Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးသိန်းစိန်နဲ့ ဒုတိယအကြိမ် သမ္မတ သက်တမ်း

$
0
0
သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့  ဥရောပခရီးစဉ်အတွင်း ဆွစ်ဇာလန် သတင်းဌာနနဲ့ အင်တာဗျူးမှာ ဦးသိန်းစိန်အနေနဲ့ သမ္မတ ဒုတိယ သက်တမ်း အတွက် ဆက်လက်ထမ်းဆောင်ဖို့ရှိလား လို့ မေးခွန်းကို ဖြေလိုက်ပုံက စိတ်ဝင်စားစရာနဲ့ အငြင်းအခုန်တွေဖြစ်နေပါပြီ။ 






ဦးသိန်းစိန်နဲ့ အင်တာဗျူးတဲ့ ဆွစ်ဇာလန် NZZ ရဲ့ သတင်းမှာ ဦးသိန်းစိန်ပြောတာကို အခုလို ရေးထားပါ တယ်။ 

 “To be honest, I’d like to retire. But you have to think about what’s best for the country and the people.” 

သမ္မတ ဦးသိန်းစိန်က သူ့အနေနဲ့ရိုးရိုးသားသားပြောရရင် အနားယူချင်တာပါတဲ့။ 

ဒါပေမယ့် နိုင်ငံနဲ့ပြည်သူအတွက် အကောင်းဆုံးက သူသာ သမ္မတ ဆက်ဖြစ်သင့်တယ်ဆိုရင် ဆက်လုပ် မယ့် သဘော ပြောဆိုထားတာပါ။ ဒီစကားမျိုး ဦးသိန်းစိန်ပြောတာ ဒါက ဒုတိယအကြိမ်ဖြစ်ပါတယ်။ အရင်ကလည်း အလားတူ အရိပ်အမြွက်ပြောခဲ့ဖူးပါတယ်။ 

ဒါဆို လာမယ့် ၂၀၁၅ ခုနှစ်အလွန် သမ္မတ ဖြစ်လိုတယ်လို့ အထင်အရှားပြောထား သူ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နဲ့အတူ သမ္မတ ဦးသိန်းစိန်က ဆက်လက် ပါဝင်နေမယ့် သဘောပါ။ 

တခါက သူရ ဦးရွှေမန်းက ပြောတာမှာတော့ ဦးသိန်းစိန်က လာမယ့် သမ္မတ သက်တမ်း ထမ်းဆောင်တော့ မှာ မဟုတ် ဘူး လို့ သူ့ကို ကတိပေးထားတယ်ဆိုတယ်။ 

အခုလို ဦးသိန်းစိန်က သမ္မတ သက်တမ်း ဆက်ထမ်းမယ့် အရိပ်လက္ခဏာပြတော့ သူရ ဦးရွှေမန်းလည်း ဘာပြောမယ် မသိ။ 

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရရေး ပုဒ်မ ၅၉ စ လုံးကလည်း အခုထိ ပြင်ဆင်ဖို့ အရိပ်အယောင် မရှိသေး။ 

လက်ရှိ မြန်မာ့အပြောင်းအလဲကို သမ္မတ ဦးသိန်းစိန်နဲ့ Team က ဦး ဆောင်လုပ်နေတာဆိုတော့ ဒီအရှိန် မပျက်စီးရေး သမ္မတ ဦးသိန်းစိန် သမ္မတအဖြစ် ဆက် တာဝန်ယူမယ် ဆိုရင် နိုင်ငံတကာ ထောက်ခံမှုကလည်း ဆက်ရနိုင်မယ်လို့ စစ်ခေါင်း ဆောင်တွေက မျှော်လင့်နေပုံရတယ်လို့   ဝေဖန်သုံးသပ်သူတချို့က
ပြောနေကြတယ်။ 

သမ္မတ ဦးသိန်းစိန်နဲ့ နောက်ထပ်သမ္မတ သက်တမ်း ကိစ္စ ဧရာဝတီ စာဖတ်ပရိသတ်တွေကရော ဘယ်လို အမြင်တွေ ရှိကြသလဲ ဆိုတာ လွတ်လပ်ယဉ်ကျေးစွာ ဆွေးနွေးနိုင်ပါတယ်။ 











Viewing all articles
Browse latest Browse all 5236

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


TTA Oreo Gapp Installer


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း