Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပျောက်ဆုံးတောင်တက်သမား ၂ ဦး နဲ့ ဖြစ်နိုင်ချေ ၃ ခု

$
0
0

 ~




ခါကာဘိုရာဇီတောင်တက်သမားတွေ မြေပြင်အဖွဲ့နဲ့ အဆက်အသွယ် ပြတ်တောက်နေမှုမှာ ဖြစ်နိုင်ခြေ ၃ ခုရှိပါတယ် လို့ ဦးတေဇက ဆိုပါတယ်။

 




ပူတာအိုမြို့၊ ပန်နန်းဒင်ရောက်
ဦးတေဇကို ပလိုင်းလွယ်လျက် ဒီလို တွေ့ရပါတယ်။ (ဓာတ်ပုံကို ထူးဖောင်ဒေးရှင်းအွန်လိုင်းစာမျက်နှာက ယူပါတယ်)

၁။ လမ်းကြောင်းပျောက်သွားခြင်း၊
၂။ တောင်တက်သမား နှစ်ဦးလုံး ထိခိုက်ဒဏ်ရာရနေခြင်း
၃။  အန္တရာယ်များပြားလှတဲ့ တောင်တက်ခြင်းမှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရခြင်း


အဲဒီ ဖြစ်နိုင်ချေ ၃ ခု ရှိကြောင်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း ဦးဆောင်လုပ်ကိုင်နေတဲ့
ထူးဖောင်ဒေးရှင်း နာယက ဦးတေဇက သူ့ဖေ့စ်ဘုတ်မှာ ကြာသပတေးနေ့က ရေးပါတယ်။ရှာဖွေရေးလုပ်ငန်းများအတွက် တပ်မတော်လေရဲ့ MI 17 ရဟတ်ယာဉ်၊  ထူးဖောင်ဒေးရှင်းရဲ့ ရဟတ်ယာဉ်များ သုံးနေတယ်လို့လည်း ရေးထားပါတယ်။

ဦးတေဇရဲ့ ရေးသားထုတ်ပြန်ချက်ကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့ကတည်းက မြေပြင်အဖွဲ့နဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင် နှစ်ဦးကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သတင်းအတည်ပြုချက် ရလျင်ရခြင်း ရန်ကုန်မြို့ကနေ ပူတာအိုသို့ စက်တင်ဘာ ၁၀ ရက်နေ့မှာ မိမိရဲ့ကိုယ်ပိုင်လေယာဉ်ငယ်နဲ့ ချက်ခြင်းထွက်ခွာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ် မဒွယ်တောင် မတော်တဆဖြစ်စဉ်မှာ မိမိနဲ့အတူ သေမင်းခံတွင်းဝမှ အံတုရုန်းထွက်ရန် ကြိုးပမ်းခဲ့တဲ့ သူရဲကောင်းငါးဦး၊ သဘာဝခေါ်သံဖောင်ဒေးရှင်း၊ ထူးဖောင်ဒေးရှင်းမှ ကျွမ်းကျင်ပညာရှင်များနဲ့အတူ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖြစ်ပါတယ်။ ပူတာအိုကို ရောက်လျင်ရောက်ခြင်း စစ်ဗျူဟာမှူး၊ MI 17 လေယာဉ်မှူးများ၊ မိမိတို့ ထူးဖောင်ဒေးရှင်းမှ နီပေါနိုင်ငံမှာ ဧဝရက်တောင် တက်ရန်အတွက် training ပြုလုပ်ထားသော တောင်တက်အဖွဲ့ဝင်များ၊ နယ်မြေကျွမ်းကျင်သော ဒေသခံလမ်းပြများနဲ့ ကယ်ဆယ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခြင်းကို ပြုလုပ်ပါတယ်။

