Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရင်းနှီးမြှုပ်နှံသူများ နေပြည်တော်သွားရခြင်းမှ လွတ်ကင်းပြီ

$
0
0

မြန်မာပြည်ကို လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် သတင်းကောင်းကောင်းတပုဒ် ရှိနေပါတယ်။
အဲဒါကတော့ မှတ်ပုံတင်ခြင်း၊ အခွန်ဆောင်ခြင်း စတဲ့ အစိုးရဌာနစုံနဲ့ ဆက်သွယ်လုပ်ကိုင်ရတဲ့ကိစ္စများ အတွက် နေပြည်တော်ကို တဒီးဒီးသွားဖို့ မလိုတော့ဘူး ဆိုတာပါပဲ။



ဒီဇင်ဘာလက ရန်ကုန်မှာ တွေ့ခဲ့ရတဲ့ ကုန်စည်ပြပွဲတခု (ဓာတ်ပုံ - ဧရာဝတီ)

လုပ်ငန်းကိစ္စ အဝဝကို  "နေ့ချင်းပြီး" လုပ်ပေးမယ့် ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ရုံးတခု ရန်ကုန်မှာ ဖွင့်လိုက်ပါပြီ။
ဗုဒ္ဓဟူးနေ့က ဖွင့်လိုက်တဲ့ ဒီရုံးက ရန်ကင်းမြို့နယ်၊ သစ္စာလမ်းပေါ်မှာ ရှိပါတယ်။ 

“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တဲ့နိုင်ငံသားတွေရော၊ နိုင်ငံခြားသားတွေရော နေပြည်တော်လည်း သွားစရာမလို ၀န်ကြီးဌာနတခုစီလည်း သွားစရာမလိုဘဲ၊ တနေရာတည်းမှာ အကုန်အဆင်ပြေအောင်လို့ ဒီရုံးကိုဖွင့်တာပါ။ ဒီရုံးမှာ ကုမ္ပဏီမှတ်ပုံတင်တာကိုလည်း တနေ့တည်း နေ့ချင်းပြီး လုပ်ပေးသွားမှာပါ” လို့ ရင်းနှီး မြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ညွှန်ကြားရေးမှူးဒေါ်စန်းနွဲ့က ဧရာဝတီကို ပြောပါတယ်။ 

ဟိုတုန်းကတော့ လုပ်ငန်းရှင်တွေဟာ  ရင်းနှီးမြှုပ်နှံလိုတဲ့ ကဏ္ဍအလိုက်  သက်ဆိုင်ရာဝန်ကြီးဌာနများကို သွားရောက်ဆွေးနွေးဖို့ နေပြည်တော်ကို သွားကြရတာပါ။
နေပြည်တော်လွင်ပြင်မှာ ပြန့်ကျဲနေတဲ့ ဌာနတခုချင်းစီကို သွားရတဲ့အတွက် အချိန်ကုန်၊ လူပမ်း၊ စရိတ်ထောင်း စသဖြင့် အခက်အခဲမျိုးတွေ ရှိကြောင်း သိရပါတယ်။

အခု ဖွင့်လိုက်တဲ့ ပူးပေါင်းအဖွဲ့ရုံးကို DICA က ဦးဆောင်ဖွဲစည်းခြင်းဖြစ်ပြီး တနေရာတည်းမှာ  ဆောင်ရွက်ပေးသွားမယ့် လုပ်ငန်းတွေကို အခုလို တွေ့ရပါတယ် -

  •  သွင်းကုန်၊ ထုတ်ကုန် လိုင်စင်လုပ်ပေးခြင်းများ၊
  • ရင်နှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးဆွေးနွေးခြင်း၊
  • ၀င်ငွေခွန်ကင်းလွတ်ခြင်းဆိုင်ရာကိစ္စများ၊ အခွန်စည်းကြပ်ခြင်း၊
  • ကုမ္ပဏီမှတ်ပုံတင်သက်တမ်းတိုးခြင်း၊
  • နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအတွက်  work permit နှင့် ဗီဇာသက်တမ်းတိုးခြင်း၊
  • ၀န်ကြီးဌာနအလိုက် ရင်းနှီးမြှုပ်နှံမှုကိစ္စများဆောင်ရွက်ခြင်း။

ဒီ ဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင်တဦးဖြစ်သူ ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)က အခုလို ပြောပါတယ် -
 “ရင်းနှီးမြှုပ်နှံမှုတွေအတွက် ရုံးတွေကမှတ်ပုံတင်တာ၊ အခွန်ကင်းလွတ်ခွင့်ပေးတာတွေဘာတွေ  အဆင်ပြေအောင်လုပ်ပေးတာမျိုးက သူများနိုင်ငံတွေမှာလည်း လုပ်နေကြတာပဲလေ။
အရင်ထဲကရှိသင့်တာပေါ့။ ဒါကိုတိုးတက်တယ်လို့ ပြောလို့မရဘူး။
အပြစ်ပြန်ဖြေတာ၊ အဟောင်းပြန်ဖာတာပဲရှိတယ်။
ရင်းနှီးမြှုပ်နှံမယ့်သူတွေက လာကြည့်ကြမှာပဲ နိုင်ငံရေးအခြေအနေတို့၊ဈေးကွက်တို့၊ သူများနိုင်ငံတွေနဲ့ယှဉ်ရင် ဒီကပိုပြီးဘာလုပ်ပေးမလဲ ဆိုတာကိုစဉ်းစားကြမှာပဲ”

ပူးပေါင်းအဖွဲ့မှာ ပါဝင်တဲ့ဌာနများ

  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊
  • လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောဝန်ကြီးဌာန၊
  • မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊
  • စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
  • လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊
  • အကောက်ခွန်ဦးစီးဌာန၊
  • ပြည်တွင်းအခွန်များဦးစီးဌာန၊
  • နိုင်ငံတော်ဗဟိုဘဏ်

ချစ်ဆု ~
 
 ဧရာဝတီ Facebook/ဧရာဝတီ Twitter
 




Viewing all articles
Browse latest Browse all 5236

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။