ဘုတ် http://www.facebook.com/pages/Thet-Mon-Myint/209260995781923?fref=ts မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

ဒီဘလော့
http://blog.irrawaddy.org/2012/12/blog-post_8165.htmlမှာ ဖော်ပြခဲ့တဲ့ နမ်းရမည့် ဇာတ်ဝင်ခန်း ရိုက်ကူးရန် သက်မွန်မြင့် ငြင်းဆန်  ဆိုတဲ့ သတင်းကိုလည်း ဖတ်သင့်ပါတယ်။


Viewing all articles
Browse latest Browse all 5236

Trending Articles