မိမိကိုယ်တိုင် အမြင့်ပေ ၁၅၀၀၀ ကျော်မြင့်တဲ့ မဒွယ်တောင်တန်းမှာ ရဟတ်ယာဉ် ပျက်ကျစဉ်က တွေ့ကြုံရတဲ့ အခက်အခဲများ၊ အသက်လုပြီး နေရတဲ့ အခြေအနေများကို ကိုယ်ချင်းစာမိပါတယ်။ ဒီအတွက်လည်း မိမိနဲ့ ထူးကုမ္ပဏီများအုပ်စု၊ ထူးဖောင်ဒေးရှင်းတို့ အနေနဲ့ အားဖြည့်ကူညီနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ထူးဖောင်ဒေးရှင်းမှ ရဟတ်ယာဉ်နှစ်စီး ပူတာအိုကို စက်တင်ဘာ ၁၀ ရက်နေ့မှာ ရောက်လာပါတယ်။ ထူးဖောင်ဒေးရှင်းအနေနဲ့ ထိရောက်တဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ရန်အတွက် ရဟတ်ယာဉ်များ အသုံးချမှာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ လေယာဉ်ဆီကို ရန်ကုန်မြို့ကနေ ပူတာအိုထိ Y8 လေယာဉ်များ အသုံးပြု တင်ပို့ရပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ ဆေးဝါးများ၊ ရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများကိုလည်း အစီအစဉ်ပြုလုပ်ပြီး ချက်ခြင်းတင်ပို့စေပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ရှေ့တန်းမှ မိမိကိုယ်တိုင် ဦးစီးဆောင်ရွက်နိုင်ရန်နဲ့ လိုအပ်တဲ့ ညွှန်ကြားချက်များ အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရန်အတွက် ပန်နန်းဒင်မြို့နယ်ခွဲသို့ ရဟတ်ယာဉ်များနဲ့ ယနေ့အားချင်းထွက်ခွာခဲ့ပါတယ်။ ပန်နန်းဒင်မြို့နယ်ခွဲဟာ ပူတာအိုမြို့မှ ခြေလျင်ခရီးနဲ့ ၇ ရက်ကြာ သွားရတဲ့ ခရီးဖြစ်ပါတယ်။ ယခု တပ်မတော်လေမှ MI 17 ရဟတ်ယာဉ်နဲ့ ထူးဖောင်ဒေးရှင်းမှ ရဟတ်ယာဉ်များဖြင့် ပစ္စည်းများသယ်ပို့ခြင်း ချက်ခြင်းဆောင်ရွက်ပါတယ်။ ယခုမိမိ ပန်နန်းဒင်မြို့နယ်ခွဲကို မိမိရဲ့ အဖွဲ့ဝင်များနဲ့အတူ အောင်မြင်ချောမွေ့စွာ ရောက်ရှိပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် စတင်လျက်ရှိပါတယ်။

လက်ရှိ ရာသီဥတုအခြေအနေဟာ မြန်မာနိုင်ငံမြောက်ဖျားစွန်းရွာဖြစ်တဲ့ ဒဟွန်ဒမ်းရွာနဲ့ တဝိုက်ဟာ မိုးတောက်လျှောက်ရွာနေသလို လက်ရှိမိမိတို့ရောက်နေတဲ့ ပန်နန်းဒင်မှာလည်း ရာသီဥတုအခြေအနေ ကြမ်းတမ်းပါတယ်။ ဆိုးရွားလှတဲ့ ရာသီဥတုကြားမှာ ရဟတ်ယာဉ်နဲ့ သွားရောက်ရခြင်းဟာ အသက်အန္တရာယ် များလှသလို စွန်စားမောင်းနှင်ပေးတဲ့ pilot များအတွက်လည်း ဂုဏ်ယူမိပါတယ်။ ခါကာဘိုရာဇီတောင်တက်သမားတွေ မြေပြင်အဖွဲ့နဲ့ အဆက်အသွယ် ပြတ်တောက်နေခြင်းဟာ ဖြစ်နိုင်ခြေ ၃ ခုရှိပါတယ်။ လမ်းကြောင်းပျောက်သွားခြင်း၊ တောင်တက်သမား နှစ်ဦးလုံး ထိခိုက်ဒဏ်ရာရနေခြင်းနဲ့ နောက်ဆုံးအချက်ကတော့ အန္တရာယ်များပြားလှတဲ့ တောင်တက်ခြင်းမှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရခြင်း ဖြစ်နိုင်ပါတယ်။ နောက်ဆုံးအချက်ဟာ အဆိုးရွားဆုံးအနေအထား ဖြစ်ပြီး မဖြစ်ပါစေနဲ့လို့ မိမိဆုတောင်းမိပါတယ်။

မိမိမျက်ရည်စို့ရတဲ့ သတင်းအရ တောင်တက်အဖွဲ့ဟာ ခါကာဘိုရာဇီတောင်ထွဋ်မှာ အောင်မြင်စွာ ခြေချနိုင်ချိန်မှာ မြန်မာနိုင်ငံတော်သီချင်းကို မြေပြင်အဖွဲ့နဲ့အတူ ဆိုနေခဲ့တယ်ဆိုတာပါပဲ။ ညီငယ်များ ကျန်းမာပါစေကြောင်းနဲ့ ဘေးအန္တရာယ်ကင်းပါစေလို့ပဲ မိမိဆုတောင်းရပါတော့မယ်။ နိုင်ငံတော်နဲ့အတူ ထူးကုမ္ပဏီများအုပ်စုဖြစ်တဲ့ AirBagan, AGD Bank, Aureum Palace Hotel, Myanmar Treasure Resorts, ထူးဖောင်ဒေးရှင်းတို့ဟာ အတတ်စွမ်းဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။



ဆက်စပ်သတင်း


http://www.irrawaddy.org/burma/trace-missing-burmese-climbers-search-continues.html

  • ရေခဲတောင်မှာပျောက်နေသူ ၂ ဦးရဲ့ မိသားစုများ ပူတာအိုသွား 
http://blog.irrawaddy.org/2014/09/blog-post_26.html
 



.

Viewing all articles
Browse latest Browse all 5236

Trending Articles