Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ချင်းပြည်နယ်ကို ၈၈ ပွင့်လင်းခရီး စတင်ထွက်ခွာ

$
0
0
 ၈၈ မျိုးဆက်ရဲ့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ဒီကနေ့ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ခရီးစဉ် ပထမအဖွဲ့အဖြစ် ဦးအံ့ဘွယ်ကျော်၊ ဦးမာကီ၊ ဦးကိုကိုကြီး (စမ်းချောင်း)၊ ဦးမျိုးသန့်၊ ဦးကိုကိုလှိုင်၊ ဒေါ်မီးမီး၊ ဒေါ်မာမာဦး၊ ဒေါ်မာယာနှင့် ဒေါ်တဉ္စာဦးတို့သည် ရန်ကုန်မြို့မှ စတင် ထွက်ခွာ သွားကြပြီဖြစ်ပါတယ်။ 


ဓာတ်ပုံ- ၈၈ မျိုးဆက် ~

ခရီးစဉ် ဒုတိယအဖွဲ့အနေနဲ့  ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့သည်လည်း မနက်ဖြန် မတ်လ ၆ ရက်နေ့ နံနက်တွင် ရန်ကုန်မှ  လေယာဉ်ဖြင့် ထွက်ခွာကြမှာဖြစ်ပြီး  နံနက် ၁၁ နာရီခန့်လောက်မှာ စစ်ကိုင်းတိုင်း ကလေးမြို့ကို ရောက်ပါမယ်။ 
ပြီးရင်တော့ ကလေးမြို့မှ တာဟန်း ဒေသကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး  ဒေသခံတွေ နဲ့ တွေ့ဆုံ 
ဆွေးနွေးမှုတွေ လုပ်ဖို့ ရှိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဆိုပါတယ်။ 

ပြီးရင်တော့ ကလေးမြို့ကို ပြန်လာပြီး ဒေသခံတွေနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ရှိပါတယ်။ လာမယ့် မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီမှာတော့  ကလေးမြို့မှတဆင့် တီးတိန်မြို့ကို ဆက်လက် ထွက်ခွာပြီး တီးတိန်မြို့မှာလည်း ပွင့်လင်းဆွေးနွေးပွဲ လုပ်ဖို့ ရှိပါတယ်။

ထိုမှတဆင့် ရိဒ်ရေကန်အနီးမှာ လူထုတွေ့ဆုံပွဲ လုပ်သွားမှာဖြစ်ပြီး  မတ်လ ၉ ရက်နေ့မှာ ဖလန်းမြိုနဲ့ ဟားခါးမြို့တွေမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ ရှိပြီး မတ်လ ၁၀ ရက်နေ့မှာတော့ တမူးမြို့မှာလည်း အလားတူ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မှာပါ။ 

 ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ချင်းပြည်နယ် ပွင့်လင်းခရီးစဉ်ဟာ မတ်လ ၁၂ ရက်နေ့မှာ အဆုံးသတ်ပြီး
ရန်ကုန်မြို့ကို အဆိုပါနေ့လယ်ပိုင်းမှာ ၈၈ ကျောင်းသားတွေဟာ ပြန်လည်ရောက်ရှိကြမှာဖြစ်ပါတယ်။ 




Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား