Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန် ခရီးစဉ် အစ

$
0
0
နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ခုနစ် ရက်တာ ကြာမြင့်မည့် ဂျပန်ခရီးစဉ်အတွက် ဧပြီလ ၁၃ရက် င်္နနက်ဂျပန်စံတော်ချိန် (၈ နာရီ ၁၅ )မိနစ်က ထိုင်းနိုင်ငံမှတဆင့် ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ အောင်မြင်စွာရာက်ရှိခဲ့ပါသည်။ 





နာရီတာလေဆိပ်တွင် ဂျပန်ရောက်မြန်မာမိသားစုများ က ရင်ထိုးတံဆိပ်များ၊ ဆိုင်းဘုတ်များ ကိုင်ဆောင် ပြီး လှိုက်လှဲစွာကြိုဆို ခဲ့ပါတယ်။ 

လာရောက် ကြိုဆိုကြသူများထဲမှ မိန်ကလေးတစ်ဦးက" ဒေါ်စုကို လာကြိုတာ တခြားထွက်ပေါက် က ခေါ်သွား တာက မတရားဘူး၊ ဂျပန်ကနိုင်ငံခြားရေး ၀န်ကြီးဌာနလုပ်ပုံတွေက လာကြိုတဲ့ မြန်မာ များ ကို စော်ကားရာရောက်တယ်"လို့  ပြောပြခဲ့ပါတယ်။ 



ဂျပန်နိုင်ငံတိုကျိုမြို့တွင် လာရောက်ကြိုဆိုသူများမှာ ၂၀၀ကျော်ရှိပါတယ်။ 

ဂျပန်မှ မြန်မာသံရုံး ဌာနမှ သံအမတ်ကြီး နှင့်တာဝန်ရှိသူများအခြားထွက်ပေါက်မှလာကြိုဆိုကြောင်း သိရပါတယ်။ 

 ဂျပန်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ကိုမိုးဇော်ဦး
နှင့် ကိုဘန်နီတို့ လိုက်ပါလာခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ဧည့် ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ်ဖိတ်ကြားခဲ့သဖြင့်သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံ သွားမည်ဖြစ်ကာ ဂျပန်တက္ကသိုလ်သုံးခုတွင် မိန့်ခွန်း ပြောသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ၁၅ ရက်တွင် သူမ ဧည့်ပညာရှင်အဖြစ် တစ်နှစ်ကြာ တာဝန်ထမ်း 
ဆောင်ခဲ့သည့် ကျိုတိုတက္ကသိုလ်နှင့် Ryukoku တက္ကသိုလ်တို့တွင် မိန့်ခွန်းပြောသွားမည်ဖြစ်ကာ ဧပြီလ ၁၇ ရက်တွင် တိုကျိုတက္ကသိုလ်၌ မိန့်ခွန်းပြောသွားမည် ဖြစ်သည်။ 

ဧပြီလ ၁၆ ရက်တွင် ဂျပန် အထက်လွှတ်တော် ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံ သွား မည်ဖြစ်ပြီး ဧပြီလ ၁၈ ရက်တွင် အောက်လွှတ်တော် ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ 

ဧပြီလ ၁၃ ရက်နှင့် ၁၅ ရက်နေ့များတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသွားရန်ရှိပြီး ဧပြီလ ၁၄ ရက်တွင် ကျိုတိုမြို့ရှိ အသေးစား ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကိုလည်း သွားရောက်လေ့လာမည်ဖြစ် သည်။ 

ဧပြီလ ၁၉ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ 

ကိုထွန်းဝေ ( တိုကျို) မှ သတင်းပေးပို့ချက်ဖြစ်ပါတယ်။ 



Viewing all articles
Browse latest Browse all 5236

Trending Articles