Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တရားခံ လူစားထိုးထားတယ်ဆိုတဲ့ ပေးစာ တစောင်

$
0
0
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင်းက ကွမ်းပင်အုပ်စု၊ ထိုးဝါးကျောင်းကျေးရွာမှာ ဇန်န၀ါရီလ ၂၂ ရက်နေ့က ထော်လာဂျီ တိမ်းမှောက်လို့ လူ ၂ ဦး သေဆုံးခဲ့ရာမှာ မောင်းသူ အစစ်မှာ စိုးမင်း ဖြစ်ပေမယ့် လွင်လွင်ဆိုပြီး ကား ပိုင်ရှင်က လူစားထိုးခဲ့တဲ့ ဖြစ်ရပ် တခု ဖြစ်ခဲ့ပါတယ်။ 



ယာဉ်တိမ်းမှောက်မှုကြောင့် လူသေဆုံးခဲ့ရတဲ့အပေါ် အခင်းဖြစ်တဲ့နေ့က အလောင်းတွေကို ကျေးရွာ ဥက္ကဌက ကား ပေါ် တင်လာပြီး ရဲ စခန်းကို မောင်းပို့ကာ လွင်လွင်အား ဒရိုက်ဘာ အဖြစ် အချုပ်မှာ ခဏနေပေးရန် ပြောဆိုခဲ့လို့ လွင်လွင် ဟာ အချုပ်မှာ ၀င်နေပေးခဲ့ရပါတယ်။ 

ယာဉ်မောင်း စိုးမင်း နေမကောင်းနေ၍ ခေတ္တ ခဏ ရဲစခန်း အချုပ်ခန်းမှာ ခဏနေပေးဖို့ ဥက္ကဌ ပြောခဲ့ ၍ နေပေးရသော် လည်း အခုထိ တောင်ငူ အမှတ် ၃ ရဲစခန်းမှာ အချုပ်ခန်းမှာ အချုပ်သားအဖြစ်နေရကာ အမှုကို ယာဉ်မောင်းအဖြစ် ရင်ဆိုင်နေရပါတယ်။ 

ထူးခြားမှုကတော့ လွင်လွင်ဆိုသူမှာ ကရင်လူမျိုးဖြစ်ပြီး တောင်ယာလုပ်ကိုင်စားသောက်သူဖြစ်ကာ ကား လည်း လုံးဝ မမောင်းတတ်ပါ။ 

ဒီမိုကရေစီကို လှမ်းလျှောက်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးဆိုတာ အလွန်အရေးကြီး ပြီး တရား ရေး စနစ်မှာ အခုလိုမျိုးဖြစ်ရပ်တွေ မရှိသင့်တော့လို့ ဧရာဝတီက တဆင့် အများသိအောင် တင်ပြပေးစေလိုပါတယ်။ 

သက်ဆိုင်ရာ စာရွက်များလည်း ပူးတွဲ တင်ပြပေးလိုက်စေလိုပါတယ်။ 


တရားရေးစနစ်ကို မှန်ကန်တိကျစေလိုသူများ။ 
 







Viewing all articles
Browse latest Browse all 5236

Trending Articles