Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မင်းသား ဝီလျံရဲ့ ကြင်ယာတော် ကက်သရင်း ဒုတိယကိုယ်ဝန်လွယ်ထား

$
0
0
ဗြိတိန် မင်းသား ဝီလျံရဲ့ ကြင်ယာတော် ကက်သရင်းမှာ ဒုတိယမြောက် ကလေး ကိုယ်ဝန် ဆောင် ထားရပြီလို့ Kensington နန်းတော်က ကြေညာလိုက်ပါတယ်။ 

 မင်းသား ဝီလျံ၊ ကြင်ယာတော် ကက်သရင်းနဲ့သားဦး ဂျော့ခ်ျ၊ ဓာတ်ပုံ- Oli Scarff/Getty Images

အခုလို ဒုတိယ ကိုယ်ဝန်လွယ်ထားရတယ်ဆိုတဲ့ မင်္ဂလာသတင်းကြောင့် ဘုရင်မကြီးနဲ့ နန်းတော်က မိသားစု တွေ ၀မ်းမြောက်ဝမ်းသာဖြစ်နေကြတယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြနေကြပါတယ်။ 

ဗြိတိန်ထီးနန်းကို ဆက်ခံဖို့ ဒုတိယနေရာမှာ ရှိနေတဲ့ ကင်းဗရစ်ခ်ျ မြို့စား မင်းသားဝီလျံနဲ့ ကြင်ယာတော် ကက်သရင်းတို့ဟာ သားဦး ဂျော့ခ်ျ ကို ၂၀၁၃ ခုနှစ်က မွေးဖွား ခဲ့တာပါ။ 

ဘီဘီစီသတင်းတပုဒ်မှာတော့ ကက်သရင်းဟာ ဒုတိယ ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာ သိခဲ့ရတာ
ကြောင့် မူလ က စီစဉ်ထားတဲ့ အခမ်းအနားတွေကို တက်ရောက်ဖို့ မဖြစ်နိုင်တော့ပဲ အစီအစဉ်တွေကို ဖျက်ခဲ့ရတယ်လို့ ဆိုပြီး ပထမ ကိုယ်ဝန်ဆောင်ခဲ့စဉ်က မအီမသာဖြစ်ခဲ့ရလို့ ဆေးကုသမှုတွေလည်း လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

မင်းသား ဝီလျံဟာ ဘုရင်မကြီးရဲ့သားတော် ချားလ်စ်မင်းသားနဲ့ ဒိုင်ယာနာမင်းသမီးတို့က မွေးဖွားခဲ့တဲ့ သား ၂ ဦး သားကြီး သြရသလည်းဖြစ်ပါတယ်။ 

ချားလ်စ်မင်းသားပြီးရင် နန်းဆက်ခံရမယ့် ဝီလျံမင်းသားနဲ့ ကြင်ယာတော် ကက်သရင်းတို့ရဲ့သားဦး
လေး ဂျော့ခ်ျ မွေးဖွားစဉ်ကလည်း ကမ္ဘာတဝန်း သတင်းမီဒီယာတွေက ဝေဝေဆာဆာဖော်ပြခဲ့ကြတာပါ။

  


အိမ့်သံစဉ် ~ 


 












Viewing all articles
Browse latest Browse all 5236

Trending Articles