Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မူဆလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ဖိလစ်ပိုင်စီစဉ်နေ

$
0
0

 ~



ကက်သလစ်ခရစ်ယာန်အများစု နေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ မူဆလင်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူထောင်ရေး လုပ်ဆောင်ဖို့ သမ္မတက ကမ်းလှမ်းလိုက်ပါတယ်။
 




  • ဥပဒေကြမ်း ပေးအပ်တဲ့အခမ်းအနားမှာ လက်ခုပ်တီးနေတဲ့ ဖိလစ်ပိုင်သမ္မတ၊ လက်ဆွဲနှုတ်ဆက်နေကြတဲ့ Moroအဖွဲ့ စေ့စပ်ရေးခေါင်းဆောင် နဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌ (Photo: Reuters)


 ဒါဟာ လူတသိန်းခွဲ သေဆုံးခဲ့ရတဲ့ နှစ်ပေါင်း ၄ဝ ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ပစ်ရေးအတွက် ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်တပိုင်းတစပါပဲ လို့ ဧရာဝတီအွန်လိုင်း
 http://www.irrawaddy.org/asia/philippines-plans-give-muslims-autonomous-zone.htmlသတင်းမှာ ရေးပါတယ်။

ဒီအစီအစဉ်အတွက် ဥပဒေကြမ်းကို သမ္မတက လွှတ်တော်ကို တင်သွင်းထားပါတယ်။
အင်အား ၁၁,ဝဝဝ ရှိတဲ့၊ Moro Islamic Liberation Frontလို့ အမည်ရတဲ့ မူဆလင် သူပုန်အုပ်စုနဲ့ ဒီနှစ်ဆန်းပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူချက်တွေအရ ဒီဥပဒေကြမ်း  ဖြစ်လာခြင်းပါ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နိုင်ငံတောင်ဘက်ပိုင်း Mindanao ကျွန်းမှာ ဖြစ်ပါလိမ့်မယ်၊ အမည်ကိုတော့ Bangsamoro လို့ သတ်မှတ်ပါမယ်။
အဲဒီဒေသအတွက် လွှတ်တော်မှာ ကိုယ်စားလှယ် ၆ဝ ရှိမယ်၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ပညာရေးတို့လို ကဏ္ဍတွေအတွက်လည်း လုပ်ပိုင်ခွင့်ပြည့်ပြည့်ဝဝ ရပါမယ်။

ဒီကမ်းလှမ်းချက်ထဲမှာ ... အစ္စလာမ်ဘာသာရေးဆိုင်ရာ ဥပဒေ အဲဒီဒေသမှာ ပြဋ္ဌာန်းမယ်၊ မူဆလင် မဟုတ်သူတွေကတော့ နိုင်ငံရဲ့ ဥပဒေအတိုင်း လိုက်နာရမယ် ဆိုတာတွေ ပါပါတယ်။

Moroအဖွဲ့ကတော့ ဆီးရီးယား၊ အီရတ်တို့ဘက်မှာ ရှိတဲ့ IS အပါအဝင် အစွန်းရောက်အဖွဲ့များရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို ကန့်ကွက်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်းက မူဆလင်သူပုန်အုပ်စုလေးတွေထဲက အနည်းဆုံး ၃ ဖွဲ့ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတဲ့ သဘောတူညီချက်ကို လက်မခံပါ။
သီးခြား မူဆလင်နိုင်ငံ ထူထောင်နိုင်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ အခိုင်အမာ ဆိုထားကြပါတယ်။

အစိုးရက လာမယ့် ငါးနှစ် အဲဒီ တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေါ်လာသန်း ၄ဝဝ နီးပါး ချပေးမယ်လို့ ကတိပြုထားပါတယ်။
ပြည်တွင်းစစ်ကြောင့် အဲဒီဒေသ စီးပွားရေးအရလည်း အထိနာခဲ့ပါတယ် တဲ့။
အဲဒီမငြိမ်မသက်မှုအတွင်း သေဆုံးခဲ့တယ် ဆိုတဲ့ တသိန်းခွဲထဲမှာ လက်နက်ကိုင်သူတွေရော အရပ်သားတွေရော ပါပါတယ်။

အမေရိကန်နဲ့ အနောက်တိုင်းနိုင်ငံများက သူတို့နိုင်ငံတွေဘက်ကိုလည်း အစွန်းရောက်သမားတွေ အန္တရာယ်ပြုလာနိုင်ချေ ရှိတာကြောင့် အဲဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစီအစဉ်ကို တစိတ်တပိုင်း ထောက်ခံပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစီအစဉ် ဆိုတာကလည်း ဆွေးနွေးညှိနှိုင်းမှုတွေကို ၁၃ နှစ်ကြာ ခက်ခက်ခဲခဲ ပြုလုပ်ခဲ့အပြီး ထွက်ပေါ်လာတဲ့ သဘောတူညီချက်ပါ။

ဒီအစီအစဉ်နဲ့ပတ်သက်တဲ့ ဥပဒေကြမ်းက အထက်လွှတ်တော် အောက်လွှတ်တော်တို့မှာ သဘောတူကြဖွယ် ရှိပါတယ်။
လွှတ်တော် ၂ ခုစလုံးမှာ သမ္မတဘက်တော်သားတွေ ရှိနေလို့ပါပဲ။

ဥပဒေကြမ်းကို ဥပဒေကြောင်းအရ ကန့်ကွက်ဖွယ်ရှိတာကတော့ ခရစ်ယာန်နိုင်ငံရေးသမားတွေ၊ ခရစ်ယာန်အဖွဲ့တွေ ဖြစ်ပါတယ်။

၂ဝဝ၈ ခုနှစ်တုန်းက အစိုးရနဲ့ သူပုန်တွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုးဖို့အခြေအနေအထိ နီးစပ်ခဲ့ပါတယ်။
သို့သော်လည်း ခရစ်ယာန်နိုင်ငံရေးသမားတွေက ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဘယ်လောက် တရားဝင်သလဲ ဆိုပြီး ကန့်ကွက်ခဲ့ပြီးနောက်ပိုင်း ပွဲပျက်ခဲ့၊ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။
တိုက်ပွဲတွေ ပြန်ဖြစ်တဲ့အတွက် လူပေါင်းများစွာ သတ်ဖြတ်ခံရ၊ ကျေးလက်ဒေသပြည်သူအများအပြား ထွက်ပြေးခဲ့ရပါတယ်။

Philippines Plans to Give Muslims Autonomous Zone
 http://www.irrawaddy.org/asia/philippines-plans-give-muslims-autonomous-zone.html
 



.

Viewing all articles
Browse latest Browse all 5236

Trending Articles