Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးရဲထွဋ်ရဲ့ နောက်ဆက်တွဲ တောင်းပန်မှု

$
0
0
မြန်မာအသင်း ဘရူးနိုင်းဘုရင့်ဖလား အနိုင်ရတာကို မပျော်နိုင်ဘူးလို့ ပြောဆိုခဲ့ပြီးနောက် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ရဲ့ နောက်ဆက်တွဲ တောင်းပန်မှုပါ။ ပွင့်လင်းမြင်သာမှုရှိဖို့ ဝန်ထမ်းအချင်းချင်း ဖုံးဖိထားတဲ့ စနစ်ဟောင်း က ရုန်းထွက်ဖို့ အတိအလင်းပြောဆိုထားတဲ့ မှတ်ချက်တွေ ပါဝင်ပါတယ်။ 



ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်မှာ အခုလို နောက်ဆက်တွဲ ပြောဆိုရှင်းလင်းချက်တွေ ရေးထားပါတယ်။ 

ကျွန်တော့်ပို့စ်အောက်မှာ Jules Win နဲ့အချို့သူတွေက တောင်းပန်ရင် ရပြီ၊ ၀န်ထမ်းများရဲ့ အားနည်းချက် ကို ထောက်မပြသင့်ဘူး။ အဲဒီလို ထောက်ပြခြင်းအားဖြင့် ကျန်တဲ့ ဝေဖန်သူများကို အားပေးသလိုဖြစ်လိမ့် မယ်လို့ ရေးထားတာ တွေ့ရပါတယ်။ အဲဒီအယူအဆကို ကျွန်တော်လက်မခံပါဘူး။ 

ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာကထဲက ကိုယ့်ဌာနတွင်းကိစ္စများ၊ အထူးသဖြင့် မှားယွင်းမှုများကို အချင်းချင်း ဖုံးဖိထားကြ၊ အရေးယူရရင်တောင် ကြိတ်ပြီးလုပ်ခဲ့ကြတဲ့ အတွက် တစ်ခါတစ်လေ ပြည်သူ မပြောနဲ့၊ ဌာနအကြီးအကဲတောင်မသိလိုက်တာ ရှိပါတယ်။ 

အဲဒီလို လုပ်ခဲ့တဲ့အတွက် နိုင်ငံဝန်ထမ်းများဟာ တာဝန်ခံမှုရဲ့ သဘောတရား ကို နားမလည်တော့ပါဘူး။ မိမိ ချို့ယွင်းအားနည်းချက်များအတွက် တောင်းပန်ဖို့ နေသာ သာ ဌာနကို လာရောက် ဆက်သွယ်လုပ်ကိုင် တဲ့ ပြည်သူကို မဖြစ်မနေ ပေးရမယ့်ဝန်ဆောင်မှုကိုတောင် ငါပေးမှ ဒင်းတို့ ရမှာ ဆိုတဲ့ စိတ်ဝင်လာ ပါတယ်။ 

ဒါဟာ အောက်ဆုံး ညစောင့်ဝန်ထမ်းကနေ ဌာနကြီးတစ်ခုလုံးကို တာဝန်ခံရတဲ့ ထိပ်ဆုံးအဆင့်ထိ ၀န်ထမ်း အများစုရဲ့ မသိစိတ်မှာ စွဲဝင်နေခဲ့တာဖြစ်ပါတယ်။

 နိုင်ငံတော်သမ္မတရဲ့ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု မှာ ပြည်သူဗဟိုပြုမူဝါဒ၊ ဗဟိုချုပ်ကိုင်မှု
လျှော့ရေးဆိုတာ အဲဒီအခြေအနေကို ပြောင်းလဲ ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ 

ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးဟာ ပွင့်လင်း မြင်သာ မှုနဲ့ ဝေဖန်ရေး၊ မိမိကိုယ်မိမိဝေဖန်ရေးကို မဖြစ်မနေ ဆောင်ရွက်ရ ပါလိမ့်မယ်။ 

တကယ်တော့ အခုလို အမှားဝန်ခံတဲ့စာကို ၀န်ကြီးက ရေးရမှာ မဟုတ်ပါ ဘူး။ သက်ဆိုင်ရာဌာနက သူဝန်ဆောင်မှုပေးရတဲ့ ပြည်သူကို တောင်းပန်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ထံက ဆင်ခြေတွေပဲ ကြားနေရလို့ ကျွန်တော် ကိုယ်တိုင် ၀င်တောင်းပန်ခဲ့ရတာပါ။  










Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား