Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အမျိုးသမီးအတွင်းခံပစ္စည်းသစ် အကြမ်းဖက်အဖွဲ့နဲ့နာမည်တူနေ

$
0
0

 ~




 

အမျိုးသမီးအတွင်းခံထုတ်လုပ်ရေးလုပ်ငန်းတခုက သူတို့ရဲ့ကုန်ပစ္စည်းသစ်ကို  အိုင်ဇစ် - ISIS လို့ အမည်ပေးထားပါတယ်။




Islamic State of Iraq and Syria - ISIS 
ဆိုတာ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တခုရဲ့အမည်ပါ။ အခုတော့ Islamic State - ISလို့ နာမည်ကြီးပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အမေရိကန်စာနယ်ဇင်းသမားတယောက်ကို သတ်ဖြတ်ခဲ့တဲ့အဖွဲ့ပါ။ အဲဒီ
အကြမ်းဖက်လုပ်ရပ်ကိုတော့ http://blog.irrawaddy.org/2014/08/is.html မှာ ဖတ်ပြီးဖြစ်မှာပါ။ နိုင်ငံတကာ ရုပ်မြင်သံကြားတွေမှာ ဒီဖြစ်ရပ်နဲ့ နောက်ဆက်တွဲသတင်းတွေကို ခုချိန်ထိ အဆက်မပြတ် ထုတ်လွှင့်နေတာ တွေ့ရမှာပါ။

အကြမ်းဖက်အဖွဲ့နဲ့ ဆင်တူနေတဲ့ ဒီနာမည်ကြောင့် ဒီပစ္စည်း ရောင်းအား ကောင်းပါ့မလား။

ဘာကြောင့် ဒီနာမည်ကို ရွေးခဲ့ရတာလဲ။

 အမျိုးသမီးအတွင်းခံထုတ်လုပ်ရေးလုပ်ငန်းကတော့ ISIS ဆိုတဲ့ အမည်ဟာ ရှေးဟောင်းအီဂျစ်နတ်သမီးတပါးရဲ့အမည်ဖြစ်လို့ အဲဒါကို ယူခဲ့တာပါပဲ လို့ ရှင်းချက်ထုတ်ပါတယ်။
ဒီပစ္စည်းသစ်အတွက် ကာလအတန်ကြာကတည်းက ပြင်ဆင်ထားခဲ့တယ်လို့လည်း ရှင်းပါတယ်။

ဒီကာလမှာ မတော်တဆ တိုက်ဆိုင်တဲ့အတွက်လည်း စိတ်မကောင်းဖြစ်ကြရတာကို နားလည်တယ်၊ အကြမ်းဖက်လုပ်ငန်းကို ထောက်ခံဖို့ လုပ်ခဲ့တာ မဟုတ်သလို ကန့်ကွက်ဖို့ လုပ်ခဲ့တာလည်း မဟုတ်ပါဘူးလို့ ပြောပါတယ်။
စိတ်မကောင်းဖြစ်ကြရတာတွေအတွက် တောင်းပန်ပါတယ် တဲ့။

The Independent သတင်းစာရဲ့ ရင်းမြစ်တခုကတော့ ဈေးကွက်ထဲ ဒီထုတ်ကုန်သစ် ဖြန့်မယ့်အချိန်မှာ တံဆိပ်ကို ပြင်ဖို့က သိပ်နောက်ကျသွားပြီ၊ ဒီနာမည်ကို လွန်ခဲ့တဲ့ ၆ လ ကတည်းက ရွေးထားတာလို့ ဆိုပါတယ်။

ဒါကတော့ http://www.huffingtonpost.co.ukမှာ တွေ့ရတဲ့ သတင်းတပုဒ်ကို ကောက်နုတ်ဖော်ပြခြင်းပါ။

 ISISအမည်နဲ့ရေမွှေးတို့ ဘာတို့ လုပ်ငန်းရှင်အသီးသီး ထုတ်ခဲ့ပေမယ့်လည်း အရင်က ပြဿနာ မတက်ခဲ့ပါ။ အခုတော့ အကြမ်းဖက်အဖွဲ့ရဲ့ လတ်တလောဖြစ်စဉ်ကြီးတခုကြောင့် ရှင်းချက်ထုတ်နေရခြင်းပါ။

စိတ်မကောင်းစရာ အကြောင်းတိုင်ဆိုင်မှုပါပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

ဆက်စပ်
  • Southeast Asia Fears Militant Fallout as Mideast Conflict Widens
http://www.irrawaddy.org/asia/southeast-asia-fears-militant-fallout-mideast-conflict-widens.html
  • Is Southeast Asia Supplying Jihadists to the Middle East?
http://www.irrawaddy.org/asia/southeast-asia-supplying-jihadists-middle-east.html

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles